ဘဝက သံပုရာသီးေပးရင္ သံပုရာေဖ်ာ္ရည္လုပ္ေသာက္လိုက္ပါ လို႔ဆိုလာတဲ့ အီရာဖန္ခန္
- By : Phoe Linn
- Category : Entertainment

ဘဝက သံပုရာသီးေပးရင္ သံပုရာေဖ်ာ္ရည္လုပ္ေသာက္လိုက္ပါ လို႔ဆိုလာတဲ့ အီရာဖန္ခန္
လူတစ္ေယာက္အတြက္ အဆင္ေျပေခ်ာေမြ႕တယ္ဆိုတာအၿမဲ အစဥ္မရွိပါဘူး။ ေအာင္ျမင္ျခင္းေတြ ရွိသလို ရႈံးနိမ့္ျခင္းေတြလည္း ရွိပါတယ္။ ဘဝက က်ေနာ္တို႔ကို အမ်ိဳးမ်ိဳးဆက္ဆံၾကပါတယ္။ တစ္ခါတစ္ေလ အခ်ိဳေတြနဲ႔ ဖ်ားေယာင္ၿပီးေနာက္ အခါးကို ရက္ရက္ စက္စက္ ထည့္ေပးတတ္ၾကတယ္။ ဘဝရဲ႕မာယာေအာက္မွာ က်ေနာ္တို႔ေတြ စမ္းတဝါးဝါးနဲ႔ ေလွ်ာက္ေနရတာပါ။ သူျပတဲ့ လမ္းျပ ေျမပုံကို နားလည္သလိုဖတ္ၿပီး ကိုယ္ထင္တဲ့လမ္းကို ရမ္းေလွ်ာက္ေနရတာပါ။ အီရာဖန္ခန္ကေတာ့ ဘဝကို ခါးေစာင္း တင္ေန ၾကည့္တာပါ။ ကင္ဆာေရာဂါေၾကာင့္ဘဝကို အရႈံးေပးရေတာ့မယ့္ အေျခအေနမ်ိဳးမွာေတာင္ သူက Angrezi Medium ႐ုပ္ရွင္ကားကို ရေအာင္႐ိုက္ျဖစ္ခဲ့ပါတယ္။ အဲ့ဒိကား အစမ္းကားမျပခင္မွာ သူက သူ႔ရဲ႕စိတ္ခံစားမႈဆိုင္ရာကိစၥ ကိုဗီဒီယိုဖိုင္နဲ႔ သတင္းစကားေပးခဲ့ ပါတယ္။
ေဘာလီးဝုဒ္မွာ ဇာတ္အိမ္ခိုင္ခိုင္မာမာေတြကို ႐ိုက္ေလ့ရွိတဲ့ မင္းသား အီရာဖန္ခန္က ကင္ဆာေရာဂါကို ကုသေနတဲ့အတြက္ေၾကာင့္ ပရိသတ္နဲ႔ လက္လွမ္းကြာေနပါတယ္။ အဂၤလန္မွာ ကင္ဆာကုရင္းနဲ႔႐ိုက္ခဲ့တဲ့ Angrezi Medium ကို အစမ္းကားမျပခင္မွာ သူဘယ္လို႐ုန္းကန္ခဲ့ရတယ္ဆိုတာကို ႐ုပ္ရွင္မျပခင္ သူ႔ရဲ႕ သတင္းစကား ကိုပရိသက္ကို ျပသခဲ့ပါတယ္။ ခန္က ၂၀၁၈ကတည္းက ကင္ဆာ ေရာဂါလကၡဏါျပ လို႔ ႐ုပ္ရွင္ေလာကနဲ႔ အဆက္ျပတ္ေနခဲ့ပါတယ္။ သူက သူ႔ရဲ႕ဗီဒီယိုဖိုင္ထဲမွာ ဟင္ဒီဘာစကားနဲ႔ “ ဟယ္ လို ညီအကို ညီအမတို႔ ဒီ႐ုပ္ရွင္ကားကိုျပတဲ့အခ်ိန္မွာ က်ေနာ္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ဒီကားက က်ေနာ္ရဲ႕ အထူး ႐ုပ္ရွင္ပါပဲ။ က်ေနာ္တို႔လုပ္ခဲ့တဲ့အလုပ္ကို စြဲလမ္းစြာနဲ႔ ဒီကားအတြက္ ေျပာခဲ့ခ်င္ပါတယ္။ က်ေနာ့္ ခႏၲာကိုယ္ထဲမွာ က်ေနာ္မလိုခ်င္တဲ့ ဧည့္သည္ေတြ ေရာက္ေနပါတယ္။ သူတို႔က က်ေနာ့္ကို အလုပ္ေတြရႈတ္ေစပါတယ္။ အမ်ားေရွ႕မွာပဲ အဲ့ဒိအေၾကာင္းေျပာပါရေစ။ ဆို႐ိုးစကားတစ္ခုရွိတယ္ေလ။ ဘဝက က်ေနာ္တို႔ကို သံပုရာသီးေပးရင္ သံပုရာေဖ်ာ္ရည္လုပ္ေသာက္ရမယ္ ဆိုတဲ့စကားပါပဲ။ စာသားေလးက ေကာင္းလိုက္တာဗ်ာ။
လက္ေတြ႕မွာေတာ့ ဘဝက သံပုရာသီးေပးတဲ့အခါ အဲ့ဒိသံပုရာသီးကို သံပုရာရည္လုပ္ ေသာက္ဖို႔ေနေနသာ လက္နဲ႔ကိုင္ဖို႔ေတာင္ ေတာ္ေတာ္ခက္ခဲပါတယ္”လို႔ သူကဆိုတယ္။ သူစကားေျပာေနတဲ့အခ်ိန္မွာ သူနဲ႔ ႐ုပ္ရွင္ထဲမွာ တြဲဖက္လုပ္ကိုင္ခဲ့တဲ့ ဝိုင္းေတာ္သားေတြျဖစ္တဲ့ ကယ္ရီနာကပူးခန္၊ ဒင္ပယ္ကပါဒီယာ ၊ရက္ဟီကာ မာဒန္ ၊ ရန္းဗားရႈိးေရး နဲ႔ ႐ုပ္ရွင္အဖြဲ႕သားတို႔ရဲ႕ပုံေတြကို ႐ုပ္ေသထိုးျပခဲ့ပါတယ္။ “လူတစ္ေယာက္မွာ စိတ္ထားေလးတစ္ခုကလြဲၿပီး ဘာမွေ႐ြးစရာမရွိေတာ့ ဘူးဆိုရင္ သူ႔အေနနဲ႔ သံပုရာေဖ်ာ္ရည္ လုပ္ႏိုင္သည္ျဖစ္ေစ မလုပ္ႏိုင္သည္ျဖစ္ေစ အားလုံးကိုခ်န္ထားခဲ့ရမွာပါ။ က်ေနာ္တို႔ ဒီ႐ုပ္ရွင္ကို အျပဳသေဘာေဆာင္ၿပီး ႐ိုက္ခဲ့ၾကတာပါ။ ႐ုပ္ရွင္ထဲမွာ က်ေနာ္တို႔ျပတဲ့အတိုင္း ခင္ဗ်ားတို႔ ရီရမယ္ ငိုရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အစမ္းကားကိုႏွစ္ၿခိဳက္စြာ ၾကည့္ႏိုင္ၾကပါေစ။ တစ္ဦးနဲ႔ တစ္ဦးၾကင္နာၾကပါ။ ႐ုပ္ရွင္ၾကည့္ၿပီးရင္ က်ေနာ့္ကို ေစာင့္ေပးၾကပါဦး။က်ေနာ္ျပန္လာႏိုင္ေအာင္ ႀကိဳးစားေနလို႔ပါ”လို႔ သူကေျပာသြားပါတယ္။ မင္းသားအီရာဖန္ခန္က ၂၀၁၈ မတ္လမွာ အာ႐ုံေၾကာမွာ အႀကိတ္တည္ၿပီး ကင္ဆာ ေရာဂါကို ခံစားေနရပါတယ္။ လန္ဒန္မွာေဆးဝါးကုသမႈခံယူေနဆဲပါ။
ေမာင္ယႆ REF: Bollywood life photo ;first post
Unicode
ဘဝက သံပုရာသီးပေးရင် သံပုရာဖျော်ရည်လုပ်သောက်လိုက်ပါ လို့ဆိုလာတဲ့ အီရာဖန်ခန်
လူတစ်ယောက်အတွက် အဆင်ပြေချောမွေ့တယ်ဆိုတာအမြဲ အစဉ်မရှိပါဘူး။ အောင်မြင်ခြင်းတွေ ရှိသလို ရှုံးနိမ့်ခြင်းတွေလည်း ရှိပါတယ်။ ဘဝက ကျနော်တို့ကို အမျိုးမျိုးဆက်ဆံကြပါတယ်။ တစ်ခါတစ်လေ အချိုတွေနဲ့ ဖျားယောင်ပြီးနောက် အခါးကို ရက်ရက် စက်စက် ထည့်ပေးတတ်ကြတယ်။ ဘဝရဲ့မာယာအောက်မှာ ကျနော်တို့တွေ စမ်းတဝါးဝါးနဲ့ လျှောက်နေရတာပါ။ သူပြတဲ့ လမ်းပြ မြေပုံကို နားလည်သလိုဖတ်ပြီး ကိုယ်ထင်တဲ့လမ်းကို ရမ်းလျှောက်နေရတာပါ။ အီရာဖန်ခန်ကတော့ ဘဝကို ခါးစောင်း တင်နေ ကြည့်တာပါ။ ကင်ဆာရောဂါကြောင့်ဘဝကို အရှုံးပေးရတော့မယ့် အခြေအနေမျိုးမှာတောင် သူက Angrezi Medium ရုပ်ရှင်ကားကို ရအောင်ရိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒိကား အစမ်းကားမပြခင်မှာ သူက သူ့ရဲ့စိတ်ခံစားမှုဆိုင်ရာကိစ္စ ကိုဗီဒီယိုဖိုင်နဲ့ သတင်းစကားပေးခဲ့ ပါတယ်။
ဘောလီးဝုဒ်မှာ ဇာတ်အိမ်ခိုင်ခိုင်မာမာတွေကို ရိုက်လေ့ရှိတဲ့ မင်းသား အီရာဖန်ခန်က ကင်ဆာရောဂါကို ကုသနေတဲ့အတွက်ကြောင့် ပရိသတ်နဲ့ လက်လှမ်းကွာနေပါတယ်။ အင်္ဂလန်မှာ ကင်ဆာကုရင်းနဲ့ရိုက်ခဲ့တဲ့ Angrezi Medium ကို အစမ်းကားမပြခင်မှာ သူဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ရုပ်ရှင်မပြခင် သူ့ရဲ့ သတင်းစကား ကိုပရိသက်ကို ပြသခဲ့ပါတယ်။ ခန်က ၂၀၁၈ကတည်းက ကင်ဆာ ရောဂါလက္ခဏါပြ လို့ ရုပ်ရှင်လောကနဲ့ အဆက်ပြတ်နေခဲ့ပါတယ်။ သူက သူ့ရဲ့ဗီဒီယိုဖိုင်ထဲမှာ ဟင်ဒီဘာစကားနဲ့ “ ဟယ် လို ညီအကို ညီအမတို့ ဒီရုပ်ရှင်ကားကိုပြတဲ့အချိန်မှာ ကျနော်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကားက ကျနော်ရဲ့ အထူး ရုပ်ရှင်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့အလုပ်ကို စွဲလမ်းစွာနဲ့ ဒီကားအတွက် ပြောခဲ့ချင်ပါတယ်။ ကျနော့် ခန္တာကိုယ်ထဲမှာ ကျနော်မလိုချင်တဲ့ ဧည့်သည်တွေ ရောက်နေပါတယ်။ သူတို့က ကျနော့်ကို အလုပ်တွေရှုတ်စေပါတယ်။ အများရှေ့မှာပဲ အဲ့ဒိအကြောင်းပြောပါရစေ။ ဆိုရိုးစကားတစ်ခုရှိတယ်လေ။ ဘဝက ကျနော်တို့ကို သံပုရာသီးပေးရင် သံပုရာဖျော်ရည်လုပ်သောက်ရမယ် ဆိုတဲ့စကားပါပဲ။ စာသားလေးက ကောင်းလိုက်တာဗျာ။
လက်တွေ့မှာတော့ ဘဝက သံပုရာသီးပေးတဲ့အခါ အဲ့ဒိသံပုရာသီးကို သံပုရာရည်လုပ် သောက်ဖို့နေနေသာ လက်နဲ့ကိုင်ဖို့တောင် တော်တော်ခက်ခဲပါတယ်”လို့ သူကဆိုတယ်။ သူစကားပြောနေတဲ့အချိန်မှာ သူနဲ့ ရုပ်ရှင်ထဲမှာ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ ဝိုင်းတော်သားတွေဖြစ်တဲ့ ကယ်ရီနာကပူးခန်၊ ဒင်ပယ်ကပါဒီယာ ၊ရက်ဟီကာ မာဒန် ၊ ရန်းဗားရှိုးရေး နဲ့ ရုပ်ရှင်အဖွဲ့သားတို့ရဲ့ပုံတွေကို ရုပ်သေထိုးပြခဲ့ပါတယ်။ “လူတစ်ယောက်မှာ စိတ်ထားလေးတစ်ခုကလွဲပြီး ဘာမှရွေးစရာမရှိတော့ ဘူးဆိုရင် သူ့အနေနဲ့ သံပုရာဖျော်ရည် လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ အားလုံးကိုချန်ထားခဲ့ရမှာပါ။ ကျနော်တို့ ဒီရုပ်ရှင်ကို အပြုသဘောဆောင်ပြီး ရိုက်ခဲ့ကြတာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ပြတဲ့အတိုင်း ခင်ဗျားတို့ ရီရမယ် ငိုရမယ်လို့ မျှော်လင့်ပါတယ်။ အစမ်းကားကိုနှစ်ခြိုက်စွာ ကြည့်နိုင်ကြပါစေ။ တစ်ဦးနဲ့ တစ်ဦးကြင်နာကြပါ။ ရုပ်ရှင်ကြည့်ပြီးရင် ကျနော့်ကို စောင့်ပေးကြပါဦး။ကျနော်ပြန်လာနိုင်အောင် ကြိုးစားနေလို့ပါ”လို့ သူကပြောသွားပါတယ်။ မင်းသားအီရာဖန်ခန်က ၂၀၁၈ မတ်လမှာ အာရုံကြောမှာ အကြိတ်တည်ပြီး ကင်ဆာ ရောဂါကို ခံစားနေရပါတယ်။ လန်ဒန်မှာဆေးဝါးကုသမှုခံယူနေဆဲပါ။
မောင်ယဿ REF: Bollywood life photo ;first post
No Comments