ဘန်ကောက်မှာ ကိုဗစ်မထိန်းနိုင်တော့လို့ နယ်ဆရာဝန် ရာနဲ့ချီပြီး လာကူဖို့ အစိုးရကဆင့်ခေါ်

ဘန်ကောက်မှာ ကိုဗစ်မထိန်းနိုင်တော့လို့ နယ်ဆရာဝန် ရာနဲ့ချီပြီး လာကူဖို့ အစိုးရကဆင့်ခေါ်

မောင်ယဿ (ဇူလိုင် ၂)

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်နဲ့ နီးစပ်ရာမြို့တွေမှာ ကိုဗစ်လူနာတွေ တိုးလာလို့ မိမိရရ စီမံထိန်းသိမ်းနိုင်အောင် တောနယ်ဖက်နဲ့ ရောဂါကူးစက်မှု နည်းတဲ့ ဒေသတွေက ဆရာဝန်တွေ ကို ဘန်ကောက်ကိုလာကူဖို့အတွက် ဝန်ကြီးချုပ်က ဖိတ်ခေါ်ထားပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် သောင်ချိုင်က “ မြို့တော်က ဆေးရုံတွေနဲ့ ကိုဗစ်စင်တာတွေမှာ ရောဂါကူးစက်သူတွေ ဆိုးဆိုးဝါးဝါး ရောက်နေပါတယ်၊ အရေးပေါ်လူနာတွေ များလွန်းလို့ အိုင်စီယူက ကုတင်တွေလည်းမလောက် တော့ပါဘူး။

ဘန်ကောက်က အကျတ်အတည်းနဲ့ တွေ့နေရပါတယ်” လို့ ဆိုပါတယ်။

ဘန်ကောက်မှာ ကိုဗစ်မထိန်းနိုင်တော့လို့ နယ်ဆရာဝန် ရာနဲ့ချီပြီး လာကူဖို့ အစိုးရကဆင့်ခေါ်1

ဘန်ကောက်နဲ့ နီးစပ်ရာမြို့တွေမှာ ဆေးရုံလက်မခံနိုင်လို့ အိမ်မှာထားထားရတဲ့ လူနာတွေ အသက်ဆုံးရှုံးမှုတွေဖြစ်နေပါတယ်။

အဲ့ဒိလိုအနေအထားဖြစ်နေလို့ နယ်လှည့်ဆေးကုရေးအတွက် ဘန်ကောက်ကဆရာဝန်တွေက ဆေးရုံတွေကိုပစ်ထားပြီး မထွက်နိုင်ဘူး ဖြစ်နေပါတယ်။

အိမ်တွေမှာ ပဲနေရတဲ့ လူနာတွေကို ကြည့်ရှု့စောင်ရှောက် ကုသပေးဖို့အတွက် ထိုင်နိုင်ငံဒေသအသီးသီးက ဆရာဝန် ၁၄၄ ယောက်ကို ဘန်ကောက်မှာ လာကူဖို့အတွက် ဖိတ်ခေါ်လိုက်ရတာပါ။

ဘန်ကောက်မှာ ကိုဗစ်မထိန်းနိုင်တော့လို့ နယ်ဆရာဝန် ရာနဲ့ချီပြီး လာကူဖို့ အစိုးရကဆင့်ခေါ်2

ဖိတ်ခေါ်ခံရသူတွေကတော့ ကူးစက်ရောဂါနဲ့ အရေးပေါ်ဆေးကုသရေး ၊ အဆုတ်နဲ့ ရင်ခေါင်းဆိုင်ရာ နဲ့ ကိုယ်တွင်းကလီစာဆိုင်ရာ ရောဂါ ကုသရေးနဲ့ ဘွဲရထားတဲ့ ဆရာဝန်တွေဖြစ်ပြီး အများစုကတော့ ကျောင်းဆင်းပြီးကာစ တွေဖြစ်ပါတယ်။

ဆရာဝန်တွေစုဆောင်းတဲ့ အခန်းအနားမှာ အတွင်းဝန်က ကျနော်တို့ မထိန်းနိုင်တော့ဘူး ။ ဒါကြောင့် ခင်းဗျားတို့အားလုံးကို လိုအပ်ပါတယ်လို့ ပြောပါတယ်။

“ ကျနော်ဒုတိယ ကမ္ဘာစစ်ကို မမီလိုက်ပါဘူး။ ဒါပေမဲ့ အခုက စစ်ဖြစ်နေသလိုပဲ လူတွေသေနေကြတယ်။ ခင်းဗျားတို့ကတော့ ကျနော်တို့ရဲ့အားတွေပါပဲ ၊ ကမ္ဘာနိုင်ငံအသီးသီးမှာလည်း အဲ့လိုမျိုးတွေ ဖြစ်နေတယ်၊ ခင်ဗျားတို့လုပ်နိုင်တာတွေ အကုန်လုပ်ပေးဖို့ တောင်းဆိုပါတယ်” လို့ သူ`က ဆိုပါတယ်။

REF: THAIGER,Photo: credit bankokpost

zawgyi


မောင်ယဿ (ဇူလိုင် ၂)










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …