ဘရာဇီးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ လူနာ ၁သန္း ေက်ာ္သြားၿပီ

ဘရာဇီးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ လူနာ ၁သန္း ေက်ာ္သြားၿပီ
International-news

ဘရာဇီးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ လူနာ ၁သန္း ေက်ာ္သြားၿပီ

မေန႔က (စေနေန႔ ) စစ္ေဆးမႈ အရ ၂၄နာရီအတြင္း ကိုဗစ္-၁၉ ဗိုင္းရက္ ေရာဂါပိုး ေတြ႕ရွိသူ ၅၄၀၀၀ ေက်ာ္သြားခဲ့ ရာ တစ္ႏိုင္ငံလုံး အတိုင္းအတာ အေနနဲ႔ စုစုေပါင္း ပိုးေတြ႕ လူနာ ၁သန္းေက်ာ္သြားခဲ့ၿပီလို႔ သိရပါတယ္။ ဘရာဇီး က်န္းမာေရးဝန္ႀကီးက အဲ့ဒိလူနာ ငါးေသာင္းေလးေထာင္က စံခ်ိန္တင္ ေတြ႕ရွိမႈ ျဖစ္ခဲ့ၿပီး စစ္ေဆးၿပီး ရလဒ္ျဖစ္ၿပီး မစစ္ေဆးရေသးတဲ့လူမ်ားစြာက်န္ေနေသးေၾကာင္း ဆိုတယ္။

ဘရာဇီးမွာ ၂၀၁၈ လူဦးေရ စာရင္းအရ လူဦးေရ ၂၀၉ သန္းေက်ာ္ရွိရာ လူ၂၀၀ မွာ တစ္ဦး ေရာဂါပိုး ေတြ႕ရွိ ေနရၿပီျဖစ္ပါတယ္ ။ ၿပီခဲတဲ့လ အေစာပိုင္းက ဘရာဇီး အစိုးရက ေရာဂါ ျဖစ္ပြားသူ စာရင္းမ်ားကို ေဖ်ာက္ဖ်က္မႈ လုပ္ခဲ့ရ သတင္းဝက္ဘ္ဆိုဒ္ မ်ား၏ ေဖာ္ျပခ်က္မ်ားအရ ပိုးေတြ႕လူနာ စာရင္းကြာျခား ခ်က္ အလြန္မ်ားျပား ေနရာ ဗဟို တရား႐ုံးက လူနာစာရင္းမ်ားကို အတိအက် ေဖာ္ျပရန္အတြက္ အမိန႔္ထုတ္ ခဲ့ရတဲ့ အထိျဖစ္ခဲ့ရပါတယ္ ။ ဘရာဇီးႏိုင္ငံက ပိုးေတြ႕ လူနာ စာရင္းက လက္တင္ အေမရိကားမွာ ထိပ္ဆုံးကို ေရာက္ေနတဲ့အျပင္ ကမာၻ႔ နံပါတ္ ၂ အဆင့္ကို ေရာက္ေနခဲ့ ပါတယ္ ။

အေမရိကန္ၿပီးလွ်င္ ပိုးေတြ႕လူနာ အမ်ားဆုံး ျဖစ္ခဲ့ပါတယ္ ။ ဘရာဇီး ေရာဂါကူးစက္ျခင္း ေပါက္ကြဲမႈေၾကာင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က လက္တင္အေမရိကားဟာ ကမာၻ႔ ကိုဗစ္-၁၉ ေရာဂါျပန႔္ႏွံ႔ မႈ ဗဟိုျဖစ္လာေနၿပီလို႔ ဆိုလာ ပါတယ္ ။ ဂြၽန္ေဟာ့ကင္း တကၠသိုလ္က ျပဳလုပ္ထား တဲ့စာရင္းအရ ဘရာဇီးမွာ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးသူ ၄၈၉၅၄ ဦးထိ ရွိေၾကာင္းသိရပါတယ္ ။ ဘရာဇီးသမၼတ ဂ်ားေဘာ္ဆိုနာ႐ိုက လည္း WHO ကို အေမရိကန္လိုဘဲ အယုံအၾကည္ မရွိဘူး ဆိုတာကိုေျပာဆိုၿပီး WHOက ထြက္မယ္လို႔ ၿခိမ္းေျခာက္ ထားပါတယ္ ။

လက္ရွိ ဘရာဇီးအစိုးရက အိမ္တြင္းေအာင္းဖို႔ရယ္ ဆိုရွယ္ဒစၥတန႔္ ေနဖို႔ရယ္ နဲ႔ က်န္တဲ့ ေရွာင္ရန္ေဆာင္ရန္ အခ်က္မ်ားကို ထုတ္ျပန္ ထားေပမဲ့ လူေန ထူထပ္တဲ့ ေနရာေတြမွာ အဲ့ဒိ ထုတ္ျပန္ ထာတဲ့ အခ်က္ေတြက အႀကဳံးမဝင္ဘူး ျဖစ္ေနပါတယ္ ။ ကမာၻေပၚမွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိသူ ၈.၆၉ သန္းရွိၿပီး ေသဆုံးသူ ဦးေရ ၄၆၀၅၉၄ဦး ရွိေၾကာင္းသိရပါတယ္ ။

ေမာင္ယႆ

REF: upi / Photo;upi

Unicode

ဘရာဇီးမှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁သန်း ကျော်သွားပြီ

မနေ့က (စနေနေ့ ) စစ်ဆေးမှု အရ ၂၄နာရီအတွင်း ကိုဗစ်-၁၉ ဗိုင်းရက် ရောဂါပိုး တွေ့ရှိသူ ၅၄၀၀၀ ကျော်သွားခဲ့ ရာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စုစုပေါင်း ပိုးတွေ့ လူနာ ၁သန်းကျော်သွားခဲ့ပြီလို့ သိရပါတယ်။ ဘရာဇီး ကျန်းမာရေးဝန်ကြီးက အဲ့ဒိလူနာ ငါးသောင်းလေးထောင်က စံချိန်တင် တွေ့ရှိမှု ဖြစ်ခဲ့ပြီး စစ်ဆေးပြီး ရလဒ်ဖြစ်ပြီး မစစ်ဆေးရသေးတဲ့လူများစွာကျန်နေသေးကြောင်း ဆိုတယ်။

ဘရာဇီးမှာ ၂၀၁၈ လူဦးရေ စာရင်းအရ လူဦးရေ ၂၀၉ သန်းကျော်ရှိရာ လူ၂၀၀ မှာ တစ်ဦး ရောဂါပိုး တွေ့ရှိ နေရပြီဖြစ်ပါတယ် ။ ပြီခဲတဲ့လ အစောပိုင်းက ဘရာဇီး အစိုးရက ရောဂါ ဖြစ်ပွားသူ စာရင်းများကို ဖျောက်ဖျက်မှု လုပ်ခဲ့ရ သတင်းဝက်ဘ်ဆိုဒ် များ၏ ဖော်ပြချက်များအရ ပိုးတွေ့လူနာ စာရင်းကွာခြား ချက် အလွန်များပြား နေရာ ဗဟို တရားရုံးက လူနာစာရင်းများကို အတိအကျ ဖော်ပြရန်အတွက် အမိန့်ထုတ် ခဲ့ရတဲ့ အထိဖြစ်ခဲ့ရပါတယ် ။ ဘရာဇီးနိုင်ငံက ပိုးတွေ့ လူနာ စာရင်းက လက်တင် အမေရိကားမှာ ထိပ်ဆုံးကို ရောက်နေတဲ့အပြင် ကမ္ဘာ့ နံပါတ် ၂ အဆင့်ကို ရောက်နေခဲ့ ပါတယ် ။

အမေရိကန်ပြီးလျှင် ပိုးတွေ့လူနာ အများဆုံး ဖြစ်ခဲ့ပါတယ် ။ ဘရာဇီး ရောဂါကူးစက်ခြင်း ပေါက်ကွဲမှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လက်တင်အမေရိကားဟာ ကမ္ဘာ့ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့ မှု ဗဟိုဖြစ်လာနေပြီလို့ ဆိုလာ ပါတယ် ။ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြုလုပ်ထား တဲ့စာရင်းအရ ဘရာဇီးမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၈၉၅၄ ဦးထိ ရှိကြောင်းသိရပါတယ် ။ ဘရာဇီးသမ္မတ ဂျားဘော်ဆိုနာရိုက လည်း WHO ကို အမေရိကန်လိုဘဲ အယုံအကြည် မရှိဘူး ဆိုတာကိုပြောဆိုပြီး WHOက ထွက်မယ်လို့ ခြိမ်းခြောက် ထားပါတယ် ။

လက်ရှိ ဘရာဇီးအစိုးရက အိမ်တွင်းအောင်းဖို့ရယ် ဆိုရှယ်ဒစ္စတန့် နေဖို့ရယ် နဲ့ ကျန်တဲ့ ရှောင်ရန်ဆောင်ရန် အချက်များကို ထုတ်ပြန် ထားပေမဲ့ လူနေ ထူထပ်တဲ့ နေရာတွေမှာ အဲ့ဒိ ထုတ်ပြန် ထာတဲ့ အချက်တွေက အကြုံးမဝင်ဘူး ဖြစ်နေပါတယ် ။ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၈.၆၉ သန်းရှိပြီး သေဆုံးသူ ဦးရေ ၄၆၀၅၉၄ဦး ရှိကြောင်းသိရပါတယ် ။

မောင်ယဿ

REF: upi / Photo;upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …