ဗယ္လင္တိုင္းေဒးမွာ ကိုရီးယားသူေတြရဲ႕ အသဲကို ခိုးသြားတဲ့ ဂ်ီမင္
- By : Phoe Linn
- Category : Entertainment

ဗယ္လင္တိုင္းေဒးမွာ ကိုရီးယားသူေတြရဲ႕ အသဲကို ခိုးသြားတဲ့ ဂ်ီမင္
ကိုရီးယားဘိုး က ျပဳလုပ္တဲ့ ဆာေဗးတစ္ခုမွာ ေတာင္ကိုရီးယားက ေကာင္မေလးေတြရဲ႕ အသဲနလုံးေတြကို ဘီတီအက္စ္ အဆိုေတာ္ တစ္ဦးျဖစ္တဲ့ ဂ်ီမင္က ခိုးယူသြားပါတယ္လို႔ ေဖာ္ျပ ပါရွိပါတယ္။ ဆာေဗးက ဗယ္လင္တိုင္းေဒးမွာ ဘယ္သူ႔ကို ေခ်ာကလက္ ေပးခ်င္ သလဲလို႔ ေမးခြန္းကို အြန္လိုင္းေပၚတင္ၿပီး ဆႏၵျပဳခိုင္းပါတယ္။ အဲ့ဒိမွာ ေကေပါ့က နာမည္ႀကီး ဘီတီအက္စ္ ဝိုင္းက အဆိုေတာ္ သီခ်င္းေရးသမားေလး ဂ်ီမင္ကို ဗုတ္တင္ ဝိုင္းေပးလိုက္လို႔ နံပါတ္တစ္ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္း ဆီ ခိုင္ ေန ရာ ကို ရ ခဲ့ ပါ တယ္ ။
ဗုတ္တင္ ေပးတဲ့ မဲ ၄၆၀၂၆မဲမွာ ေသာင္ၿပိဳ ကမ္းၿပိဳ မဲအေရအတြက္ ၂၃၈၄၂ မဲနဲ႔ ဂ်ီမင္က နံပါတ္တစ္ေနရာခ်ိပ္ခဲ့တာပါ။ မဲအေရ အတြက္ အားလုံးရဲ႕ ၅၁.၈ % ကိုရခဲ့ပါတယ္။ အဲ့ဒိေမးခြန္မွာ တြဲၿပီးေမးတဲ့ေမးခြန္း ဘာေၾကာင့္လဲဆိုတာကို အေျဖေပးတဲ့လူတိုင္းက ဂ်ီမင္ရဲ႕ အၿပဳံးေလးေၾကာင့္ပါလို႔ ေျဖၾကပါတယ္။ ဂ်ီမင္ရဲ႕ မ်က္ႏွာေလးက ေအးခ်မ္းၿပီး ခ်စ္စရာေကာင္းတဲ့အမႈအယာေတြေၾကာင့္လို႔လည္း ေျဖၾကတယ္။ အြန္လိုင္းေပၚက ဆာေဗးကို ကုမၸဏီတစ္ခုက ေနာက္ေၾကာင္းလိုက္ စစ္ေဆးမႈေတြကို လုပ္ေတာ့ ဗုတ္တင္မဲေပးတဲ့ သူအမ်ားစုက ေတာင္ကိုရီးယားက အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းသူေတြ ျဖစ္ေနတယ္ ဆိုတာကို သိ လိုက္ ရ ပါ တယ္ ။
ကုမၸဏီရဲ႕ စီအီးအိုက “ ဂ်ီမင္ကို ဝိုင္းၿပီးေ႐ြးခ်ယ္ၾကတာကေတာ့ သူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့အမႈအယာေၾကာင့္ပါ။ သူ႔ရဲ႕အၿပဳံးက ေတာက္ပၿပီး လႈိက္လွဲပါတယ္။ သူ႔ရဲ႕ေနထိုင္ သြားလာတဲ့ ဟန္ကိုက အမ်ိဳးသမီးေတြရဲ႕ နလုံးသားကိုခိုးယူသြားတာပါ”လို႔ဆိုတယ္။ အဆိုေတာ္ ေကာင္ဒန္နီရယ္က ၁၇၇၃၈ မဲနဲ႔ ဒုတိယလိုက္ၿပီး အဆိုေတာ္႐ုပ္ရွင္မင္းသား လီေဆာင္းဂ်ီက ၂၆၆၁ မဲနဲ႔ တတိယနဲ႔ ႐ုပ္ရွင္မင္းသား ပတ္ဘိုဂမ္က ၁၇၁၅ မဲ နဲ႔ စတုတၳ ေနရာကို ရ ရွိ ခဲ့ ပါ တယ္ ။
ကိုးရီးယားဘိုး က ေဖေဖာ္ဝါရီလ ၂၃ရက္ေန႔မွာ ဘီတီအက္စ္ အဖြဲ႕က အေမရိကန္တီဗီရႈိးမွာ သူတို႔ရဲ႕ သီခ်င္းသစ္ျဖစ္တဲ့ Map of the Soul ကိုထုတ္လႊင့္လိမ့္မယ္လို႔လည္း ေၾကညာ သြား ခဲ့ ပါ တယ္ ။
ေမာင္ယႆ REF:Msn .com photo;allkpop
Unicode
ဗယ်လင်တိုင်းဒေးမှာ ကိုရီးယားသူတွေရဲ့ အသဲကို ခိုးသွားတဲ့ ဂျီမင်
ကိုရီးယားဘိုး က ပြုလုပ်တဲ့ ဆာဗေးတစ်ခုမှာ တောင်ကိုရီးယားက ကောင်မလေးတွေရဲ့ အသဲနလုံးတွေကို ဘီတီအက်စ် အဆိုတော် တစ်ဦးဖြစ်တဲ့ ဂျီမင်က ခိုးယူသွားပါတယ်လို့ ဖော်ပြ ပါရှိပါတယ်။ ဆာဗေးက ဗယ်လင်တိုင်းဒေးမှာ ဘယ်သူ့ကို ချောကလက် ပေးချင် သလဲလို့ မေးခွန်းကို အွန်လိုင်းပေါ်တင်ပြီး ဆန္ဒပြုခိုင်းပါတယ်။ အဲ့ဒိမှာ ကေပေါ့က နာမည်ကြီး ဘီတီအက်စ် ဝိုင်းက အဆိုတော် သီချင်းရေးသမားလေး ဂျီမင်ကို ဗုတ်တင် ဝိုင်းပေးလိုက်လို့ နံပါတ်တစ် ပျိုတိုင်းကြိုက်တဲ့ နှင်း ဆီ ခိုင် နေ ရာ ကို ရ ခဲ့ ပါ တယ် ။
ဗုတ်တင် ပေးတဲ့ မဲ ၄၆၀၂၆မဲမှာ သောင်ပြို ကမ်းပြို မဲအရေအတွက် ၂၃၈၄၂ မဲနဲ့ ဂျီမင်က နံပါတ်တစ်နေရာချိပ်ခဲ့တာပါ။ မဲအရေ အတွက် အားလုံးရဲ့ ၅၁.၈ % ကိုရခဲ့ပါတယ်။ အဲ့ဒိမေးခွန်မှာ တွဲပြီးမေးတဲ့မေးခွန်း ဘာကြောင့်လဲဆိုတာကို အဖြေပေးတဲ့လူတိုင်းက ဂျီမင်ရဲ့ အပြုံးလေးကြောင့်ပါလို့ ဖြေကြပါတယ်။ ဂျီမင်ရဲ့ မျက်နှာလေးက အေးချမ်းပြီး ချစ်စရာကောင်းတဲ့အမှုအယာတွေကြောင့်လို့လည်း ဖြေကြတယ်။ အွန်လိုင်းပေါ်က ဆာဗေးကို ကုမ္ပဏီတစ်ခုက နောက်ကြောင်းလိုက် စစ်ဆေးမှုတွေကို လုပ်တော့ ဗုတ်တင်မဲပေးတဲ့ သူအများစုက တောင်ကိုရီးယားက အလယ်တန်းနဲ့ အထက်တန်းကျောင်းသူတွေ ဖြစ်နေတယ် ဆိုတာကို သိ လိုက် ရ ပါ တယ် ။
ကုမ္ပဏီရဲ့ စီအီးအိုက “ ဂျီမင်ကို ဝိုင်းပြီးရွေးချယ်ကြတာကတော့ သူ့ရဲ့ချစ်စရာကောင်းတဲ့အမှုအယာကြောင့်ပါ။ သူ့ရဲ့အပြုံးက တောက်ပပြီး လှိုက်လှဲပါတယ်။ သူ့ရဲ့နေထိုင် သွားလာတဲ့ ဟန်ကိုက အမျိုးသမီးတွေရဲ့ နလုံးသားကိုခိုးယူသွားတာပါ”လို့ဆိုတယ်။ အဆိုတော် ကောင်ဒန်နီရယ်က ၁၇၇၃၈ မဲနဲ့ ဒုတိယလိုက်ပြီး အဆိုတော်ရုပ်ရှင်မင်းသား လီဆောင်းဂျီက ၂၆၆၁ မဲနဲ့ တတိယနဲ့ ရုပ်ရှင်မင်းသား ပတ်ဘိုဂမ်က ၁၇၁၅ မဲ နဲ့ စတုတ္ထ နေရာကို ရ ရှိ ခဲ့ ပါ တယ် ။
ကိုးရီးယားဘိုး က ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ ဘီတီအက်စ် အဖွဲ့က အမေရိကန်တီဗီရှိုးမှာ သူတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ Map of the Soul ကိုထုတ်လွှင့်လိမ့်မယ်လို့လည်း ကြေညာ သွား ခဲ့ ပါ တယ် ။
မောင်ယဿ REF:Msn .com photo;allkpop
No Comments