ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား1

ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက မြင်နေပါတယ်။ လစ်ဘနွန် အစိုးရပိုင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ စီမံခန့်ခွဲမှု ညံဖျင်းတာကြောင့် ဒီလိုဖြစ်တာပဲလို့လည်း ဆိုနေကြပါတယ်။

ပြင်သစ်သမ္မတ မာခွန်က ဒီကနေ့မှာပဲ လက်ဘနွန်နိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံတကာ အကူအညီပေးရေး အတွက် အစိုးရပိုင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ လစ်ဘနွန် အစိုးရကတော့ အဲ့ဒိရေပေါ်ဆိပ်ကမ်း ဂိုဒေါင်တွေမှာ ၂၀၁၄ ခုနှစ်လောက် ကတည်းက သိုလှောင်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်တွေကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာပဲလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေကတော့ ဒီလိုဘေးမကင်းတဲ့ ဓာတုပစ္စည်းတွေကို လူနေထူထပ်တဲ့ အရပ်ဒေသမှာ လုံခြုံမှု မရှိဘဲ ဘာဖြစ်လို့ နှစ်ရှည်လများ သိုလှောင် ထားတာလဲ ဆိုတာကို မေးခွန် ထုတ်နေကြပါတယ်။

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား2

၂၀၁၅ တုန်းက ရှေ့နေတွေရဲ့ အစီရင်ခံစာ တစ်ခုမှာလည်း အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို လေလံပစ်ဖို့အတွက် ဆိပ်ကမ်းမှာ သိုလှောင် ထားတာတွေကို ရှင်းပစ်ဖို့အတွက် ဖော်ပြခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ်ဟာဆန်ဒီအက် ကတော့ အခုဖြစ်ပျက်သွားတဲ့ ပေါက်ကွဲမှုကြီးမှာ တာဝန်ရှိတဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်သွားမယ်လို့ ဆိုပေမဲ့ ပြည်သူတွေကတော့ ဆိပ်ကမ်း အရာရှိတွေထက် အဲ့ဒီဓာတုပစ္စည်းတွေကို ပိုင်ဆိုင်ပြီး ဆိပ်ကမ်းမှာ ပစ်ထားတဲ့ နောက်ကွယ်က လက်မဲကြီးတွေကိုပဲ လက်ညိုး ထိုးနေပါတယ်။

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား3

“ လက်ရှိ တိုင်းပြည်အာဏါကို ဆုတ်ကိုင်ထားတဲ့ လက်တစ်ဆုတ်စာ အထက်တန်းလွှာတွေရဲ့ နမော်နမဲ့ နိုင်မှု ဥပက္ခာ ပြုထားမှုတွေကြောင့် ဖြစ်တာပါ။ ရေပေါ်ဆိပ်ကမ်းတစ်ခုမှာ အဏုမြူဗုံးတစ်လုံး ပစ်ထားတာကို ဘယ်အထက်တန်းလွှာ တစ်ဦးတစ်ယောက်က ဖယ်ရှားပေးလဲ။

ဘယ်အာဏါရ ပုဂ္ဂိုလ်တစ်ဦးက ဂရုစိုက်ပြီး ပြောဖူးလဲ။ ဘယ်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က ဦးဆောင်ပြီး တားဆီးဖူးလဲ၊ ဘယ်သူ့ရဲ့ အကာအကွယ်မှ မရခဲ့ပါဘူး”လို့ ဒေသခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

မောင်ယဿ, REF: euronews, Photo; AFP

Zawgyi

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား

လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ ေရေပၚဆိပ္ကမ္းက ဂိုေထာင္ထဲမွာ ထားရွိတဲ့ ဓာတုပစၥည္ေတြ ေပါက္ကြဲမႈႀကီး ျဖစ္ၿပီး ေနာက္မွာေတာ့ ဆိပ္ကမ္း အာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းထားတယ္လို႔ သိရပါတယ္။

ကယ္ဆယ္ေရး လုပ္သားေတြရဲ႕ မွတ္တမ္းအရ ေသဆုံးသူ ၁၃၅ေယာက္ ရွိေနၿပီး လူ ၅၀၀၀ေက်ာ္ ဒဏ္ရာရကာ လူ၃သိန္း ေက်ာ္ အိုးမဲ့ အိမ္မဲ့ ျဖစ္သြားေစခဲ့တဲ့ ေပါက္ကြဲမႈႀကီးနဲ႔ ပတ္သက္လို႔ အစိုးရပိုင္းက အထက္တန္းလႊာေတြကို အကာအကြယ္ ေပးေနတယ္လို႔ အရပ္သားေတြက ယူဆတဲ့အတြက္ အားလုံး မေက်မနပ္ ျဖစ္ေနၾက ပါတယ္။

ဒီလို ေပါက္ကြဲႀကီးက မျဖစ္သင့္ဘဲ ျဖစ္ရတယ္လို႔ အရပ္သားေတြက ျမင္ေနပါတယ္။ လစ္ဘႏြန္ အစိုးရပိုင္းနဲ႔ ႏိုင္ငံေရးသမားေတြရဲ႕ စီမံခန႔္ခြဲမႈ ညံဖ်င္းတာေၾကာင့္ ဒီလိုျဖစ္တာပဲလို႔လည္း ဆိုေနၾကပါတယ္။

ျပင္သစ္သမၼတ မာခြန္က ဒီကေန႔မွာပဲ လက္ဘႏြန္ႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ႏိုင္ငံတကာ အကူအညီေပးေရး အတြက္ အစိုးရပိုင္းနဲ႔ ေဆြးေႏြးခဲ့ပါတယ္။ လစ္ဘႏြန္ အစိုးရကေတာ့ အဲ့ဒိေရေပၚဆိပ္ကမ္း ဂိုေဒါင္ေတြမွာ ၂၀၁၄ ခုႏွစ္ေလာက္ ကတည္းက သိုေလွာင္ထားတဲ့ အမိုနီယမ္ႏိုက္ထရိတ္ေတြေၾကာင့္ ေပါက္ကြဲမႈ ျဖစ္ခဲ့တာပဲလို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျပည္သူေတြကေတာ့ ဒီလိုေဘးမကင္းတဲ့ ဓာတုပစၥည္းေတြကို လူေနထူထပ္တဲ့ အရပ္ေဒသမွာ လုံၿခဳံမႈ မရွိဘဲ ဘာျဖစ္လို႔ ႏွစ္ရွည္လမ်ား သိုေလွာင္ ထားတာလဲ ဆိုတာကို ေမးခြန္ ထုတ္ေနၾကပါတယ္။

၂၀၁၅ တုန္းက ေရွ႕ေနေတြရဲ႕ အစီရင္ခံစာ တစ္ခုမွာလည္း အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကို ေလလံပစ္ဖို႔အတြက္ ဆိပ္ကမ္းမွာ သိုေလွာင္ ထားတာေတြကို ရွင္းပစ္ဖို႔အတြက္ ေဖာ္ျပခဲ့ဖူးပါတယ္။

ဝန္ႀကီးခ်ဳပ္ဟာဆန္ဒီအက္ ကေတာ့ အခုျဖစ္ပ်က္သြားတဲ့ ေပါက္ကြဲမႈႀကီးမွာ တာဝန္ရွိတဲ့သူေတြကို စုံစမ္းေဖာ္ထုတ္ၿပီး အျမင့္ဆုံး ျပစ္ဒဏ္ ခ်မွတ္သြားမယ္လို႔ ဆိုေပမဲ့ ျပည္သူေတြကေတာ့ ဆိပ္ကမ္း အရာရွိေတြထက္ အဲ့ဒီဓာတုပစၥည္းေတြကို ပိုင္ဆိုင္ၿပီး ဆိပ္ကမ္းမွာ ပစ္ထားတဲ့ ေနာက္ကြယ္က လက္မဲႀကီးေတြကိုပဲ လက္ညိဳး ထိုးေနပါတယ္။

“ လက္ရွိ တိုင္းျပည္အာဏါကို ဆုတ္ကိုင္ထားတဲ့ လက္တစ္ဆုတ္စာ အထက္တန္းလႊာေတြရဲ႕ နေမာ္နမဲ့ ႏိုင္မႈ ဥပကၡာ ျပဳထားမႈေတြေၾကာင့္ ျဖစ္တာပါ။ ေရေပၚဆိပ္ကမ္းတစ္ခုမွာ အဏုျမဴဗုံးတစ္လုံး ပစ္ထားတာကို ဘယ္အထက္တန္းလႊာ တစ္ဦးတစ္ေယာက္က ဖယ္ရွားေပးလဲ။

ဘယ္အာဏါရ ပုဂၢိဳလ္တစ္ဦးက ဂ႐ုစိုက္ၿပီး ေျပာဖူးလဲ။ ဘယ္ႏိုင္ငံေရးေခါင္းေဆာင္ တစ္ေယာက္က ဦးေဆာင္ၿပီး တားဆီးဖူးလဲ၊ ဘယ္သူ႔ရဲ႕ အကာအကြယ္မွ မရခဲ့ပါဘူး”လို႔ ေဒသခံ ျပည္သူတစ္ဦးက ဆိုပါတယ္။

ေမာင္ယႆ, REF: euronews, Photo; AFP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …