ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ

ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ
International-news

ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ

စပိန်ဘောလုံး ဘီလူးကြီး ဘာစီလိုနာအသင်းနဲ့ နှစ် ၂၀နီးပါး ကစားပြီးတဲ့ နောက်မှာတော့ ဘောလုံး စူပါစတား လိုင်ယွန်နယ် မက်ဆီတစ်ယောက် ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်ပြီလို့ ပြောလာပါပြီ။ မက်ဆီက ဘာစီလိုနာ ဘောလုံးအသင်း ဒါရိုက်တာအဖွဲ့ကို စာတင်ပြီး ပြောလာတယ်လို့ အသင်းပြောခွင့်ရသူက အေပီ သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

မက်ဆီက ဘာစီလိုနာ အသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း ကြေညာချက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ ဘာစီလိုနာအသင်းက ဂျာမဏီအသင်း ဘေယန်မြူးနစ်ကို ၈ဂိုး ၂ဂိုးနဲ့ စံချိန်တင်ရှုံး နိမ့်ပြီးနောက် ၁၁ရက် အကြာမှာ ထွက်ပေါ် လာတာပဲ ဖြစ်ပါတယ်။ ကလပ်အသင်းကလည်း ၂၀၀၈ ရာသီ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖလားလက်မဲ့ ဖြစ်တာကြောင့်လည်း ပါပါတယ်။

ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ1

မက်ဆီက ဘာစီလိုနာအသင်းမှာ ကစားရင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆု ၆ကြိမ် ရထားတဲ့ သူပါ။ မက်ဆီရဲ့ ကစားသမား သက်တမ်းမှာ ဘာစီလိုနာအသင်းကို စပိန်ဖလား ၁၀လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၄ကြိမ် ရရှိအောင်အတွက် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဘာစီလိုနာက မက်ဆီ ထွက်တော့မယ် ဆိုရင် သေချာတာက တရားရေးဆိုင်ရာ အမှု ဖြစ်ဖို့ များပါတယ်။ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာချင်တယ် ဆိုတဲ့ စာကို ကလပ်အသင်းက လက်ခံရရှိ ထားတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ နောင်နှစ် ဇွန်လ ရောက်မှ မက်ဆီရဲ့ စာချုပ်သက်တမ်း ကုန်မှာဖြစ်လို့ ဒီအတိုင်း ထွက်လို့ မရတာကတော့ သေချာပါတယ်။

ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ2

သူ့အနေနဲ့ တရားရေး လမ်းကြောင်းအတိုင်း ဖြေရှင်ဖို့ကိစ္စ လုပ်ရပါလိမ့်မယ်။ မက်ဆီနဲ့ ဘာစီလိုနာစာချုပ်က ယူရို သန်း ၇၀၀ တန်ပါတယ်။ မက်စီအနေနဲ့ ဘာစီလိုနာက အလွတ်သဘောနဲ့ ထွက်မယ်ဆိုရင် တရားရင်ဆိုင်လို့ ရှုံးသွားခဲ့ပါက ဝတ်စရာ အဝတ်တောင် ကျန်မှာ မဟုတ်ပါဘူး။

ဒီလို ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာက ကြိုက်တဲ့ ကစားသမားဆိုရင် ငွေပုံအောပြီး လိုက်တဲ့ ပဲရစ်စိန့်ဂျာမိန်လို မန်စီတီးအသင်းလို မျိုးတွေပဲ ရှိပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ လစာကိုလည်း ပေးနိုင်တဲ့ အသင်းမျိုး က ရှားပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဒီရာသီ ဆုံးဖြတ်ချက်တွေက မက်ဆီအနေနဲ့ ဘယ်လို့မှ လက်ခံနိုင်စရာမရှိလို့ အသင်းက ထွက်ချင်နေတာပါ။

ဘာစီလိုနာကနေ ထွက်ချင်ပြီလို့ မက်ဆီက တောင်းဆိုပြီ3

ကလပ်အသင်း ဥက္ကဋ္ဌကတော့ မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ် သွားစေချင် နေပါတယ်။ နည်းပြ ရော်နယ်ကိုးမင်းရဲ့ လက်အောက်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်စေချင်နေပါတယ်။

မက်ဆီက ဘာစီလိုနာ လူငယ်အသင်းကို ၂၀၀၁ ခုနှစ်က ရောက်ခဲ့ပါတယ်။ ၁၆နှစ်အရွယ် ၂၀၀၃ ခုနှစ်ရောက်မှ အသင်းကြီးမှာ ကစားခွင့် ရခဲ့ပါတယ်။ ဘာစီလိုနာ အသင်းအတွက် ဖလာ ၃၄လုံး ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

မောင်ယဿ, REF: euronews, Photo: AFP

Zawgyi

ဘာစီလိုနာကေန ထြက္ခ်င္ၿပီလို႔ မက္ဆီက ေတာင္းဆိုၿပီ

စပိန္ေဘာလုံး ဘီလူးႀကီး ဘာစီလိုနာအသင္းနဲ႔ ႏွစ္ ၂၀နီးပါး ကစားၿပီးတဲ့ ေနာက္မွာေတာ့ ေဘာလုံး စူပါစတား လိုင္ယြန္နယ္ မက္ဆီတစ္ေယာက္ ဘာစီလိုနာအသင္းကေန ထြက္ခြာခ်င္ၿပီလို႔ ေျပာလာပါၿပီ။ မက္ဆီက ဘာစီလိုနာ ေဘာလုံးအသင္း ဒါ႐ိုက္တာအဖြဲ႕ကို စာတင္ၿပီး ေျပာလာတယ္လို႔ အသင္းေျပာခြင့္ရသူက ေအပီ သတင္းဌာနကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

မက္ဆီက ဘာစီလိုနာ အသင္းကေန ထြက္ခြာခ်င္တဲ့အေၾကာင္း ေၾကညာခ်က္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲမွာ ဘာစီလိုနာအသင္းက ဂ်ာမဏီအသင္း ေဘယန္ျမဴးနစ္ကို ၈ဂိုး ၂ဂိုးနဲ႔ စံခ်ိန္တင္ရႈံး နိမ့္ၿပီးေနာက္ ၁၁ရက္ အၾကာမွာ ထြက္ေပၚ လာတာပဲ ျဖစ္ပါတယ္။ ကလပ္အသင္းကလည္း ၂၀၀၈ ရာသီ ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ ဖလားလက္မဲ့ ျဖစ္တာေၾကာင့္လည္း ပါပါတယ္။

မက္ဆီက ဘာစီလိုနာအသင္းမွာ ကစားရင္း ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆု ျဖစ္တဲ့ ေ႐ႊေဘာလုံးဆု ၆ႀကိမ္ ရထားတဲ့ သူပါ။ မက္ဆီရဲ႕ ကစားသမား သက္တမ္းမွာ ဘာစီလိုနာအသင္းကို စပိန္ဖလား ၁၀လုံးနဲ႔ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္ ရရွိေအာင္အတြက္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

ဘာစီလိုနာက မက္ဆီ ထြက္ေတာ့မယ္ ဆိုရင္ ေသခ်ာတာက တရားေရးဆိုင္ရာ အမႈ ျဖစ္ဖို႔ မ်ားပါတယ္။ ရာသီအကုန္မွာ အသင္းကေန ထြက္ခြာခ်င္တယ္ ဆိုတဲ့ စာကို ကလပ္အသင္းက လက္ခံရရွိ ထားတယ္လို႔ ဆိုထားပါတယ္။ ဒါေပမဲ့ ေနာင္ႏွစ္ ဇြန္လ ေရာက္မွ မက္ဆီရဲ႕ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္လို႔ ဒီအတိုင္း ထြက္လို႔ မရတာကေတာ့ ေသခ်ာပါတယ္။

သူ႔အေနနဲ႔ တရားေရး လမ္းေၾကာင္းအတိုင္း ေျဖရွင္ဖို႔ကိစၥ လုပ္ရပါလိမ့္မယ္။ မက္ဆီနဲ႔ ဘာစီလိုနာစာခ်ဳပ္က ယူ႐ို သန္း ၇၀၀ တန္ပါတယ္။ မက္စီအေနနဲ႔ ဘာစီလိုနာက အလြတ္သေဘာနဲ႔ ထြက္မယ္ဆိုရင္ တရားရင္ဆိုင္လို႔ ရႈံးသြားခဲ့ပါက ဝတ္စရာ အဝတ္ေတာင္ က်န္မွာ မဟုတ္ပါဘူး။

ဒီလို ျပႆနာေတြကို ေျဖရွင္းေပးႏိုင္တာက ႀကိဳက္တဲ့ ကစားသမားဆိုရင္ ေငြပုံေအာၿပီး လိုက္တဲ့ ပဲရစ္စိန႔္ဂ်ာမိန္လို မန္စီတီးအသင္းလို မ်ိဳးေတြပဲ ရွိပါတယ္။ ေနာက္ၿပီးေတာ့ သူ႔ရဲ႕ လစာကိုလည္း ေပးႏိုင္တဲ့ အသင္းမ်ိဳး က ရွားပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဒီရာသီ ဆုံးျဖတ္ခ်က္ေတြက မက္ဆီအေနနဲ႔ ဘယ္လို႔မွ လက္ခံႏိုင္စရာမရွိလို႔ အသင္းက ထြက္ခ်င္ေနတာပါ။

ကလပ္အသင္း ဥကၠ႒ကေတာ့ မက္ဆီအေနနဲ႔ သူ႔ရဲ႕ကစားသမားဘဝကို ဘာစီလိုနာမွာပဲ အဆုံးသတ္ သြားေစခ်င္ ေနပါတယ္။ နည္းျပ ေရာ္နယ္ကိုးမင္းရဲ႕ လက္ေအာက္မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ေစခ်င္ေနပါတယ္။

မက္ဆီက ဘာစီလိုနာ လူငယ္အသင္းကို ၂၀၀၁ ခုႏွစ္က ေရာက္ခဲ့ပါတယ္။ ၁၆ႏွစ္အ႐ြယ္ ၂၀၀၃ ခုႏွစ္ေရာက္မွ အသင္းႀကီးမွာ ကစားခြင့္ ရခဲ့ပါတယ္။ ဘာစီလိုနာ အသင္းအတြက္ ဖလာ ၃၄လုံး ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ေမာင္ယႆ, REF: euronews, Photo: AFP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …