ဗီဇျပင္လိုက္လို႔ ျခင္ေတြ တုတ္ေကြး မျဖန႔္ႏိုင္ေတာ့
- By : Phoe Linn
- Category : Health, International-news

ဗီဇျပင္လိုက္လို႔ ျခင္ေတြ တုတ္ေကြး မျဖန႔္ႏိုင္ေတာ့
တုတ္ေကြးဆိုတာ က်ေနာ္ အနီးအနား မွာ ရွိတဲ့ ရန္သူ တစ္ေယာက္ပါ ။ တုတ္ေကြးပိုး ကို သယ္ေဆာင္တဲ့ ေအးဒီးစ္ျခင္ ( ျခင္ၾကားႀကီး ) ေတြ အနားမွာ မရွိေအာင္လို႔ က်ေနာ္တို႔ အၿမဲကို သတိထား ေနရပါတယ္ ။ အဲ့ဒိ ျခင္ၾကားႀကီးေတြ က်ေနာ္ တို႔နားမွာ ဝိုင္းေန ရင္ေတာင္ တုတ္ေကြးေရာဂါအတြက္ စိတ္မပူ ရေအာင္ ၾသစေတးလွ် သိပၸံပညာရွင္ တစ္စုက ႀကိဳးစားခဲ့ ပါတယ္ ။
တုတ္ေကြး ေရာဂါဆိုတာ ငွက္ေတြ တြင္းေအာင္း သတၱဝါေတြ က ပထမဆုံး ေရာဂါပိုး ကူးစက္ခံရ ပါတယ္ ။ အဲ့ဒိ အေကာင္ေလးေတြရဲ႕ ေသြးကိုစုတ္တဲ့ ျခင္ေတြက ေရာဂါပိုးေတြကို သယ္ေဆာင္လာပါတယ္ ။ ေျပာခ်င္တာက အဲ့ဒိ ျခင္ေတြလည္း တုတ္ေကြး ျဖစ္ေနပါတယ္ ။ တုတ္ေကြး ျဖစ္ေနတဲ့ ျခင္ေတြက လူေတြကို ကိုက္တဲ့အခါ လူေတြလည္း တုတ္ေကြး ေရာဂါ ကူးစပ္ခံ လိုက္ရတာပါပဲ ။
အဲ့ဒိလိုမ်ိဳး တုတ္ေကြးေရာဂါ ကူးစပ္ခံရတဲ့ ျခင္ေတြကို တုတ္ေကြး ေရာဂါဒဏ္ ခံႏိုင္ေအာင္ သူတို႔က ျခင္ၾကားေတြရဲ႕ ဗီဇကို ျပဳျပင္လိုက္တာပါ ။ အႀကီးတန္း သုေတသန သိပၸံပညာရွင္ျဖစ္တဲ့ ေဒါက္တာပရာဆတ္ ပရာဒက္ကာက “ကမာၻေပၚမွာ တုတ္ေကြးဆိုတာ ကူးစပ္ ေရာဂါတစ္မ်ိဳးပါ ။ အပူပိုင္းေဒသေရာ အပူေလ်ာ့ပိုင္းေဒသ ေတြမွာ အဓိကျဖစ္ပြားေနပါ။ ဘဂၤလာေဒ့ရွ္ ပါကစၥတန္ သီရိလကၤာ ဖိလစ္ပိုင္ ေတြမွာ တုတ္ေကြးက အဓိကျဖစ္ပြား ေနတာပါ ။
အခု ေလ့လာမႈအရ က်ေနာ္တို႔က ျခင္ေတြကို ဗီဇျပဳျပင္တဲ့ နည္းပညာနဲ႔ အဆင့္ျမႇင့္ ေပးလိုက္တာပါ ။ သူတို႔ ကိုယ္တိုင္က တုတ္ေကြးပိုးကို ခံႏိုင္ရည္ရွိေနၿပီ ဆိုရင္ သူတို႔ဆီကေန က်ေနာ္တို႔ဆီကို မကူးစပ္ ႏိုင္ေတာ့ ပါဘူး”လို႔ဆိုတယ္ ။ လက္ရွိမွာ ျခင္ေၾကာင့္ ျဖစ္တဲ့ တုတ္ေကြးကို ဗီဇ နည္းပညာနဲ႔ ကာကြယ္ၿပီး ေနာက္မွာေတာ့ ေနာက္ပိုင္းမွာ အျခား ဗိုင္ရက္စ္ ပိုးေတြကိုလည္း အဲ့ဒိ နည္းနဲ႔ လုပ္ႏိုင္ၿပီ ဆိုရင္ ျခင္ေၾကာင့္ ျဖစ္ပြားတဲ့ အသဲေရာင္ အသားဝါေရာဂါ ၊ ဦးေႏွာက္ အေျမႇးေယာင္ ေရာဂါ ၊ တုတ္ေကြး၊ ေသြးလြန္ တုတ္ေကြးနဲ႔ ငွက္ဖ်ား ေရာဂါေတြကို ကာကြယ္လို႔ ရေတာ့မွာပါ ။
လုပ္စရာ သုေတသနေတြ ကေတာ့ အမ်ားႀကီး က်န္ေန ပါေသးတယ ္ ။ အခုေတြ႕ရွိတဲ့ သုေတသန လုပ္ငန္းကေတာ့ ေရွ႕မွာ အမ်ားႀကီး အက်ိဳးျဖစ္ထြန္းမယ့္ လုပငန္းစဥ္ေတြ အတြက္ အႀကိဳလုပ္ငန္း တစ္ခုျဖစ္ပါတယ္ ။
ေမာင္ယႆ REF: word of buzz
Unicode
ဗီဇပြင်လိုက်လို့ ခြင်တွေ တုတ်ကွေး မဖြန့်နိုင်တော့
တုတ်ကွေးဆိုတာ ကျနော် အနီးအနား မှာ ရှိတဲ့ ရန်သူ တစ်ယောက်ပါ ။ တုတ်ကွေးပိုး ကို သယ်ဆောင်တဲ့ အေးဒီးစ်ခြင် ( ခြင်ကြားကြီး ) တွေ အနားမှာ မရှိအောင်လို့ ကျနော်တို့ အမြဲကို သတိထား နေရပါတယ် ။ အဲ့ဒိ ခြင်ကြားကြီးတွေ ကျနော် တို့နားမှာ ဝိုင်းနေ ရင်တောင် တုတ်ကွေးရောဂါအတွက် စိတ်မပူ ရအောင် သြစတေးလျှ သိပ္ပံပညာရှင် တစ်စုက ကြိုးစားခဲ့ ပါတယ် ။
တုတ်ကွေး ရောဂါဆိုတာ ငှက်တွေ တွင်းအောင်း သတ္တဝါတွေ က ပထမဆုံး ရောဂါပိုး ကူးစက်ခံရ ပါတယ် ။ အဲ့ဒိ အကောင်လေးတွေရဲ့ သွေးကိုစုတ်တဲ့ ခြင်တွေက ရောဂါပိုးတွေကို သယ်ဆောင်လာပါတယ် ။ ပြောချင်တာက အဲ့ဒိ ခြင်တွေလည်း တုတ်ကွေး ဖြစ်နေပါတယ် ။ တုတ်ကွေး ဖြစ်နေတဲ့ ခြင်တွေက လူတွေကို ကိုက်တဲ့အခါ လူတွေလည်း တုတ်ကွေး ရောဂါ ကူးစပ်ခံ လိုက်ရတာပါပဲ ။
အဲ့ဒိလိုမျိုး တုတ်ကွေးရောဂါ ကူးစပ်ခံရတဲ့ ခြင်တွေကို တုတ်ကွေး ရောဂါဒဏ် ခံနိုင်အောင် သူတို့က ခြင်ကြားတွေရဲ့ ဗီဇကို ပြုပြင်လိုက်တာပါ ။ အကြီးတန်း သုတေသန သိပ္ပံပညာရှင်ဖြစ်တဲ့ ဒေါက်တာပရာဆတ် ပရာဒက်ကာက “ကမ္ဘာပေါ်မှာ တုတ်ကွေးဆိုတာ ကူးစပ် ရောဂါတစ်မျိုးပါ ။ အပူပိုင်းဒေသရော အပူလျော့ပိုင်းဒေသ တွေမှာ အဓိကဖြစ်ပွားနေပါ။ ဘင်္ဂလာဒေ့ရှ် ပါကစ္စတန် သီရိလင်္ကာ ဖိလစ်ပိုင် တွေမှာ တုတ်ကွေးက အဓိကဖြစ်ပွား နေတာပါ ။
အခု လေ့လာမှုအရ ကျနော်တို့က ခြင်တွေကို ဗီဇပြုပြင်တဲ့ နည်းပညာနဲ့ အဆင့်မြှင့် ပေးလိုက်တာပါ ။ သူတို့ ကိုယ်တိုင်က တုတ်ကွေးပိုးကို ခံနိုင်ရည်ရှိနေပြီ ဆိုရင် သူတို့ဆီကနေ ကျနော်တို့ဆီကို မကူးစပ် နိုင်တော့ ပါဘူး”လို့ဆိုတယ် ။ လက်ရှိမှာ ခြင်ကြောင့် ဖြစ်တဲ့ တုတ်ကွေးကို ဗီဇ နည်းပညာနဲ့ ကာကွယ်ပြီး နောက်မှာတော့ နောက်ပိုင်းမှာ အခြား ဗိုင်ရက်စ် ပိုးတွေကိုလည်း အဲ့ဒိ နည်းနဲ့ လုပ်နိုင်ပြီ ဆိုရင် ခြင်ကြောင့် ဖြစ်ပွားတဲ့ အသဲရောင် အသားဝါရောဂါ ၊ ဦးနှောက် အမြှေးယောင် ရောဂါ ၊ တုတ်ကွေး၊ သွေးလွန် တုတ်ကွေးနဲ့ ငှက်ဖျား ရောဂါတွေကို ကာကွယ်လို့ ရတော့မှာပါ ။
လုပ်စရာ သုတေသနတွေ ကတော့ အများကြီး ကျန်နေ ပါသေးတယ ် ။ အခုတွေ့ရှိတဲ့ သုတေသန လုပ်ငန်းကတော့ ရှေ့မှာ အများကြီး အကျိုးဖြစ်ထွန်းမယ့် လုပငန်းစဉ်တွေ အတွက် အကြိုလုပ်ငန်း တစ်ခုဖြစ်ပါတယ် ။
မောင်ယဿ REF: word of buzz
No Comments