ဘာစီလိုနာအသင္းကို လူျပတ္အသင္းလို႔ ေဝဖန္

ဘာစီလိုနာအသင္းကို လူျပတ္အသင္းလို႔ ေဝဖန္
Knowledge

ဘာစီလိုနာအသင္းကို လူျပတ္အသင္းလို႔ ေဝဖန္

ၿပီးခဲ့တဲ့ ၾကာသပေတး ညက ကိုပါ ဖလားပြဲမွာ ဘီဘာအိုအသင္းကို ၁-ဝ ဂိုးနဲ႔ ရႈံးသြားၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့ ဘာစီလိုနာအသင္းကို ဘာစီလိုနာ ကစားသမားေဟာင္း ျပင္သစ္သား ခရစ္စတိုဖီ ဒူဂါရီက လူျပတ္အသင္းလို႔ ေဝဖန္ တိုက္ခိုက္ လိုက္ပါတယ္။ ဘာကာတိုက္ စစ္မႉး အူစမန္နီဒန္ဘီလီ ထိခိုက္ ဒဏ္ရာ ရထားလို႔ ရက္ရွည္ အနားယူရမွာကို သိသိနဲ႔ ဇန္နဝါရီေဈးကြက္တုန္းက တိုက္စစ္မႉးေကာင္း တစ္ေယာက္ မဝယ္ကတည္းက ဘာကာအသင္း ဒါ႐ိုက္တာ အဖြဲ႕ကို ဝိုင္း အျပစ္တင္ေနၾကပါတယ္။

အဲ့ဒီအထဲမွာ အားကစားနည္း စနစ္ ဒါ႐ိုက္တာ အီရစ္ အဘီဒယ္က ဘာကာကစားသမားေတြက အားႀကိဳး မာန္တက္မရွိၾကဘူး လို႔ ေဝဖန္ ျပစ္တင္မႈ လုပ္တဲ့အခါ အာဂ်င္ တီးနား ကစားသမား မက္ဆီကို ေဒါသ ဆြေပးသလို ျဖစ္ၿပီး အေျခအတင္ေတြ ျဖစ္ခဲ့ရပါတယ္။ အခုေတာ့ မက္ဆီက ဒီရာသီကုန္လို႔ စာခ်ဳပ္သက္တမ္း ျပည့္ရင္ အသင္းက ထြက္ေတာ့မယ္လို႔ စာ တင္ထားပါတယ္။

၁၉၉၇-၉၈ ေဘာလုံးရာသီမွာ ဘာကာမွာ ကစားခဲ့တဲ့ ဒူကရီက လက္ရွိ ဘာကာကစားေနတဲ့ပုံစံကို ျပင္းျပင္းထန္ထန္ ေဝဖန္ လိုက္ပါတယ္။ “အသင္းကို ၾကည့္လိုက္ပါဦး လူျပတ္ေတြခ်ည္းပဲ၊ ေနာက္ျပန္ေပး ကစားေနတာနဲ႔ ပြဲကို အသက္မဲ့ေအာင္ လုပ္ေနၾကတယ္။ သူတို႔ေတြက ကူတင္ဟိုကို ဝယ္တယ္။ ဒန္ဘီလီကို ဝယ္ တယ္။ ၿပီးေတာ့ ျပန္ေရာင္းထုတ္ဖို႔ ပဲစဥ္းစား ေနၾကတယ္။ ကလပ္အသင္းကို လူအထင္ႀကီးေအာင္ လုပ္ဖို႔အတြက္ ဘာအစီ အစဥ္မွမရွိဘူး ။

အေရာင္းအဝယ္ကာလ ေရာက္တိုင္း ဘာကာမွာ ျပႆနာ အၿမဲတက္ေနေတာ့ တာပါပဲ။ ဇာဗီတို႔ အင္နီေရစတာတို႔ ထြက္သြားၿပီးကတည္းက လူသစ္စုတာ အမွားႀကီးေတြပဲ လုပ္ေနတယ္။ အသင္းက ပုံရိပ္က်လာတယ္။ လူမ်ားၿပီး ပြဲမစည္ျဖစ္ ေနတယ္။ကိုယ့္အသင္းရပ္တည္ႏိုင္မႈ ေနရာက ကိုယ္ရဲ႕ အဆင့္အတန္းကို ျပတာပါပဲ။

အခုေတာ့ ကလပ္က ဘာအဆင့္ အတန္းမွမရွိဘူး” လို႔ ျပင္းထန္စြာ ေဝဖန္လိုက္ပါတယ္။ ဘာကာအသင္းက ထုတ္ပယ္ခံထားရတဲ့ နည္းျပ အာနတ္စတို ဗယ္ဗာဒီ ေနရာကို ရီရဲလ္ဘတ္တစ္နည္းျပ ကီကဲ ဆာတီရန္ကို အစား ထိုးထားပါတယ္။

ေမာင္ယႆ REF: goal.com photo ; Hindustan times

Unicode

ဘာစီလိုနာအသင်းကို လူပြတ်အသင်းလို့ ဝေဖန်

ပြီးခဲ့တဲ့ ကြာသပတေး ညက ကိုပါ ဖလားပွဲမှာ ဘီဘာအိုအသင်းကို ၁-ဝ ဂိုးနဲ့ ရှုံးသွားပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကို ဘာစီလိုနာ ကစားသမားဟောင်း ပြင်သစ်သား ခရစ်စတိုဖီ ဒူဂါရီက လူပြတ်အသင်းလို့ ဝေဖန် တိုက်ခိုက် လိုက်ပါတယ်။ ဘာကာတိုက် စစ်မှူး အူစမန်နီဒန်ဘီလီ ထိခိုက် ဒဏ်ရာ ရထားလို့ ရက်ရှည် အနားယူရမှာကို သိသိနဲ့ ဇန်နဝါရီဈေးကွက်တုန်းက တိုက်စစ်မှူးကောင်း တစ်ယောက် မဝယ်ကတည်းက ဘာကာအသင်း ဒါရိုက်တာ အဖွဲ့ကို ဝိုင်း အပြစ်တင်နေကြပါတယ်။

အဲ့ဒီအထဲမှာ အားကစားနည်း စနစ် ဒါရိုက်တာ အီရစ် အဘီဒယ်က ဘာကာကစားသမားတွေက အားကြိုး မာန်တက်မရှိကြဘူး လို့ ဝေဖန် ပြစ်တင်မှု လုပ်တဲ့အခါ အာဂျင် တီးနား ကစားသမား မက်ဆီကို ဒေါသ ဆွပေးသလို ဖြစ်ပြီး အခြေအတင်တွေ ဖြစ်ခဲ့ရပါတယ်။ အခုတော့ မက်ဆီက ဒီရာသီကုန်လို့ စာချုပ်သက်တမ်း ပြည့်ရင် အသင်းက ထွက်တော့မယ်လို့ စာ တင်ထားပါတယ်။

၁၉၉၇-၉၈ ဘောလုံးရာသီမှာ ဘာကာမှာ ကစားခဲ့တဲ့ ဒူကရီက လက်ရှိ ဘာကာကစားနေတဲ့ပုံစံကို ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ပါတယ်။ “အသင်းကို ကြည့်လိုက်ပါဦး လူပြတ်တွေချည်းပဲ၊ နောက်ပြန်ပေး ကစားနေတာနဲ့ ပွဲကို အသက်မဲ့အောင် လုပ်နေကြတယ်။ သူတို့တွေက ကူတင်ဟိုကို ဝယ်တယ်။ ဒန်ဘီလီကို ဝယ် တယ်။ ပြီးတော့ ပြန်ရောင်းထုတ်ဖို့ ပဲစဉ်းစား နေကြတယ်။ ကလပ်အသင်းကို လူအထင်ကြီးအောင် လုပ်ဖို့အတွက် ဘာအစီ အစဉ်မှမရှိဘူး ။

အရောင်းအဝယ်ကာလ ရောက်တိုင်း ဘာကာမှာ ပြဿနာ အမြဲတက်နေတော့ တာပါပဲ။ ဇာဗီတို့ အင်နီရေစတာတို့ ထွက်သွားပြီးကတည်းက လူသစ်စုတာ အမှားကြီးတွေပဲ လုပ်နေတယ်။ အသင်းက ပုံရိပ်ကျလာတယ်။ လူများပြီး ပွဲမစည်ဖြစ် နေတယ်။ကိုယ့်အသင်းရပ်တည်နိုင်မှု နေရာက ကိုယ်ရဲ့ အဆင့်အတန်းကို ပြတာပါပဲ။

အခုတော့ ကလပ်က ဘာအဆင့် အတန်းမှမရှိဘူး” လို့ ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ ဘာကာအသင်းက ထုတ်ပယ်ခံထားရတဲ့ နည်းပြ အာနတ်စတို ဗယ်ဗာဒီ နေရာကို ရီရဲလ်ဘတ်တစ်နည်းပြ ကီကဲ ဆာတီရန်ကို အစား ထိုးထားပါတယ်။

မောင်ယဿ REF: goal.com photo ; Hindustan times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …