ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့
International-news
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့
မောင်ယဿ ( စက်တင်ဘာ ၁ )
မနေ့ညက အမေရိကန်တွေရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး ခွာစစ်ကို ဆင်နွဲနိုင်လို့ သမ္မတ ဘိုင်ဒန်က သူ့စစ်တပ်ကို ချီးကျူးမိန့်ခွန်းပြော နေစဉ်မှာ ကဘူး က တာလီဘန်တွေကလည်း မီးရှုးမီးပန်းတွေဖောက် သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး အမေရိကန်တွေရဲ့ နှစ် ၂၀ကြာ ကျူးကျော်မှုကို တော်လှန်နိုင်ပြီ ဖြစ်လို့ ပျော်ရွှင် နေကြချိန်မှာ ကဘူးလေဆိပ်နဲ့ မနီးမဝေးက အဆောက်အအုံတွေမှာ အာဖဂန်နိုင်ငံက ထွက်ခွာခွင့် ဗီဇာ စာအုပ်လေးတွေကိုင်ပြီး ခိုကိုးရာမဲ့ နေတဲ့သူတွေ ကတော့ သူတို့ရဲ့ မသေချာတဲ့ အနာဂတ်အတွက် စိုးရိမ်တကြီးနဲ့ သောကတွေပွေလီနေပါပြီ။
ဘိုင်ဒန်က “ ကျနော်တို့ အမေရိကန်နိုင်ငံသား ၁သိန်း ၂သောင်းကျော်ကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ အရှည်ကြာဆုံး စစ်ပွဲကို ရပ်တန့်နိုင်လိုက်ပါပြီ။
ကျနော်တို့ အမေရိကန်စစ်တပ်၊ သံတမန်တွေနဲ့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ ကျွမ်းကျင်မှု ၊ ရဲရင့်မှု ၊ ကိုယ်ကျိုးစွန့်မှု နဲ့သတ္တိ ကို ပြသနိုင်ခဲ့ပါတယ်” လို့ အိမ်ဖြူတော်ကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။
အဲ့ဒိအချိန်မှာပဲ ကဘူးမြို့ နေရာအနှံ့အပြားမှာ လွတ်လပ်ရေး အထိမ်း အမှတ် မီးရှုး မီးပန်းတွေဖောက် ၊ သေနတ်တွေ ပစ်ဖောက်ပြီး တာလီဘန်တွေက အောင်ပွဲခံနေပါတယ်။
တာလီဘန်နတ်ဝက်တစ်ခုရဲ့ စစ်ဦးစီးမှူး တစ်ဦးဖြစ်တဲ့ အာနက်ဟက်ကာနီ က “ ဒီကနေ့ ကျနော်တို့ ရရှိလိုက်တဲ့ အောင်မြင်မှုက ကျနော်တို့ရဲ့ တိုက်ခိုက်ရေး သမားပေါင်း များစွာ အသက် ၊ သွေး၊ ချွေး တွေပေးဆပ်ပြီးမှ ရခဲ့တာပါ။
သူတို့ရဲ့ သစ္စာရှိမှု ၊သည်းခံ စိတ်ရှည်မှု နဲ့ အခက်အခဲတွေကို မကြောက်မရွံ ရင်ဆိုင်ရဲမှုတွေကြောင့် ဒီလို လွတ်လပ်ရေးကို ရခဲ့တာပါ” လို့ ဆိုပါတယ်။
အဲ့ဒိအချိန်မှာ ပဲ ကဘူးမြို့ ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေယာဉ် ကွင်းနဲ့ မနီးမဝေးမှာ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် ဗီဇာလေးတွေကို ကိုင်ပြီး ခိုအောင်နေတဲ့ သူတွေခမျာ ကြောင်တောင်တောင် နဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေပါတယ်။
“ ကျနော်တို့ကို ကူညီနိုင်မယ့်သူ တစ်ယောက်မှ မရှိတော့ပါဘူးဗျာ၊ ပထမနေ့ကတည်း က ကျနော်တို့ မိန်းဂိတ်ကြီးကို သွားတယ်။ သူတို့ က ကျနော်တို့ ကိုနှင်ထုတ်တယ်။ ကျနော်ကိုင်ထားတဲ့ ဗီဇာက အီးယူဗီဇာ အစစ်ပါဗျာ။
ဒါပေမဲ့ ဘယ်သူကမှ ကျနော်တို့ကို ဦးစားမပေးကြပါဘူး ၊ ကျနော် ဂိတ်ပေါက်တွေကို တစ်ခုပြီး တစ်ခုသွားပြီး ကျနော်ဗီဇာပြပြီး လေယာဉ်ကွင်းထဲဝင်ခွင့်တောင်းတယ် ။
မရပါဘူး။ သူတို့ရဲ့ ဦးစားပေး အစီအစဉ်မှာ ကျနော်တို့ လို ဗီဇာသမားတွေ အားလုံး နီးပါး ကျန်ခဲ့ပါတယ်” လို့ အာဖဂန်သား အလီမိုဟာမတ် က ဆိုရှယ် မီဒီယာကနေ သူ့အကြောင်းကိုရေးတင်ခဲ့ပါတယ်။
ဒါတာင် အမေရိကန်နိုင်ငံသား ၂၀၀ လောက်ကျန်ခဲ့ပါသေးတယ်။ အဲ့ဒိကျန်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ဗီဇရပြီးသား အာဖဂန်သား တွေကို သံတမန်လမ်းကြောင်းကနေ တဆင့်ခေါ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။
REF: UPI,Photo :Credit  france 24
Zawgyi
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့
မောင်ယဿ ( စက်တင်ဘာ ၁ )
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့1
ဘိုင်ဒန် နဲ့ တာလီဘန်တွေ အောင်ပွဲ ခံနေချိန်မှာတော့ ဗီဇာစာအုပ်လေးနဲ့ လေယာဉ်ကွင်းမှာ ကျန်ခဲ့သူတွေ ကတော့ မျက်ရည်လည်ရွဲ နဲ့2
REF: UPI
Photo : france 24
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …