ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
- By : Phoe Linn
- Category : Entertainment
- Tags: entertainment

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။
လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။
သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး တစ်ခု လုပ်နေတဲ့ ကာလမှာ ချီတာလို့ခေါ်တဲ့ သမန်းကျားသစ် စမ်းသက်မှုက အောင်မြင်ခဲ့တယ်။
ပါဝါတွေ ခွန်အားတွေနဲ့ အဆုံးမဲ့ အင်အားတွေကို ပိုင်ဆိုင်ထားတဲ့ သမန်းကျားသစ်ကို နှိမ်နင်းမယ့် ဝမ်းဒါးဝူးမန်းကို မြင်တွေ့ရမယ့် ဇာတ်ကားဖြစ်တဲ့ ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို ဘယ်လ်ဂျီယံမှာ သြဂုတ်လ ၁၂ ရက်နေ့မှာ စပြမှာပါ။ အမေရိကန်မှာကတော့ အောက်တိုဘာလ ၂ရက်နေ့မှာမှ ရုံတင်မှာပါ။
အစ္စရေးသူ ဂယ်ဂါဒေါ့က ဒီရုပ်ရှင်မှာ စရိုတ်တစ်မျိုး ပြောင်းပြီးတော့ သရုပ်ဆောင်ထားပါတယ်လို့ ဆိုပါတယ် ။ ၂၀၁၇ တုန်းက အမေရိကန် ဘောက်စ်အော့ဖစ်မှာ ဝင်ငွေ အကောင်းဆုံး အဆင့် ၄ နေရာကိုရ ခဲ့တဲ့ ဝမ်းဒါးဝူးမန်း ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ရိုက်ထားတာ ဖြစ်လို့ အရင်ကားလို အူကြောင်ကြောင် နိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူးလို့ ဆိုပါတယ်။
အရင်ဇာတ်လမ်းမှာက ဒိုင်ယာနာဆိုတာ သမစ္စိယားကျွန်းက ဘုရင်မ ဟစ်ပိုလီတာနဲ့ အိုလံပစ်ဘုရင်ကြီး ဇုတို့က မွေးတဲ့ အမေဇုံ မင်းသမီးလေးပါ။
လူတွေနေထိုင်တဲ့ အရပ်ကို ရောက်လာပြီး လူသားတွေ အချင်းချင်း ဖြစ်တဲ့ စစ်ပွဲထဲကို အူကြောင်ကြောင်နဲ့ ဝင်ပါ ခဲ့ရတဲ့ စရိုတ်ကို သရုပ်ဆောင်ခဲ့ပေမဲ့ အခု ၁၉၈၄ ခုနှစ်ကို ရောက်ပြီဖြစ်လို့ လူရည် လည်လာတဲ့အပြင် ရင့်ကျက်မှုတွေနဲ့ တွေးခေါ်ဆင်ခြင် နိုင်စွမ်းရှိတဲ့ အမေရိကန် ဟီးရိုး တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။
ဝါနာဘရားသား ရုပ်ရှင်ကုမ္ပဏီက ကန်ဒေါ်လာ ၁၇၅ သန်း အကုန်ကျခံကာ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲက ထုံးစံအတိုင်း အထူးပြုလုပ်ချက်တွေကို ဝေဝေဆာဆာ ကြည့်ရမှာပါ။ ဂယ်ဂါဒေါ့ ၊ခရစ္စပိုင်၊ ခရစ္စတန်ဝစ်ဂ် ၊ပီဒိုပက်စ်ကယ် နဲ့ ရောဘင်ရိုက်တို့ ရဲ့ သရုပ်ဆောင် အားပြိုင်မှုကို လည်း မြင်တွေ့ရမှာပါ။
မောင်ယဿ, REF: CNN, Photo: Cnn
Zawgyi
ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
၁၉၈၄ ဆိုတာ ကမာၻေပၚမွာ စစ္ေအးစစ္ပြဲ အရွိန္အျမင့္ဆုံး အခ်ိန္ပါ။ အေမရိကန္နဲ႔ ႐ုရွားတို႔ ရဲ႕ တစ္ဖက္နဲ႔ တစ္ဖက္ န်ဴကလိယလက္နက္ေတြ အၿပိဳင္အဆိုင္ တပ္ဆင္ေနခ်ိန္လည္း ျဖစ္ပါတယ္။
လက္နက္ အင္အားႀကီးမႈကို ျပၿပီး ကမာၻ႔ႏိုင္ငံေတြကို ၿခိမ္းေျခာက္ေနတဲ့ ကာလ ျဖစ္တဲ့အျပင္ ကမာၻ႔ တတိယလႈိင္း ျဖစ္တဲ့ ကြန္ျမဴဝါဒ ႀကီးစိုးလာမႈကို အရင္းရွင္ ႏိုင္ငံေတြက အေသအလဲ ကာကြယ္ေနခ်ိန္လည္း ျဖစ္ပါတယ္။
သိပၸံပညာကို အေျခခံၿပီးေတာ့ စစ္ပြဲေတြမွာ သုံးဖို႔အတြက္ လူသားကို ေၾကာက္စရာ အေကာင္ေတြအျဖစ္ အသြင္းေျပာင္း ႏိုင္မဲ့ စမ္းသပ္မႈေတြကို တစ္ခုၿပီး တစ္ခု လုပ္ေနတဲ့ ကာလမွာ ခ်ီတာလို႔ေခၚတဲ့ သမန္းက်ားသစ္ စမ္းသက္မႈက ေအာင္ျမင္ခဲ့တယ္။
ပါဝါေတြ ခြန္အားေတြနဲ႔ အဆုံးမဲ့ အင္အားေတြကို ပိုင္ဆိုင္ထားတဲ့ သမန္းက်ားသစ္ကို ႏွိမ္နင္းမယ့္ ဝမ္းဒါးဝူးမန္းကို ျမင္ေတြ႕ရမယ့္ ဇာတ္ကားျဖစ္တဲ့ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို ဘယ္လ္ဂ်ီယံမွာ ၾသဂုတ္လ ၁၂ ရက္ေန႔မွာ စျပမွာပါ။ အေမရိကန္မွာကေတာ့ ေအာက္တိုဘာလ ၂ရက္ေန႔မွာမွ ႐ုံတင္မွာပါ။
အစၥေရးသူ ဂယ္ဂါေဒါ့က ဒီ႐ုပ္ရွင္မွာ စ႐ိုတ္တစ္မ်ိဳး ေျပာင္းၿပီးေတာ့ သ႐ုပ္ေဆာင္ထားပါတယ္လို႔ ဆိုပါတယ္ ။ ၂၀၁၇ တုန္းက အေမရိကန္ ေဘာက္စ္ေအာ့ဖစ္မွာ ဝင္ေငြ အေကာင္းဆုံး အဆင့္ ၄ ေနရာကိုရ ခဲ့တဲ့ ဝမ္းဒါးဝူးမန္း ဇာတ္လမ္းရဲ႕ ေနာက္ဆက္တြဲ အေနနဲ႔ ႐ိုက္ထားတာ ျဖစ္လို႔ အရင္ကားလို အူေၾကာင္ေၾကာင္ ႏိုင္တဲ့ ပုံစံမ်ိဳး မဟုတ္ပါဘူးလို႔ ဆိုပါတယ္။
အရင္ဇာတ္လမ္းမွာက ဒိုင္ယာနာဆိုတာ သမစၥိယားကြၽန္းက ဘုရင္မ ဟစ္ပိုလီတာနဲ႔ အိုလံပစ္ဘုရင္ႀကီး ဇုတို႔က ေမြးတဲ့ အေမဇုံ မင္းသမီးေလးပါ။
လူေတြေနထိုင္တဲ့ အရပ္ကို ေရာက္လာၿပီး လူသားေတြ အခ်င္းခ်င္း ျဖစ္တဲ့ စစ္ပြဲထဲကို အူေၾကာင္ေၾကာင္နဲ႔ ဝင္ပါ ခဲ့ရတဲ့ စ႐ိုတ္ကို သ႐ုပ္ေဆာင္ခဲ့ေပမဲ့ အခု ၁၉၈၄ ခုႏွစ္ကို ေရာက္ၿပီျဖစ္လို႔ လူရည္ လည္လာတဲ့အျပင္ ရင့္က်က္မႈေတြနဲ႔ ေတြးေခၚဆင္ျခင္ ႏိုင္စြမ္းရွိတဲ့ အေမရိကန္ ဟီး႐ိုး တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရတာပါ။
ဝါနာဘရားသား ႐ုပ္ရွင္ကုမၸဏီက ကန္ေဒၚလာ ၁၇၅ သန္း အကုန္က်ခံကာ ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းတြဲက ထုံးစံအတိုင္း အထူးျပဳလုပ္ခ်က္ေတြကို ေဝေဝဆာဆာ ၾကည့္ရမွာပါ။ ဂယ္ဂါေဒါ့ ၊ခရစၥပိုင္၊ ခရစၥတန္ဝစ္ဂ္ ၊ပီဒိုပက္စ္ကယ္ နဲ႔ ေရာဘင္႐ိုက္တို႔ ရဲ႕ သ႐ုပ္ေဆာင္ အားၿပိဳင္မႈကို လည္း ျမင္ေတြ႕ရမွာပါ။
ေမာင္ယႆ, REF: CNN, Photo: Cnn
No Comments