ဘာသာေရး ဆိုင္ရာ စုေဝးမႈေၾကာင့္ မေလးရွားမွာ ကိုဗစ္ေရာဂါကူးစက္မႈ ပိုမိုမ်ား

ဘာသာေရး ဆိုင္ရာ စုေဝးမႈေၾကာင့္ မေလးရွားမွာ ကိုဗစ္ေရာဂါကူးစက္မႈ ပိုမိုမ်ား
International-news

ဘာသာေရး ဆိုင္ရာ စုေဝးမႈေၾကာင့္ မေလးရွားမွာ ကိုဗစ္ေရာဂါကူးစက္မႈ ပိုမိုမ်ား

မေလးရွားႏိုင္ငံမွာ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၄ေယာက္တိုးလာပါတယ္။ ေသဆုံးသူေတြရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို လိုက္ရာမွသိလိုက္ ရသည့္အခ်က္က သူတို႔က လူစုလိုက္ဝတ္ျပဳဆုေတာင္းတဲ့ အေလ့အထ ရွိသူမ်ား ျဖစ္ေၾကာင္းသိရပါတယ္။ အခုဆိုရင္ မေလးရွားမွာ ဧၿပီလ ၄ ရက္ေန႔ တစ္ရက္တည္း ကိုဗစ္-၁၉ ေၾကာင့္ ေဆး႐ုံတက္ရ သူ ၁၅၀ ရွိၿပီ ။

အဲ့ဒိထဲက ၈၀ မွာ ဝတ္ျပဳဆုေတာင္း တဲ့ေနရာက ကူးစက္လာၾက သူမ်ားျဖစ္တယ္ လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စုံစမ္းစစ္ေဆးမႈမ်ားေၾကာင့္ သိရပါတယ္။ မေလးရွားမွာ ေကာ္႐ိုနာဗိုင္းရက္ ကူးစက္ခံရသူ ၃၄၃၈ ဦးရွိေနၿပီး ဗိုင္းရက္ေၾကာင့္ေသဆုံးသူ ၅၇ဦးရွိၿပီျဖစ္ပါတယ္။ လတ္တေလာေသဆုံးသူ ၄ဦးက အသက္ ၆၀ကေန ၈၀အတြင္း ျဖစ္ၿပီး နဂို အသက္ရႈလမ္းေၾကာင္းဆိုင္ရာ နာတာရွည္ေရာဂါရွိ ၾကသူမ်ားျဖစ္ပါတယ္ ။

ဒီတပတ္အတြင္းမွာ ေဆး႐ုံက ဆင္းရသူ ၈၈ ဦးရွိၿပီး လုံ၀ ေနျပန္ေကာင္းသြားသူ စုစုေပါင္း ၉၁၅ ေယာက္ရွိေနပါ တယ္ ။ ေဆး႐ုံတင္ထားရတဲ့ လူနာေတြထဲက ၉၉ ေယာက္က အေရးေပၚခန္းထဲမွာ ထည့္ထားရၿပီး ၅၀ဦးကိုေတာ့ ေလးေပးစက္ခန္းထဲမွာ ထည့္ထားပါတယ္ ။

မေလးရွားမွာျဖစ္တဲ့ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈေတြက ဘာသာေရးဆိုင္ရာ လူစုလူေဝး ျပဳမႈေၾကာင့္ အဓိကျဖစ္ရတာပါ ။ ေရာဂါကူးစက္ ခံရသူ အမ်ားစုက ဆရီပတ္တာလင္း ဗလီ ကေနကူးစက္ ေနတာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၂၇ ရက္ကေန မတ္လ၁ ရက္ေန႔အထိ ျပဳလုပ္ခဲ့တဲ့ ၎ ဝတ္ျပဳပြဲကို ဘ႐ူႏိုင္း စင္ကာပူ ကေမာၻဒီယား ကေန ဝတ္ျပဳသူမ်ားနဲ႔ မေလးရွားဝတ္ျပဳသူမ်ား စုစုေပါင္း ၁၆၀၀၀ ေက်ာ္ တက္ေရာက္ ခဲ့ပါတယ္ ။

မေလးရွားက ေကာ္႐ိုနာဗိုင္းရက္ ျပန႔္ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ ပထမအဆင့္ ခရီးသြားလာခြင့္ထိန္ခ်ဳပ္မႈအမိန႔္ ကို မတ္လ ၁၈ ရက္ကေန ၃၁ရက္ေန႔အထိ သက္မွတ္ခဲ့ပါတယ္။ ေရာဂါျပန႔္ႏွံ႔မႈ ေလွ်ာ့က်ျခင္းထိေရာက္မႈျဖစ္သျဖင့္ ဒုတိယအဆင့္ ခရီးသြားလာခြင့္ ထိန္းခ်ဳပ္မႈအမိန႔္ ကို ဧၿပီ ၁ ရက္ကေန ၁၄ ရက္အထိ ထပ္မံ သက္မွတ္ခဲ့ပါတယ္ ။ အမိန႔္ကို ထုတ္ထား ေသာ္လည္း ဘာသာေရး ဆိုင္ရာ စုေဝးမႈကို မထိန္းခ်ဳပ္ ႏိုင္လို႔ ကူးစက္မႈက ေလွ်ာ့က် သင့္သေလာက္ မေလွ်ာ့က်ႏိုင္ဘူး ျဖစ္ေနပါတယ္ ။

ေမာင္ယႆ

ကိုးကား- channel news asia / ဓာတ္ပုံ- whtc

Unicode

ဘာသာရေး ဆိုင်ရာ စုဝေးမှုကြောင့် မလေးရှားမှာ ကိုဗစ်ရောဂါကူးစက်မှု ပိုမိုများ

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နောက်ထပ် ၄ယောက်တိုးလာပါတယ်။ သေဆုံးသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ရာမှသိလိုက် ရသည့်အချက်က သူတို့က လူစုလိုက်ဝတ်ပြုဆုတောင်းတဲ့ အလေ့အထ ရှိသူများ ဖြစ်ကြောင်းသိရပါတယ်။ အခုဆိုရင် မလေးရှားမှာ ဧပြီလ ၄ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရ သူ ၁၅၀ ရှိပြီ ။

အဲ့ဒိထဲက ၈၀ မှာ ဝတ်ပြုဆုတောင်း တဲ့နေရာက ကူးစက်လာကြ သူများဖြစ်တယ် လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုများကြောင့် သိရပါတယ်။ မလေးရှားမှာ ကော်ရိုနာဗိုင်းရက် ကူးစက်ခံရသူ ၃၄၃၈ ဦးရှိနေပြီး ဗိုင်းရက်ကြောင့်သေဆုံးသူ ၅၇ဦးရှိပြီဖြစ်ပါတယ်။ လတ်တလောသေဆုံးသူ ၄ဦးက အသက် ၆၀ကနေ ၈၀အတွင်း ဖြစ်ပြီး နဂို အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါရှိ ကြသူများဖြစ်ပါတယ် ။

ဒီတပတ်အတွင်းမှာ ဆေးရုံက ဆင်းရသူ ၈၈ ဦးရှိပြီး လုံ၀ နေပြန်ကောင်းသွားသူ စုစုပေါင်း ၉၁၅ ယောက်ရှိနေပါ တယ် ။ ဆေးရုံတင်ထားရတဲ့ လူနာတွေထဲက ၉၉ ယောက်က အရေးပေါ်ခန်းထဲမှာ ထည့်ထားရပြီး ၅၀ဦးကိုတော့ လေးပေးစက်ခန်းထဲမှာ ထည့်ထားပါတယ် ။

မလေးရှားမှာဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေက ဘာသာရေးဆိုင်ရာ လူစုလူဝေး ပြုမှုကြောင့် အဓိကဖြစ်ရတာပါ ။ ရောဂါကူးစက် ခံရသူ အများစုက ဆရီပတ်တာလင်း ဗလီ ကနေကူးစက် နေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ၎င်း ဝတ်ပြုပွဲကို ဘရူနိုင်း စင်ကာပူ ကမ္ဘောဒီယား ကနေ ဝတ်ပြုသူများနဲ့ မလေးရှားဝတ်ပြုသူများ စုစုပေါင်း ၁၆၀၀၀ ကျော် တက်ရောက် ခဲ့ပါတယ် ။

မလေးရှားက ကော်ရိုနာဗိုင်းရက် ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ပထမအဆင့် ခရီးသွားလာခွင့်ထိန်ချုပ်မှုအမိန့် ကို မတ်လ ၁၈ ရက်ကနေ ၃၁ရက်နေ့အထိ သက်မှတ်ခဲ့ပါတယ်။ ရောဂါပြန့်နှံ့မှု လျှော့ကျခြင်းထိရောက်မှုဖြစ်သဖြင့် ဒုတိယအဆင့် ခရီးသွားလာခွင့် ထိန်းချုပ်မှုအမိန့် ကို ဧပြီ ၁ ရက်ကနေ ၁၄ ရက်အထိ ထပ်မံ သက်မှတ်ခဲ့ပါတယ် ။ အမိန့်ကို ထုတ်ထား သော်လည်း ဘာသာရေး ဆိုင်ရာ စုဝေးမှုကို မထိန်းချုပ် နိုင်လို့ ကူးစက်မှုက လျှော့ကျ သင့်သလောက် မလျှော့ကျနိုင်ဘူး ဖြစ်နေပါတယ် ။

မောင်ယဿ

ကိုးကား- channel news asia / ဓာတ်ပုံ- whtc

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …