“ဘာေကာင္ႀကီးလဲ ဘဘ”
- By : Kaung Khant
- Category : Article

“ဘာေကာင္ႀကီးလဲ ဘဘ”
က်ေတာ္ ညည ထမင္းဘူးေတြ လိုက္ေဝရာမွာ အေနာ္ရထာ လမ္းနဲ႔ ၃၃ လမ္းထိပ္ ဆုံရာ ပလက္ေဖာင္းေပၚ နားခိုၾကတဲ့ အိမ္ေျခမဲ့ မိသားတစ္စုကို အၿမဲနီးပါး ဆုံရတယ္ ။
အၿမဲ နီးပါးလို႔ သုံးႏႈန္းရတာကေတာ့ မိုး႐ြာတဲ့ ေန႔မ်ိဳးေတြ ဒါမွမဟုတ္ ပလက္ေဖာင္းထက္ လူအသြားအလာ မ်ားေန ခဲ့ရင္ သူ႐ို႕မိသားစုကို မေတြ႕ ရတတ္ဘူး ။
က်ေတာ္ ေရွ႕ပိုင္းမွာ သူတို႔ မိသားစုအေၾကာင္း နည္းနည္း ပါးပါး ေရးဖူး ေသးတယ္ ။ မိသားစုလို႔ က်ေတာ္က ေရးေန တာ ။ တကယ္ေတာ့ ဖေအ မပါတဲ့ အိမ္ေျခမဲ့ မိသားစုေလး ပါပဲ ။
လမ္းေဘးေနလို႔သာ အိုစာတယ္ ထင္ရ ။ မေအက ရွိလွ ၃၀ ပတ္ခ်ာလည္ ေလာက္လို႔ ေတြးမိတယ္ ။ အႀကီးဆုံးက မိန္းကေလး။ ၆ ႏွစ္ မျပည့္တတ္ေသးဘူး ။ သူ႔ေအာက္မွာ ၄ ႏွစ္
ေလာက္ရွိမယ့္ ေယာက္်ားေလး တစ္ေယာက္ ။
သၾကၤန္ကာလ Covid ေၾကာင့္ ရန္ကုန္ၿမိဳ႕ႀကီး လူအသြားအလာ ကင္းခ်ိန္တုန္း ကဆို ပလက္ ေဖာင္းေပၚမွာ အဲဒီ ကေလး ၂ ေယာက္ ေျပးေျပးလႊားလႊား ေဆာ့ကစား ေနၾကေပါ့ ။ သူတို႔ဟာ အိုးဆိုတာ မသိ၊ အိမ္ဆိုတာလည္း မသိ ။ တကယ့္ကို အပူအပင္ ကင္းကင္း ေဆာ့ကစားေနၾကတာ ။
မိသားစု ၄ ေယာက္မွာ ေနာက္တစ္ေယာက္ ကေတာ့ ေမြးကင္းစ ႏို႔စို႔ အ႐ြယ္ေလးပဲ ။ လက္ေဖာင္းထက္ ခင္းထားတဲ့ စကၠဴ ကတ္ထူျပားေပၚ အႏွီးေလး ပတ္လ်က္သား ေတြ႕ရတတ္တယ္ ။ သူလည္း အပူအပင္ ဘာသိဦးမွာလဲေလ ။ ျဖဴစင္တဲ့ ကေလးေလး အ႐ြယ္ပဲ မဟုတ္လား ။
သူတို႔ မိသားစုကို စတင္ မွတ္မွတ္ထင္ထင္ ျဖစ္ရ တာကေတာ့ ႏို႔စို႔ အ႐ြယ္ လသားေလး ေဘးဖယ္ၿပီး ထမင္း ၃ ဘူး ေဝခဲ့ရာက တစ္ေန႔မွာ မေအ ျဖစ္သူက ေျပာတယ္ ။
“က်မတို႔ သားအမိ ၂ ဘူးဆို ေလာက္ပါတယ္”တဲ့ “က်န္တဲ့ သူေတြ ေဝေပး လိုက္ပါ”တဲ့ ။
က်ေတာ္ ေက်နပ္သြားတယ္ ။ အိုးမဲ့အိမ္မဲ့ ပလက္ေဖာင္းထက္ သူမ်ား ေပးစာကမ္းစာနဲ႔ ရွင္သန္ေနရ ေပမယ့္ ရွင္သန္ဖို႔ အတြက္ ေလာဘ မတက္ဘဲ တစ္ပါးသူကို ေပးလိုက္ပါ ဆိုတဲ့ စိတ္ေလးကို ေက်နပ္ မိတာပါပဲ ။
တစ္ခါကလည္း သူ႐ို႕တေတြကို ေတြ႕ေနၾက ေနရာမွာ မေတြ႕ရဘူး ။ ထမင္းဘူးေတြ ေဝငွလို႔ ကုန္ေတာ့မွ ဆူးေလ လူကူးတံတားေအာက္မွာ က်ေတာ့္ လက္ဗလာကို ဝမ္းပန္းတနည္း ၾကည့္ေနတဲ့ သူ႐ို႕မိသားစုကို ေတြ႕လိုက္ ရတယ္ ။
“ဘဘ မရွိေတာ့ဘူးလား ကုန္သြားၿပီလား”လို႔ ၄ ႏွစ္အ႐ြယ္ ခ်ာတိတ္ေလးက အေမာတေကာေမးေတာ့ က်ေတာ္ စိတ္မေကာင္းခဲ့ဘူး ။ ဆာေနေရာေပါ့ ။
တစ္ႀကိမ္ မွာလည္း သူတို႔ေတြ က်ေတာ္ ထမင္းဘူးေတြဆြဲၿပီး လာေနၾကလမ္းကို ေမွ်ာ္ေနတာ ေတြ႕ရတယ္ ။ က်ေတာ္လည္းေရာက္ေရာ ကေလးငယ္ေလးက ေျပာတယ္ ။
“ဗိုက္ဆာလို႔ ဘဘကို ေမွ်ာ္ေနတာ”
အဲဒီေန႔က ထမင္း ၁ ဘူး ပိုေပးေတာ့လည္း မယူဘူး။
၂ ဘူးဆို ေလာက္တယ္တဲ့ ။ တစ္ဘူး တျခားသူကို ေပးလိုက္ ပါတဲ့ ။
ခုေနာက္ပိုင္းေတာ့ ရန္ကုန္ၿမိဳ႕ႀကီး လူေတြ ျပန္စည္ကား လာတာရယ္၊ မိုးေတြ ႐ြာတာရယ္ေၾကာင့္ က်ေတာ္ ထမင္းဘူး လိုက္ေဝတဲ့အခ်ိန္ သူတို႔မိသားစုနဲ႔ မဆုံတာ ၂ ရက္ ေလာက္ ရွိခဲ့ၿပီ ။
က်ေတာ္ ဒီလို Covid ကာလ အမ်ားသူငါ ဒါနေတြနဲ႔ ဧၿပီ ၂၀ ကစ အလႉရွင္မ်ား ပူးေပါင္းမႈေၾကာင့္ ထမင္းဘူးေတြ မွ်ေဝခဲ့ တာမွာ သူတို႔ သားအမိေတြကို ေန႔စဥ္ နီးပါး ႀကဳံခဲ့ ရတာဆိုေတာ့ မေတြ႕ရတဲ့ ရက္ေတြဆို စိတ္မေကာင္း ျဖစ္ရတာ အမွန္ပဲ ။ ဒါေပမယ့္ ဘဝဆိုတာ ဆင္းဆင္းရဲရဲ၊ ခ်မ္းခ်မ္း သာသာ သူ႔အေၾကာင္းနဲ႔သူ ဘယ္သူက ဘာတတ္ ႏိုင္မွာမို႔လဲ ။
ဒီေန႔ေတာ့ သူ႐ို႕သားအမိ တစ္စုကို ဆုံလိုက္ရတယ္ ။ က်ေတာ့္ကို ေတြ႕ေတာ့ ကေလးေတြက ဟိုမွာ ဘဘ ဘဘလို႔ ဝမ္းပန္းတသာ ေအာ္ၾကတယ္ ။
က်ေတာ္ လက္ထဲက အထုပ္ကိုခ် ။ ကြၽတ္ကြၽတ္ အိတ္ထဲက ထမင္း ၂ ဘူး ထုတ္ေပးေတာ့ ကေလးေတြေရာ၊ မေအေရာ ခ်က္ခ်င္းကို စားဖို႔ ျပင္ၾက ေတာ့တာပဲ ။ ဆာေနၾကတယ္ ထင္ရဲ႕။ အဲဒီ အခ်ိန္မွာ ထမင္းဘူးကို ဖြင့္ၿပီး ေကာ္ဇြန္းကို အားပါးတရ ကိုင္ထားတဲ့ ကေလးငယ္က က်ေတာ့္ကို လွမ္းေမးတယ္ ။
“ဘဘ ဒါ ဘာေကာင္ႀကီးလဲဟင္”
က်ေတာ္ ဘယ္လို ေျဖရမယ္မွန္း မသိဘူး ။ ရင္ထဲလည္း အေတာ္ ဆို႔နင့္သြားတယ္ ။ က်ေတာ္ ဒီေန႔ တစ္ပိႆာ က်ပ္ ၂ ေသာင္း ၅ ေထာင္ ေပးရတဲ့ ပုဇြန္ထုပ္ကို ခရမ္း ခ်ဥ္သီးေလးနဲ႔ ဆီက်န္ေရက်န္ေလး ခ်က္ထားတာေလ ။
ထမင္းဘူး ေဝၿပီး ျပန္တာလာတယ္ ။ ဘဘ ဒါဘာေကာင္ ႀကီးလဲဟင္ဆိုတဲ့ ကေလးငယ္ရဲ႕အသံ ေမ့လို႔မရဘူး ။
“ဘယ္သူမွ မတတ္ႏိုင္ဘူး ကေလးေရ”
ဘဘလည္း စိတ္မေကာင္း႐ုံက လြဲလို႔ေပါ့ ။
Ko U Swe
Unicode
“ဘာကောင်ကြီးလဲ ဘဘ”
ကျတော် ညည ထမင်းဘူးတွေ လိုက်ဝေရာမှာ အနော်ရထာ လမ်းနဲ့ ၃၃ လမ်းထိပ် ဆုံရာ ပလက်ဖောင်းပေါ် နားခိုကြတဲ့ အိမ်ခြေမဲ့ မိသားတစ်စုကို အမြဲနီးပါး ဆုံရတယ် ။
အမြဲ နီးပါးလို့ သုံးနှုန်းရတာကတော့ မိုးရွာတဲ့ နေ့မျိုးတွေ ဒါမှမဟုတ် ပလက်ဖောင်းထက် လူအသွားအလာ များနေ ခဲ့ရင် သူရို့မိသားစုကို မတွေ့ ရတတ်ဘူး ။
ကျတော် ရှေ့ပိုင်းမှာ သူတို့ မိသားစုအကြောင်း နည်းနည်း ပါးပါး ရေးဖူး သေးတယ် ။ မိသားစုလို့ ကျတော်က ရေးနေ တာ ။ တကယ်တော့ ဖအေ မပါတဲ့ အိမ်ခြေမဲ့ မိသားစုလေး ပါပဲ ။
လမ်းဘေးနေလို့သာ အိုစာတယ် ထင်ရ ။ မအေက ရှိလှ ၃၀ ပတ်ချာလည် လောက်လို့ တွေးမိတယ် ။ အကြီးဆုံးက မိန်းကလေး။ ၆ နှစ် မပြည့်တတ်သေးဘူး ။ သူ့အောက်မှာ ၄ နှစ်
လောက်ရှိမယ့် ယောက်ျားလေး တစ်ယောက် ။
သင်္ကြန်ကာလ Covid ကြောင့် ရန်ကုန်မြို့ကြီး လူအသွားအလာ ကင်းချိန်တုန်း ကဆို ပလက် ဖောင်းပေါ်မှာ အဲဒီ ကလေး ၂ ယောက် ပြေးပြေးလွှားလွှား ဆော့ကစား နေကြပေါ့ ။ သူတို့ဟာ အိုးဆိုတာ မသိ၊ အိမ်ဆိုတာလည်း မသိ ။ တကယ့်ကို အပူအပင် ကင်းကင်း ဆော့ကစားနေကြတာ ။
မိသားစု ၄ ယောက်မှာ နောက်တစ်ယောက် ကတော့ မွေးကင်းစ နို့စို့ အရွယ်လေးပဲ ။ လက်ဖောင်းထက် ခင်းထားတဲ့ စက္ကူ ကတ်ထူပြားပေါ် အနှီးလေး ပတ်လျက်သား တွေ့ရတတ်တယ် ။ သူလည်း အပူအပင် ဘာသိဦးမှာလဲလေ ။ ဖြူစင်တဲ့ ကလေးလေး အရွယ်ပဲ မဟုတ်လား ။
သူတို့ မိသားစုကို စတင် မှတ်မှတ်ထင်ထင် ဖြစ်ရ တာကတော့ နို့စို့ အရွယ် လသားလေး ဘေးဖယ်ပြီး ထမင်း ၃ ဘူး ဝေခဲ့ရာက တစ်နေ့မှာ မအေ ဖြစ်သူက ပြောတယ် ။
“ကျမတို့ သားအမိ ၂ ဘူးဆို လောက်ပါတယ်”တဲ့ “ကျန်တဲ့ သူတွေ ဝေပေး လိုက်ပါ”တဲ့ ။
ကျတော် ကျေနပ်သွားတယ် ။ အိုးမဲ့အိမ်မဲ့ ပလက်ဖောင်းထက် သူများ ပေးစာကမ်းစာနဲ့ ရှင်သန်နေရ ပေမယ့် ရှင်သန်ဖို့ အတွက် လောဘ မတက်ဘဲ တစ်ပါးသူကို ပေးလိုက်ပါ ဆိုတဲ့ စိတ်လေးကို ကျေနပ် မိတာပါပဲ ။
တစ်ခါကလည်း သူရို့တတွေကို တွေ့နေကြ နေရာမှာ မတွေ့ရဘူး ။ ထမင်းဘူးတွေ ဝေငှလို့ ကုန်တော့မှ ဆူးလေ လူကူးတံတားအောက်မှာ ကျတော့် လက်ဗလာကို ဝမ်းပန်းတနည်း ကြည့်နေတဲ့ သူရို့မိသားစုကို တွေ့လိုက် ရတယ် ။
“ဘဘ မရှိတော့ဘူးလား ကုန်သွားပြီလား”လို့ ၄ နှစ်အရွယ် ချာတိတ်လေးက အမောတကောမေးတော့ ကျတော် စိတ်မကောင်းခဲ့ဘူး ။ ဆာနေရောပေါ့ ။
တစ်ကြိမ် မှာလည်း သူတို့တွေ ကျတော် ထမင်းဘူးတွေဆွဲပြီး လာနေကြလမ်းကို မျှော်နေတာ တွေ့ရတယ် ။ ကျတော်လည်းရောက်ရော ကလေးငယ်လေးက ပြောတယ် ။
“ဗိုက်ဆာလို့ ဘဘကို မျှော်နေတာ”
အဲဒီနေ့က ထမင်း ၁ ဘူး ပိုပေးတော့လည်း မယူဘူး။
၂ ဘူးဆို လောက်တယ်တဲ့ ။ တစ်ဘူး တခြားသူကို ပေးလိုက် ပါတဲ့ ။
ခုနောက်ပိုင်းတော့ ရန်ကုန်မြို့ကြီး လူတွေ ပြန်စည်ကား လာတာရယ်၊ မိုးတွေ ရွာတာရယ်ကြောင့် ကျတော် ထမင်းဘူး လိုက်ဝေတဲ့အချိန် သူတို့မိသားစုနဲ့ မဆုံတာ ၂ ရက် လောက် ရှိခဲ့ပြီ ။
ကျတော် ဒီလို Covid ကာလ အများသူငါ ဒါနတွေနဲ့ ဧပြီ ၂၀ ကစ အလှူရှင်များ ပူးပေါင်းမှုကြောင့် ထမင်းဘူးတွေ မျှဝေခဲ့ တာမှာ သူတို့ သားအမိတွေကို နေ့စဉ် နီးပါး ကြုံခဲ့ ရတာဆိုတော့ မတွေ့ရတဲ့ ရက်တွေဆို စိတ်မကောင်း ဖြစ်ရတာ အမှန်ပဲ ။ ဒါပေမယ့် ဘဝဆိုတာ ဆင်းဆင်းရဲရဲ၊ ချမ်းချမ်း သာသာ သူ့အကြောင်းနဲ့သူ ဘယ်သူက ဘာတတ် နိုင်မှာမို့လဲ ။
ဒီနေ့တော့ သူရို့သားအမိ တစ်စုကို ဆုံလိုက်ရတယ် ။ ကျတော့်ကို တွေ့တော့ ကလေးတွေက ဟိုမှာ ဘဘ ဘဘလို့ ဝမ်းပန်းတသာ အော်ကြတယ် ။
ကျတော် လက်ထဲက အထုပ်ကိုချ ။ ကျွတ်ကျွတ် အိတ်ထဲက ထမင်း ၂ ဘူး ထုတ်ပေးတော့ ကလေးတွေရော၊ မအေရော ချက်ချင်းကို စားဖို့ ပြင်ကြ တော့တာပဲ ။ ဆာနေကြတယ် ထင်ရဲ့။ အဲဒီ အချိန်မှာ ထမင်းဘူးကို ဖွင့်ပြီး ကော်ဇွန်းကို အားပါးတရ ကိုင်ထားတဲ့ ကလေးငယ်က ကျတော့်ကို လှမ်းမေးတယ် ။
“ဘဘ ဒါ ဘာကောင်ကြီးလဲဟင်”
ကျတော် ဘယ်လို ဖြေရမယ်မှန်း မသိဘူး ။ ရင်ထဲလည်း အတော် ဆို့နင့်သွားတယ် ။ ကျတော် ဒီနေ့ တစ်ပိဿာ ကျပ် ၂ သောင်း ၅ ထောင် ပေးရတဲ့ ပုဇွန်ထုပ်ကို ခရမ်း ချဉ်သီးလေးနဲ့ ဆီကျန်ရေကျန်လေး ချက်ထားတာလေ ။
ထမင်းဘူး ဝေပြီး ပြန်တာလာတယ် ။ ဘဘ ဒါဘာကောင် ကြီးလဲဟင်ဆိုတဲ့ ကလေးငယ်ရဲ့အသံ မေ့လို့မရဘူး ။
“ဘယ်သူမှ မတတ်နိုင်ဘူး ကလေးရေ”
ဘဘလည်း စိတ်မကောင်းရုံက လွဲလို့ပေါ့ ။
Ko U Swe
No Comments