ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်
- By : Kaung Khant
- Category : Cele News

ဘဝကို လိုချင်တာစုတ်ထားတဲ့ ရေမြုပ်တစ်ခုလိုပဲ နေလိုက်ပါတယ်
မောင်ယဿ ( သြဂုတ် ၈ )
ဆယ်လီနာဂိုမက်ဇ် ဆိုတာ ငယ်ငယ်နဲ့ ကျော်ကြားမှုတွေ ချမ်းသာမှုတွေ ကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီ တစ်ယောက်ပါ။ ဒစ္စနေ ရဲ့ တီဗီ စီရီး တစ်ခုဖြစ်တဲ့ “ wizards of waverly place” မှာ သရုပ်ဆောင်တော့ သူမက အသက် ၁၅ နှစ်ပဲရှိပါသေးတယ်။ အဲ့ဒိမှာ သူမကို အမေရိကား က ဟိုးလေးတကျော်ကျော် ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။
“ ဒစ္စနေက ကျမကို ပြုစုပျိုးထောင်လိုက်ပေမဲ့ ကျမက ဒစ္စနေနဲ့ အဝေးမှာ အလုပ်လုပ်ဖို့ လက်မှတ်ထိုး ခဲ့တုန်းက လည်း ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ကျမအလုပ်တွေလုပ်ဖို့ အတွက် လက်မှတ်သာထိုးတာပါ ဘာမှ မလုပ်တတ် မကိုင်တတ်ပါဘူး” လို့ ဂိုးမက်ဇ် ( ၂၉ နှစ်) က ဆိုပါတယ်။
“ ကျမ အပြင်ထွက်ပြီး လုပ်ချင်တဲ့ အကြောင်းက အပြင်မှာ ခေတ်သစ်နဲ့ ခေတ်မီတဲ့ ပစ္စည်းတွေ နည်းပညာ တွေနဲ့ သွားနေတဲ့ အချိန်မှာ ဒစ္စနေက နောက်ကျနေတယ်။
လူအားတွေကို အဓိက ထားပြီးသုံး နေကြတုန်းလေ။ အဲ့ဒါကြောင့်နေမယ် ထင်တယ်။ ကျမစင်ပေါ်ကိုစတက်တော့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။
စင်ပေါ်မှာ ဟိုပြေး ဒီပြေးနဲ့ပဲ ပရိသတ်ကိုဖြေဖျော်ခဲ့ရတာပါ။ ပြီးရင် ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုယ်မသိဘူး ဖြစ်နေခဲ့ရတယ်။ အခုတော့ ကျမက ရေမြုပ်တစ်ခုလိုဖြစ်သွားပါပြီ။ ကျမလိုချင်တဲ့အရာကို စုပ်ထားပြီး မလိုချင်တာတွေကို မေ့ပစ်တတ်နေပါပြီ” လို့ ဆိုပါတယ်။
သြဂုတ်လ ၃၁ နေ့ကနေ HULU ကနေထုတ်လွှင့်ပြသမယ့် “ only murders in the building” မှုခင်း တီဗီစီရီး ဇာတ်လမ်းတွဲမှာ သူမက စတိမာတင် ၊ မာတင်ရှော့ ၊ အေမီရိုင်ယန်တို့နဲ့ သရုပ်ဆောင် ထားပါ တယ်။
မူခင်းကားတွေနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံ မှာ မရှိဘဲ ရိုက်တာလဲလို့ အင်ဗျူး သမားတွေက မေးလို့ သူမက အထက်ပါ အတိုင်းဖြေခဲ့တာပါ။“ ငယ်ငယ်တုန်းကထက် လက်ရှိ အခြေအနေက အများကြီးသာပါတယ် ။
တီဗီဇာတ်လမ်းတွဲတွေဆီကို ကျမ ပြန်ရောက်လာတာ လက်ရှိဘဝက အများကြီးပြည်စုံနေပါပြီ။ ကလေးဘ၀ တုန်းက ဘာမှန်မသိဘဲ စမ်းတဝါးဝါး လုပ်နေတာထက်တော့ အခုက ပိုပြီး အဆင်ပြေ ချောမွေ့မှုတွေရှိပါတယ်” လို့ ဆိုပါတယ်။
REF: wion news,Photo:Credit Hollywood reporter
Zawgyi
ဘဝကို လိုခ်င္တာစုတ္ထားတဲ့ ေရျမဳပ္တစ္ခုလိုပဲ ေနလိုက္ပါတယ္

ေမာင္ယႆ ( ၾသဂုတ္ ၈ )
ဆယ္လီနာဂိုမက္ဇ္ ဆိုတာ ငယ္ငယ္နဲ႔ ေက်ာ္ၾကားမႈေတြ ခ်မ္းသာမႈေတြ ကို ပိုင္ဆိုင္ထားတဲ့ ဆယ္လီ တစ္ေယာက္ပါ။ ဒစၥေန ရဲ႕ တီဗီ စီရီး တစ္ခုျဖစ္တဲ့ “ wizards of waverly place” မွာ သ႐ုပ္ေဆာင္ေတာ့ သူမက အသက္ ၁၅ ႏွစ္ပဲရွိပါေသးတယ္။ အဲ့ဒိမွာ သူမကို အေမရိကား က ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္ေအာင္လုပ္ေပးလိုက္ပါတယ္။
“ ဒစၥေနက က်မကို ျပဳစုပ်ိဳးေထာင္လိုက္ေပမဲ့ က်မက ဒစၥေနနဲ႔ အေဝးမွာ အလုပ္လုပ္ဖို႔ လက္မွတ္ထိုး ခဲ့တုန္းက လည္း ငယ္ငယ္ေလးပဲ ရွိပါေသးတယ္။ က်မအလုပ္ေတြလုပ္ဖို႔ အတြက္ လက္မွတ္သာထိုးတာပါ ဘာမွ မလုပ္တတ္ မကိုင္တတ္ပါဘူး” လို႔ ဂိုးမက္ဇ္ ( ၂၉ ႏွစ္) က ဆိုပါတယ္။
“ က်မ အျပင္ထြက္ၿပီး လုပ္ခ်င္တဲ့ အေၾကာင္းက အျပင္မွာ ေခတ္သစ္နဲ႔ ေခတ္မီတဲ့ ပစၥည္းေတြ နည္းပညာ ေတြနဲ႔ သြားေနတဲ့ အခ်ိန္မွာ ဒစၥေနက ေနာက္က်ေနတယ္။
လူအားေတြကို အဓိက ထားၿပီးသုံး ေနၾကတုန္းေလ။ အဲ့ဒါေၾကာင့္ေနမယ္ ထင္တယ္။ က်မစင္ေပၚကိုစတက္ေတာ့ ဘာလုပ္ရမွန္းမသိဘူးျဖစ္ေနတယ္။
စင္ေပၚမွာ ဟိုေျပး ဒီေျပးနဲ႔ပဲ ပရိသတ္ကိုေျဖေဖ်ာ္ခဲ့ရတာပါ။ ၿပီးရင္ ကိုယ္ဘာလုပ္ခဲ့တယ္ဆိုတာကိုယ္မသိဘူး ျဖစ္ေနခဲ့ရတယ္။ အခုေတာ့ က်မက ေရျမဳပ္တစ္ခုလိုျဖစ္သြားပါၿပီ။ က်မလိုခ်င္တဲ့အရာကို စုပ္ထားၿပီး မလိုခ်င္တာေတြကို ေမ့ပစ္တတ္ေနပါၿပီ” လို႔ ဆိုပါတယ္။
ၾသဂုတ္လ ၃၁ ေန႔ကေန HULU ကေနထုတ္လႊင့္ျပသမယ့္ “ only murders in the building” မႈခင္း တီဗီစီရီး ဇာတ္လမ္းတြဲမွာ သူမက စတိမာတင္ ၊ မာတင္ေရွာ့ ၊ ေအမီ႐ိုင္ယန္တို႔နဲ႔ သ႐ုပ္ေဆာင္ ထားပါ တယ္။
မူခင္းကားေတြနဲ႔ ပတ္သက္ၿပီး ဘာအေတြ႕အႀကဳံ မွာ မရွိဘဲ ႐ိုက္တာလဲလို႔ အင္ဗ်ဴး သမားေတြက ေမးလို႔ သူမက အထက္ပါ အတိုင္းေျဖခဲ့တာပါ။“ ငယ္ငယ္တုန္းကထက္ လက္ရွိ အေျခအေနက အမ်ားႀကီးသာပါတယ္ ။
တီဗီဇာတ္လမ္းတြဲေတြဆီကို က်မ ျပန္ေရာက္လာတာ လက္ရွိဘဝက အမ်ားႀကီးျပည္စုံေနပါၿပီ။ ကေလးဘ၀ တုန္းက ဘာမွန္မသိဘဲ စမ္းတဝါးဝါး လုပ္ေနတာထက္ေတာ့ အခုက ပိုၿပီး အဆင္ေျပ ေခ်ာေမြ႕မႈေတြရွိပါတယ္” လို႔ ဆိုပါတယ္။
REF: wion news
Photo: Hollywood reporter
No Comments