ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ
Cele News

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ

သြဂုတ်လ လဆန်းပိုင်းက ဗြိတိန်ဂေါ့တဲလန့် (BGT)က ဆရာကြီး ဆီမွန်ကိုဝဲလ်က သူအသစ်ဝယ်ထားတဲ့ လျှပ်စစ်စက်ဘီးကို စမ်းစီးရင်း စက်ဘီးပေါ်က ပြုတ်ကျပြီး ခါးရိုးကျိုးသွားရာ ဆေးကုသမှု ခံယူနေရာက မနေ့က ပရိသတ်ကို သူ အခြေအနေ ကောင်းနေပြီ ဖြစ်ကြောင်း ပထမဦးဆုံး လူလုံး ထွက်ပြခဲ့ပါတယ်။

သူရဲ့ ခါးရိုးက ၃ပိုင်း ကျိုးသွားတာ ဖြစ်လို့ ၆နာရီကြာအောင် ခွဲစိတ်မှု ပြုခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုပြီး တာတောင် ဒဏ်ရာကြောင့် အောက်ပိုင်းသေသလို ဖြစ်နေခဲ့ရာတွင် လေ့ကျင့်ခန်းတွေကို နေ့စဉ် လုပ်နေရပါတယ်။

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ1

အဲ့လို အချိန်မှာ သူက သူ့ရဲ့ သန်မာမှုကို ပြချင်လို့ ပရိသတ်နဲ့ တွေဆုံမှုကို လုပ်ခဲ့ပါတယ်။ ၆နာရီကြာအောင် ခွဲစိတ်မှု လုပ်ခဲ့တာတောင် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်ပြီးတော့ ထူထူထောင်ထောင် ဖြစ်လာလို့ သူ့ရဲ့ မိတ်ဆွေတွေက သူ့ကို တာမီနေတာကြီးလို့တောင် ဝိုင်းခေါ်ဝေါ်ခဲ့ ကြပါတယ်။

အသက်၆၀အရွယ် ဆီမွန်က ခါးရိုးကျိုးပြီး အာရုံကြော ထိသွားနိုင်လို့ လုံးဝ အောက်ပိုင်း သေနိုင်တဲ့ အနေအထားပါ။ သူ့ရဲ့ကျောရိုးကို စတီးရိုး အပိုင်း ၃ပိုင်း ထည့်ပြီး ကွပ်ထားခဲ့ရပါတယ်။ အခုဆိုရင် သူက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိ့စ်က ဆေးရုံမှာ ဆေးအစစ် ခံနေပါတယ်။

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ2

သည်ဆန်းသတင်းစာကတော့ စတီးရိုးတွေ ထည့်ထားတဲ့အတွက် သူ့ကို တာမီနေတာ ကြီးလို့ ရေးသားခဲ့တာကို သူက သဘောကျ နေပါတယ်။ “သူက အခုလို ဖြစ်သွားတာနဲ့ ပတ်သက်ပြီး မတုန်လှုပ် သလိုပါပဲ။

ဒါပေမဲ့ ကုသမှုတွေကို ဆက်လုပ်ရဦးမှာပါ။ ဆရာဝန်တွေက တော့ အခြေအနေ ကောင်းပါတယ်။ သူ့ကို အိမ်မှာ ကိုယ်လက်တွေ ပြန်ပြီး ရှင်သန်အောင် လုပ်ရမယ့် ကုထုံးတွေကို ဆက်လုပ်ခိုင်း ရဦးမှာပါ။ သူက နာနေပေမဲ့ ပြုံးပြုံးလေးပါပဲ” လို့ သူကိုပြုစုနေတဲ့ သူနာပြုက ဆိုပါတယ်။

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ3

လက်ရှိ BGT မှာ သူ့နေရာကို အစားထိုးဖို့အတွက် အက်ရှ်လေ ဘန်ဂျိုကို ပြောထားပါတယ်။ ဒါပေမဲ့ BGT ကို ပြန်လာဖို့ အနောက်ကျဆုံး အောက်တိုဘာလအတွင်း ရောက်လာနိုင်အောင် ကြိုးစားနေတယ်လို့ ဆီမွန်က ဆိုတယ်။

ဗြိတိန်ဂေါ့တဲလန့် ဆရာကြီး ဆီမွန်ကိုဝဲလ် အခြေအနေ ပြန်ကောင်းလို့ လူလုံးထွက်ပြ4

BGTရဲ့ ဖိုင်နယ်ပွဲတွေကို ကြည့်ဖို့အတွက် လန်ဒန်ကို သူ ပြန်လာနိုင်မယ်လို့လည်း မျှော်လင့် နေပါတယ်။ ဆီမွန်က သူ ပြန်လည် သန်စွမ်းနိုင်အောင်လို့ လေကျင့်ခန်းတွေကို ရနိုင် သလောက် ကြိုးစား လုပ်နေပါတယ်။ တစ်ခုကတော့ အမေရိကန် ဂေါ့တဲလန့်ရဲ့ ဖိုင်နယ်ပွဲတွေနဲ့တော့ သူ လွဲချော်ဖို့ရာ ရှိနေပါတယ်။

မောင်ယဿ, REF: mirror, Photo; Mirror

Zawgyi

ၿဗိတိန္ေဂါ့တဲလန႔္ ဆရာႀကီး ဆီမြန္ကိုဝဲလ္ အေျခအေန ျပန္ေကာင္းလို႔ လူလုံးထြက္ျပ

ၾသဂုတ္လ လဆန္းပိုင္းက ၿဗိတိန္ေဂါ့တဲလန႔္ (BGT)က ဆရာႀကီး ဆီမြန္ကိုဝဲလ္က သူအသစ္ဝယ္ထားတဲ့ လွ်ပ္စစ္စက္ဘီးကို စမ္းစီးရင္း စက္ဘီးေပၚက ျပဳတ္က်ၿပီး ခါး႐ိုးက်ိဳးသြားရာ ေဆးကုသမႈ ခံယူေနရာက မေန႔က ပရိသတ္ကို သူ အေျခအေန ေကာင္းေနၿပီ ျဖစ္ေၾကာင္း ပထမဦးဆုံး လူလုံး ထြက္ျပခဲ့ပါတယ္။

သူရဲ႕ ခါး႐ိုးက ၃ပိုင္း က်ိဳးသြားတာ ျဖစ္လို႔ ၆နာရီၾကာေအာင္ ခြဲစိတ္မႈ ျပဳခဲ့ရပါတယ္။ ခြဲစိတ္မႈ ျပဳၿပီး တာေတာင္ ဒဏ္ရာေၾကာင့္ ေအာက္ပိုင္းေသသလို ျဖစ္ေနခဲ့ရာတြင္ ေလ့က်င့္ခန္းေတြကို ေန႔စဥ္ လုပ္ေနရပါတယ္။

အဲ့လို အခ်ိန္မွာ သူက သူ႔ရဲ႕ သန္မာမႈကို ျပခ်င္လို႔ ပရိသတ္နဲ႔ ေတြဆုံမႈကို လုပ္ခဲ့ပါတယ္။ ၆နာရီၾကာေအာင္ ခြဲစိတ္မႈ လုပ္ခဲ့တာေတာင္ ရက္သတၱပတ္ အနည္းငယ္အတြင္း ျပန္ၿပီးေတာ့ ထူထူေထာင္ေထာင္ ျဖစ္လာလို႔ သူ႔ရဲ႕ မိတ္ေဆြေတြက သူ႔ကို တာမီေနတာႀကီးလို႔ေတာင္ ဝိုင္းေခၚေဝၚခဲ့ ၾကပါတယ္။

အသက္၆၀အ႐ြယ္ ဆီမြန္က ခါး႐ိုးက်ိဳးၿပီး အာ႐ုံေၾကာ ထိသြားႏိုင္လို႔ လုံးဝ ေအာက္ပိုင္း ေသႏိုင္တဲ့ အေနအထားပါ။ သူ႔ရဲ႕ေက်ာ႐ိုးကို စတီး႐ိုး အပိုင္း ၃ပိုင္း ထည့္ၿပီး ကြပ္ထားခဲ့ရပါတယ္။ အခုဆိုရင္ သူက အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိ့စ္က ေဆး႐ုံမွာ ေဆးအစစ္ ခံေနပါတယ္။

သည္ဆန္းသတင္းစာကေတာ့ စတီး႐ိုးေတြ ထည့္ထားတဲ့အတြက္ သူ႔ကို တာမီေနတာ ႀကီးလို႔ ေရးသားခဲ့တာကို သူက သေဘာက် ေနပါတယ္။ “သူက အခုလို ျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး မတုန္လႈပ္ သလိုပါပဲ။

ဒါေပမဲ့ ကုသမႈေတြကို ဆက္လုပ္ရဦးမွာပါ။ ဆရာဝန္ေတြက ေတာ့ အေျခအေန ေကာင္းပါတယ္။ သူ႔ကို အိမ္မွာ ကိုယ္လက္ေတြ ျပန္ၿပီး ရွင္သန္ေအာင္ လုပ္ရမယ့္ ကုထုံးေတြကို ဆက္လုပ္ခိုင္း ရဦးမွာပါ။ သူက နာေနေပမဲ့ ၿပဳံးၿပဳံးေလးပါပဲ” လို႔ သူကိုျပဳစုေနတဲ့ သူနာျပဳက ဆိုပါတယ္။

လက္ရွိ BGT မွာ သူ႔ေနရာကို အစားထိုးဖို႔အတြက္ အက္ရွ္ေလ ဘန္ဂ်ိဳကို ေျပာထားပါတယ္။ ဒါေပမဲ့ BGT ကို ျပန္လာဖို႔ အေနာက္က်ဆုံး ေအာက္တိုဘာလအတြင္း ေရာက္လာႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ ဆီမြန္က ဆိုတယ္။

BGTရဲ႕ ဖိုင္နယ္ပြဲေတြကို ၾကည့္ဖို႔အတြက္ လန္ဒန္ကို သူ ျပန္လာႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ ေနပါတယ္။ ဆီမြန္က သူ ျပန္လည္ သန္စြမ္းႏိုင္ေအာင္လို႔ ေလက်င့္ခန္းေတြကို ရႏိုင္ သေလာက္ ႀကိဳးစား လုပ္ေနပါတယ္။ တစ္ခုကေတာ့ အေမရိကန္ ေဂါ့တဲလန႔္ရဲ႕ ဖိုင္နယ္ပြဲေတြနဲ႔ေတာ့ သူ လြဲေခ်ာ္ဖို႔ရာ ရွိေနပါတယ္။

ေမာင္ယႆ, REF: mirror, Photo; Mirror

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …