
ဗိုက္ဆာလို႔ ရဲစခန္းကို ဖုန္းလွမ္းဆက္တဲ့ ကေလးေလးကို ကိုယ္တိုင္ မုန႔္လာပို႔ေပးခဲ့တဲ့ ရဲအရာရွိရဲ႕ ေလးစားဖြယ္လုပ္ရပ္
အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္မွာ ေနတဲ့ အသက္ (၅)ႏွစ္သားအ႐ြယ္ ကေလးတစ္ေယာက္ဟာ ဗိုက္ဆာတဲ့အတြက္ မက္ေဒါနယ္ဆိုင္ကေန မုန႔္စားခ်င္တဲ့အေၾကာင္းကို ကိုယ္တိုင္ကိုယ္က် ရဲစခန္းကို ဖုန္းဆက္ခဲ့ပါတယ္။ ရဲအရာရွိက အေသအခ်ာေမးခဲ့ၿပီးတဲ့ ကေလးဆီကို မုန႔္လာပို႔တဲ့အျဖစ္ ျဖစ္ပြားခဲ့ပါတယ္။
ခ်ာလီလို႔ေခၚတဲ့ အသက္ (၅)ႏွစ္သားအ႐ြယ္ ေကာင္ေလးဟာ ေဒသရဲစခန္း မီဆာပူးလစ္ရဲဌာနကို ဖုန္းဆက္ခဲ့ပါတယ္။ သူဟာ မက္ေဒါနယ္စားခ်င္ေနေၾကာင္းနဲ႔ အခုအခ်ိန္မွာ ဗိုက္ဆာေနေၾကာင္းကို လွမ္းေျပာခဲ့ပါတယ္။
အရာရွိအန္တိုနီက ဖုန္းကိုင္ခဲ့ၿပီး သားေလး အလ်င္လိုေနလားလို႔ ျပန္ေမးခဲ့ပါတယ္။ ကေလးက ဟုတ္တယ္လို႔ ေျပာခဲ့ခ်ိန္မွာ လိပ္စာကို လိုက္မွတ္ထားခဲ့ပါတယ္။
ေနာက္ေတာ့ စခန္းကအရာရွိ စေကာ့ဗဲလ္ဒက္စ္က သူကင္းလွည့္ရမယ့္အခ်ိန္နဲ႔တိုက္ကာ ဖုန္းဆက္ၿပီး (၁၅)မိနစ္အၾကာမွာပဲ ကေလးရွိတဲ့ေနရာကို မက္ေဒါနယ္နဲ႔အတူ လာပို႔ေပးခဲ့ပါတယ္။ ခ်ာလီရဲ႕ မိသားစုေတြ အိမ္မွာရွိေနၾကေပမဲ့ ဖုန္းဆက္လိုက္တာကို မသိလိုက္ဘဲ အရာရွိေရာက္လာမွ ျဖစ္ေၾကာင္းကုန္စင္ကို သိခဲ့ရပါတယ္။
အရာရွိက ကေလးငယ္နဲ႔အတူတူ ဓာတ္ပုံ႐ိုက္ကာ စခန္းရဲ႕ မီဆာပူးလစ္ေဖ့ဘုတ္ေပ့မွာ တင္ခဲ့ကာ အခုလို ကေလးေတြက ေတာင္းဆိုတဲ့ ဝန္ေဆာင္မႈေတြကိုလည္း စခန္းက လ်စ္လ်ဴမရႈပါဘူးလို႔ ဆိုခဲ့ပါတယ္။
ဒါေပမဲ့ အရာရွိက ေသခ်ာရွင္းျပခဲ့တာက ကေလးက အခုလိုမွာတာကို သူက လာပို႔ခဲ့ရတာမ်ိဳးက သူ႔ကို တကယ္လိုအပ္တဲ့ ေနရာမ်ိဳးေတြ လြတ္သြားႏိုင္တာေၾကာင့္ ရဲဌာနရဲ႕ စည္းကမ္းေလးေတြကို သတိျပဳေပးဖို႔ လိုမယ္လို႔ ျပည္သူေတြကို အသိေပးခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ေပ်ာ္စရာ ေန႔လယ္စာဆိုတဲ့ ကေလးေလးေတြက အရာရွိကို မုန႔္မွာတဲ့ ကိစၥက ေရပန္းစားေနတဲ့အေပၚ ရဲဌာနက အခုလို ျပန္ရွင္းျပခဲ့တာလည္း ျဖစ္ပါတယ္။
သူေရး(ဆန္းသစ္စ)
Unicode
ဗိုက်ဆာလို့ ရဲစခန်းကို ဖုန်းလှမ်းဆက်တဲ့ ကလေးလေးကို ကိုယ်တိုင် မုန့်လာပို့ပေးခဲ့တဲ့ ရဲအရာရှိရဲ့ လေးစားဖွယ်လုပ်ရပ်
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ နေတဲ့ အသက် (၅)နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ ဗိုက်ဆာတဲ့အတွက် မက်ဒေါနယ်ဆိုင်ကနေ မုန့်စားချင်တဲ့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲအရာရှိက အသေအချာမေးခဲ့ပြီးတဲ့ ကလေးဆီကို မုန့်လာပို့တဲ့အဖြစ် ဖြစ်ပွားခဲ့ပါတယ်။
ချာလီလို့ခေါ်တဲ့ အသက် (၅)နှစ်သားအရွယ် ကောင်လေးဟာ ဒေသရဲစခန်း မီဆာပူးလစ်ရဲဌာနကို ဖုန်းဆက်ခဲ့ပါတယ်။ သူဟာ မက်ဒေါနယ်စားချင်နေကြောင်းနဲ့ အခုအချိန်မှာ ဗိုက်ဆာနေကြောင်းကို လှမ်းပြောခဲ့ပါတယ်။
အရာရှိအန်တိုနီက ဖုန်းကိုင်ခဲ့ပြီး သားလေး အလျင်လိုနေလားလို့ ပြန်မေးခဲ့ပါတယ်။ ကလေးက ဟုတ်တယ်လို့ ပြောခဲ့ချိန်မှာ လိပ်စာကို လိုက်မှတ်ထားခဲ့ပါတယ်။
နောက်တော့ စခန်းကအရာရှိ စကော့ဗဲလ်ဒက်စ်က သူကင်းလှည့်ရမယ့်အချိန်နဲ့တိုက်ကာ ဖုန်းဆက်ပြီး (၁၅)မိနစ်အကြာမှာပဲ ကလေးရှိတဲ့နေရာကို မက်ဒေါနယ်နဲ့အတူ လာပို့ပေးခဲ့ပါတယ်။ ချာလီရဲ့ မိသားစုတွေ အိမ်မှာရှိနေကြပေမဲ့ ဖုန်းဆက်လိုက်တာကို မသိလိုက်ဘဲ အရာရှိရောက်လာမှ ဖြစ်ကြောင်းကုန်စင်ကို သိခဲ့ရပါတယ်။
အရာရှိက ကလေးငယ်နဲ့အတူတူ ဓာတ်ပုံရိုက်ကာ စခန်းရဲ့ မီဆာပူးလစ်ဖေ့ဘုတ်ပေ့မှာ တင်ခဲ့ကာ အခုလို ကလေးတွေက တောင်းဆိုတဲ့ ဝန်ဆောင်မှုတွေကိုလည်း စခန်းက လျစ်လျူမရှုပါဘူးလို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အရာရှိက သေချာရှင်းပြခဲ့တာက ကလေးက အခုလိုမှာတာကို သူက လာပို့ခဲ့ရတာမျိုးက သူ့ကို တကယ်လိုအပ်တဲ့ နေရာမျိုးတွေ လွတ်သွားနိုင်တာကြောင့် ရဲဌာနရဲ့ စည်းကမ်းလေးတွေကို သတိပြုပေးဖို့ လိုမယ်လို့ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပျော်စရာ နေ့လယ်စာဆိုတဲ့ ကလေးလေးတွေက အရာရှိကို မုန့်မှာတဲ့ ကိစ္စက ရေပန်းစားနေတဲ့အပေါ် ရဲဌာနက အခုလို ပြန်ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။
သူရေး(ဆန်းသစ်စ)
No Comments