ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
Uncategorized

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို

တရုတ်နိုင်ငံ ရှန်ဇန် ဒေသဆိုင်ရာ အစိုးရက ဘရာဇီးကနေ သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကော်ရိုနာဗိုင်းရက်စ် တွေ့လို့ စားသုံးသူတွေ အနေနဲ့ အထူး သတိထားပြီး ဝယ်ယူကြဖို့အတွက် နှိုးဆော်ချက် ပြုထားပါတယ်။

ရေခဲရိုက် ပင်လယ်စာတွေ နဲ့အတူ တွဲပြီး သင်္ဘောပေါ်က ချလာတဲ့အတွက် ကြက်တောင်ပံတွေကို ထုတ်ထားတဲ့ အထုတ်တွေမှာ ကော်ရိုနာ ဗိုင်းရက်စ်တွေ ပါရှိလာပါတယ်လို့ အာဏါပိုင်တွေက ဆိုပါတယ်။

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို၁

 

သင်္ဘောတင်တုန်းက သေသေချာချာ စစ်ဆေးပြီးမှ တင်တာ ဖြစ်ပေမဲ့ ဆိပ်ကမ်း အတင်အချ လုပ်တဲ့ အခါမှာ ရောဂါပိုးတွေ ကူးစက် လာနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။

နောက်ပြီး ဘရာဇီးနိုင်ငံမှာကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက အလွန်မြန်စွာ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် ကြက်တောင်ပံတွေကို ထုတ်တဲ့ ဘရာဇီးနိုင်ငံ ဆန်တာကာတာရီးနားက အော်ရိုရာ အေမန်တို စက်ရုံ ကနေ ကူးစက်မှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို၂

အဲ့ဒိ စားသောက်ကုန်တွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ရတဲ့ သူတွေကို ဆေးစစ်မှု ပြုလုပ်ရာမှာတော့ ဘယ်သူမှ ကူးစက် ခံရတာကို မတွေ့ရပါဘူး။ ဒါပေမဲ့ ရေခဲရိုက် အသားတွေရဲ့ မျက်နှာပြင်မှာ ကိုဗစ်-၁၉ ပိုးတွေကို တွေ့ ရတဲ့ အတွက် နိုင်ငံခြားကနေ တင်ပို့တဲ့ ရေခဲရိုက် အသားတွေကို ဝယ်ယူတဲ့နေရာမှာ အထူး သတိထားကြဖို့ အတွက် အာဏါပိုင်တွေက သတိပေးတာ ဖြစ်ပါတယ်။

တရုတ် ရှန်ဒေါင်ပြည်နယ် မြောက်ပိုင်း မြို့တစ်မြို့ ဖြစ်တဲ့ ယန်တိုင်းမှာလည်း ပင်လယ်စာ အထုတ် ၃ထုတ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံ အာဏါပိုင်တွေက တရုတ်လူမှု ကွန်ရက် တစ်ခုဖြစ်တဲ့ ဝီဘိုမှာ သူတို့ရဲ့ တရားဝင် အကောင့်ကနေ အင်္ဂါနေ့က တင်ပြီး ပြည်သူကို အသိပေးခဲ့ပါတယ်။

ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို၃

နောက်ပြီး တရုတ်နိုင်ငံ အန်ဟွီခရိုင်က ဝူဟူးမြို့က စားသောက်ဆိုင် တစ်ဆိုင်မှာလည်း အီကွေဒေါက ပို့လိုက်တဲ့ ရေခဲရိုက် ပုစွန်ထုတ် တွေမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စစ်ဆေး တွေ့ ရှိရတယ်လို့ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ထားပါတယ်။

တရုတ်နိုင်ငံက တောင်အမေရိကားက တင်ပို့တဲ့ ရေခဲရိုက် အစားအသောက်တွေကို စားသောက်နေတဲ့ အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှု များနေတဲ့ တောင်အမေရိကား က သင်္ဘောတင် အစားအသောက်တွေကို အထူး သတိထားကြဖို့ ဒေသဆိုင်ရာ အာဏါပိုင်တွေက ပြည်သူတွေကို သတိပေးမှု ပြုနေပါတယ်။

မောင်ယဿ, REF: Bloomberg, Photo; business world

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ
Uncategorized
ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ

ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်လို့ ဓာတ်မှန်ရိုက်ပြီး သက်သေပြ မောင်ယဿ ( ဇူလိုင် ၂၆ ) ဖိလစ်ပိုင် ဆရာဝန် ဒေါက်တာ အန်နီဂ်ဘရီရယ်ချန်က ကိုဗစ်ကာကွယ်ဆေး တိုင်း အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းကို ကာကွယ် ဆေးအမျိုးမျိုး ထိုးထားတဲ့ လူတွေရဲ့ အဆုတ်တွေနဲ့ ကိုဗစ်ရောဂါ အသည်းအသန် ခံစားနေရတဲ့ အရေးပေါ် ကုသဆောင်ထဲက လူနာရဲ့ အဆုတ်ဓာတ်မှန် ကို ယှဉ်တွဲပြီး ပြသခဲ့ပါတယ်။ အဲ့ဒိဆရာဝန်က ဖိလစ်ပိုင်နိုင်ငံ ကူးစက်ရောဂါနဲ့ ကိုယ်တွင်း ကလီစာ ကုသရေးအထူးကူဖြစ်ပြီး အေအိုင်ဒီအက်စ် ၊ အိတ်ချ်အိုင်ဗွီ ရောဂါ ထိန်းချုပ်ရေး ကော်မတီရဲ့ တာဝန်ခံလည်းဖြစ်ပါတယ်။ သူက သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ …

Uncategorized
၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ် မောင်ယဿ ( ဇူလိုင် ၈) လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကား ကမ်းခြေဒေသတွေ ရေလွှမ်းမိုး နေခြင်းက လာမယ့် ၂၀၃၀ ဆိုရင် ပိုမိုဆိုးဝါး လာပြီး နေရာ တော်တော်များများ ပင်လယ်အောက်ရောက်သွားမယ်လို့ အမျိုးသား အာကာသသိပ္ပံအဖွဲ့ (နာ ဆာ ) ကဟောကိန်းထုတ် လိုက်ပါတယ်။ ဟာဝိုင်ရီ တက္ကသိုလ်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ပြောင်းလဲမှု လေ့လာရေးအဖွဲ့ နဲ့ နာဆာတို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ သုတေသန ရလဒ်အရ လက်ရှိနှစ်စဉ်မြင့်တက်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ရယ် ၊ ၁၈နှစ်ခွဲ မျာတစ်ကြိမ် ကပ်သွားသွားတဲ့ ကမ္ဘာနဲ့ လနဲ့ ကြားက …

Uncategorized
သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင်

သောက်ရေထဲမှာ ခဲဓာတ်နည်းနည်းပါတာနဲ့ ကျောက်ကပ်သမားတွေ အန္တရာယ်ရှိနိုင် မောင်ယဿ ( ဇူလိုင် ၁၉ ) အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီက ပြုလုပ်တဲ့ လေ့လာမှု စစ်တမ်းတစ်ရပ်ရဲ့ အဆိုအရ သောက်ရေထဲမှာ ခဲဓာတ် နည်းနည်းလေးပါတယ်ဆိုရင်တောင် ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အမေရိကားမှာ ကျေက်ကပ် အားနည်းတဲ့ သူတွေ ကျောက်ကပ်ဝေဒနာရှင် တွေ စုစုပေါင်း ပမာဏက သန်း ၃၀ ကနေ သန်း ၄၀ အတွင်းမှာ ရှိပါတယ်။ ဒါကြောင့် ခဲဓာတ် အလွန်နည်းတဲ့ သို့မဟုတ် မပါတဲ့ သောက်ရေ ရရှိဖို့အတွက် အဲ့ဒိအေဂျင်စီက ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်နေပါတယ်။ ဘောစတွန်မြို့က ဆေးပညာရှင်စင်တာတစ်ခုက …