ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ

ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ
Fashion and Beauty

ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈနဲ႔တရားစြဲခံရ

ဗစ္တိုးရီးယားဆီးကရက္ ဖက္ရွင္ရႈိး အမႈေဆာင္အရာရွိ အိဒ္ရာဇတ္ကေတာ့ တစ္ႏွစ္ထက္ တစ္ႏွစ္ မ႐ိုးရေအာင္ကို တရားစြဲ ခံေနရပါတယ္။ ၿပီးခဲ့တဲ့ အပတ္က ထြက္တဲ့ နယူးေယာက္ခ္တိုင္းမ္ မဂၢဇင္းမွာ ေမာ္ဒယ္ ဘယ္လာဟာဒစ္က သူမကို အဝတ္လဲခန္းက အထြက္မွာ အိဒ္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ လုပ္ခဲ့တယ္လို႔ ေဖာ္ျပပါရွိပါတယ္။

ေမာ္ဒယ္ေတြကို ရႈိးမွာ လမ္းေလွ်ာက္ဖို႔ ျပင္ေပးတဲ့ ေနရာမွာ အိဒ္ကဘာေတြ ဘယ္လိုဝတ္ရမယ္ ဘယ္သူေတြ အရင္ထြက္ ဘယ္သူက ေနာက္မွထြက္ အေသးစိတ္ စစ္ေဆးတဲ့ ေနရာမွာ လုပ္ရပါတယ္။ အဲ့ေတာ့ စကားေတြက နင့္နင့္သီးသီးေတြ ေျပာျဖစ္သြားတာလည္း ပါပါတယ္။ တစ္ခါတစ္ေလ လက္နဲ႔ ကိုင္တြယ္ နယ္ဖက္ရတာေတြလည္း ရွိပါတယ္။

အဲ့ဒါ ေၾကာင့္ သူက ႏွစ္တိုင္းလိုလို လိင္ပိုင္းဆိုင္ရာ အေစာ္ကားခံရတယ္ဆိုၿပီး တရားစြဲခံရပါတယ္။ ဗစ္တိုးရီးယားဆီးကရက္ ရႈိးပြဲဆိုတာ အမ်ိဳးသမီး အမ်ိဳးသား အတြင္းခံေတြကို ေၾကာ္ျငာတဲ့ ရႈိးပြဲေတြျဖစ္လို႔ အဝတ္လဲခန္းမွာက လုံးတီးေတြလဲရ တာျဖစ္လို႔ စင္ေနာက္ဖက္ျခမ္းမွာ လုံၿခဳံေရးေတြ တင္းက်ပ္တဲ့အျပင္ ေလွ်ာက္လမ္းကေန အဝတ္လဲခန္းကို အကာအရံေတြနဲ႔ သြားရတာပါ။

အဲ့ဒီေနရာမွာ လူစိမ္း ၃ ဦးကို အိဒ္က လက္ခံထားတယ္လို႔ ဘယ္လာဟာဒစ္က ဆိုတယ္လို႔ နယူးေယာက္ခ္တိုင္းမ္က ေျပာပါတယ္။ အိဒ္က “က်ေနာ္ကို ေတာင္းပန္ပါဆို ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ေလွ်ာက္လမ္းေပၚကို ရင္သား (ႏို႔သီးေခါင္းလို႔ သူဆို) တန္းလန္းနဲ႔ မထြက္ေအာင္ လုပ္ရမွာက က်ေနာ့္ တာဝန္ပဲ မဟုတ္လား။

စင္ေနာက္မွာ ေလာေလာနဲ႔ သူတို႔က ဟိုေမ့ဒီေမ့ေတြ အၿမဲ ျဖစ္ေနၾကေလ။ ၄၅ မိနစ္စာ ရႈိးပြဲတစ္ခုကို ေၾကးႀကီးေပးၿပီး လာၾကည့္တဲ့ သူေတြအတြက္ ေက်နပ္ေအာင္ လုပ္ရတာပါ။ လုပ္ငန္းသေဘာအရ ညစ္ညစ္ပတ္ပတ္ေတြ ေျပာမိတာေတြလည္း ရွိပါတယ္။ ဒါကိုလိင္ပိုင္းဆိုင္ရာ ေစာ္ကားတယ္လို႔ တရားစြဲရင္ ဘယ္တတ္ႏိုင္ပါ့မလဲ” လို႔ဆိုတယ္။

အိဒ္ကို ေနာက္ေမာ္ဒယ္တစ္ေယာက္က အတြင္းခံ ေတာ္မေတာ္ လက္နဲ႔စမ္းသက္တယ္ဆိုၿပီး လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈနဲ႔ တရားစြဲထားပါေသးတယ္။ အိဒ္ရဲ႕ ေနရာက ကုန္ပစၥည္းေၾကာ္ညာ အရာရွိခ်ဳပ္ ေနရာပါ ။ ရႈိးပြဲမွာ ပစၥည္း မမွားဖို႔နဲ႔ အမွတ္တံဆိပ္ေတြ မလြဲဖို႔အတြက္ တာဝန္ယူထားရပါတယ္။

အခုေတာ့ ကုမၸဏီက အိဒ္ကို အနားေပးၿပီး ရႈိးပြဲေတြကိုလည္း ပိတ္ဖို႔ စီစဥ္ထားပါတယ္။ ေနာက္ၿပီးလိင္ပိုင္းဆိုင္ရာ အေစာ္ကားခံရသူေတြ အတြက္ တိုင္ရန္ဖုန္နံပါတ္ေတြကိုလည္း မဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။

ေမာင္ယႆ REF: Asiaone photo;yahoo finance

Unicode

ဗစ်တိုးရီးယားဆီးကရက် ဖက်ရှင်ရှိုး အမှုဆောင်အရာရှိ လိင်ပိုင်ဆိုင်ရာ စော်ကားမှုနဲ့တရားစွဲခံရ

ဗစ်တိုးရီးယားဆီးကရက် ဖက်ရှင်ရှိုး အမှုဆောင်အရာရှိ အိဒ်ရာဇတ်ကတော့ တစ်နှစ်ထက် တစ်နှစ် မရိုးရအောင်ကို တရားစွဲ ခံနေရပါတယ်။ ပြီးခဲ့တဲ့ အပတ်က ထွက်တဲ့ နယူးယောက်ခ်တိုင်းမ် မဂ္ဂဇင်းမှာ မော်ဒယ် ဘယ်လာဟာဒစ်က သူမကို အဝတ်လဲခန်းက အထွက်မှာ အိဒ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

မော်ဒယ်တွေကို ရှိုးမှာ လမ်းလျှောက်ဖို့ ပြင်ပေးတဲ့ နေရာမှာ အိဒ်ကဘာတွေ ဘယ်လိုဝတ်ရမယ် ဘယ်သူတွေ အရင်ထွက် ဘယ်သူက နောက်မှထွက် အသေးစိတ် စစ်ဆေးတဲ့ နေရာမှာ လုပ်ရပါတယ်။ အဲ့တော့ စကားတွေက နင့်နင့်သီးသီးတွေ ပြောဖြစ်သွားတာလည်း ပါပါတယ်။ တစ်ခါတစ်လေ လက်နဲ့ ကိုင်တွယ် နယ်ဖက်ရတာတွေလည်း ရှိပါတယ်။

အဲ့ဒါ ကြောင့် သူက နှစ်တိုင်းလိုလို လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတယ်ဆိုပြီး တရားစွဲခံရပါတယ်။ ဗစ်တိုးရီးယားဆီးကရက် ရှိုးပွဲဆိုတာ အမျိုးသမီး အမျိုးသား အတွင်းခံတွေကို ကြော်ငြာတဲ့ ရှိုးပွဲတွေဖြစ်လို့ အဝတ်လဲခန်းမှာက လုံးတီးတွေလဲရ တာဖြစ်လို့ စင်နောက်ဖက်ခြမ်းမှာ လုံခြုံရေးတွေ တင်းကျပ်တဲ့အပြင် လျှောက်လမ်းကနေ အဝတ်လဲခန်းကို အကာအရံတွေနဲ့ သွားရတာပါ။

အဲ့ဒီနေရာမှာ လူစိမ်း ၃ ဦးကို အိဒ်က လက်ခံထားတယ်လို့ ဘယ်လာဟာဒစ်က ဆိုတယ်လို့ နယူးယောက်ခ်တိုင်းမ်က ပြောပါတယ်။ အိဒ်က “ကျနော်ကို တောင်းပန်ပါဆို တောင်းပန်ပါတယ်။ ဒါပေမဲ့ လျှောက်လမ်းပေါ်ကို ရင်သား (နို့သီးခေါင်းလို့ သူဆို) တန်းလန်းနဲ့ မထွက်အောင် လုပ်ရမှာက ကျနော့် တာဝန်ပဲ မဟုတ်လား။

စင်နောက်မှာ လောလောနဲ့ သူတို့က ဟိုမေ့ဒီမေ့တွေ အမြဲ ဖြစ်နေကြလေ။ ၄၅ မိနစ်စာ ရှိုးပွဲတစ်ခုကို ကြေးကြီးပေးပြီး လာကြည့်တဲ့ သူတွေအတွက် ကျေနပ်အောင် လုပ်ရတာပါ။ လုပ်ငန်းသဘောအရ ညစ်ညစ်ပတ်ပတ်တွေ ပြောမိတာတွေလည်း ရှိပါတယ်။ ဒါကိုလိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ တရားစွဲရင် ဘယ်တတ်နိုင်ပါ့မလဲ” လို့ဆိုတယ်။

အိဒ်ကို နောက်မော်ဒယ်တစ်ယောက်က အတွင်းခံ တော်မတော် လက်နဲ့စမ်းသက်တယ်ဆိုပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲထားပါသေးတယ်။ အိဒ်ရဲ့ နေရာက ကုန်ပစ္စည်းကြော်ညာ အရာရှိချုပ် နေရာပါ ။ ရှိုးပွဲမှာ ပစ္စည်း မမှားဖို့နဲ့ အမှတ်တံဆိပ်တွေ မလွဲဖို့အတွက် တာဝန်ယူထားရပါတယ်။

အခုတော့ ကုမ္ပဏီက အိဒ်ကို အနားပေးပြီး ရှိုးပွဲတွေကိုလည်း ပိတ်ဖို့ စီစဉ်ထားပါတယ်။ နောက်ပြီးလိင်ပိုင်းဆိုင်ရာ အစော်ကားခံရသူတွေ အတွက် တိုင်ရန်ဖုန်နံပါတ်တွေကိုလည်း မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

မောင်ယဿ REF: Asiaone photo;yahoo finance

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ
International-news
႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ

႐ူေမးနီးယား ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ေဘာလုံးကလပ္ကိုဝယ္ယူ မၾကာေသးခင္က ႐ူေမးနီးယားေဘာလုံးေလာကမွာ အေအာင္ျမင္ဆုံးေအးဂ်င့္ ျဖစ္လာတဲ့ ပေလးဘြိဳင္း ေမာ္ဒယ္ ေဟာင္းက အေႂကြးေတြဝိုင္းေနတဲ့ ႐ူေမးနီးယားထိပ္တန္းေဘာလုံး ကလပ္တစ္ခု ဟာမန္စ္တက္ ေဘာလုံး ကလပ္ကို ဝယ္ယူႏိုင္ခဲ့ပါတယ္။ အန္နာမာရီယာပ႐ိုဒန္ရက္ဂရီကမ့္(၄၇ႏွစ္) က ဆီဘူးၿမိဳ႕ အေျခစိုက္ ေဘာလုံးအသင္းကို ေအာင္ျမင္စြာ ဝယ္ယူၿပီးေနာက္ မွာေတာ့ ဟာမန္စ္တက္က က်မနဲ႔ အတူ ဘဝအသစ္တစ္ခုကို ဖန္တီးႏိုင္ေတာ့မွာ ပါလို႔ဆိုတယ္။ ေငြေၾကးဆိုင္ရာကိစၥကိုေတာ့ထုတ္ျပန္ျခင္းေတာ့ မရွိပါ။ ႐ိုေမးနီးယား မီဒီယာေတြကေတာ့ ၂၀၁၅ ခုႏွစ္မွာ တည္ေထာင္ထားတဲ့ အဲ့ဒိကလပ္က ၂၀၁၈မွာ အဆင့္ျမင္တန္းမွာစကန္ႏိုင္ခဲ့ေပမဲ့ ခန႔္မွန္းေျခ အေႂကြး ကန္ေဒၚလာ၁သန္းေလာက္ရွိမယ္လို႔ သုံးသပ္ၾကပါ တယ္။ ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းက ႐ူေမးနီးယားကေန အန္ဒါလက္ခ်္ အသင္းကိုကန္ေဒၚလာ …

မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္
International-news
မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္

မာယာမ်ားတဲ့ နယူးေယာက္ခ္ရဲေတြေၾကာင့္ တြစ္တာေပၚမွာ ရန္ေတြျဖစ္ကုန္ ဆႏၵျပ မႈမ်ားကို မနိမ္ႏွင္းခင္မွာ နယူးေယာက္ခ္ ရဲေတြက ဆႏၵျပသူ ေတြနဲ႔ တစ္သားထဲ ရွိေၾကာင္း ဆႏၵျပသူ ေတြရဲ႕ ေရွ႕မွာ ရဲအခ်ိဳ႕က ဒူးေထာက္ၿပီး ေနျပတဲ့ပုံေတြရယ္ ဆႏၵျပသူေတြကို အၾကမ္း ဖက္ေန တဲ့ပုံေတြက လိုင္းေပၚမွာ ပလူပ်ံလာေတာ့ ရဲေတြက ၿငိမ္းခ်မ္းေရးကို အလိုရွိတယ္ ။ ရဲေတြက အၾကမ္းဖက္တယ္ ဆိုတဲ့ သေဘာထားေတြ ကြဲလြဲမႈ ျဖစ္လာပါတယ္ ။ တစ္ဘက္နဲ႔ တစ္ဘက္ မင္းတို႔ ပုံေတြက သက္သက္ ဝါဒျဖန႔္ တာဆိုၿပီး အျငင္းပြားမႈ ေတြျဖစ္ကာ စကားလုံးေတြနဲ႔ ရန္ျဖစ္ ကုန္ၾကပါတယ္ ။ ပုံမွာပါတာက …

ေကေပါ့ပ္ အဆိုေတာ္နာမည္ မေလးစကားနဲ႔ ဝက္မႀကီးလို႔ အဓိပၸါယ္ထြက္လို႔ အေလွာင္ခံရ
International-news
ေကေပါ့ပ္ အဆိုေတာ္နာမည္ မေလးစကားနဲ႔ ဝက္မႀကီးလို႔ အဓိပၸါယ္ထြက္လို႔ အေလွာင္ခံရ

ေကေပါ့ပ္ အဆိုေတာ္နာမည္ မေလးစကားနဲ႔ ဝက္မႀကီးလို႔ အဓိပၸါယ္ထြက္လို႔ အေလွာင္ခံရ အေမရိကန္ အဆိုေတာ္ ကေခ်သည္ စမန္သာဂ်ိမ္းကို လိုင္းေပၚမွာ စကားလုံးေတြနဲ ညႇင္းပန္းႏွိပ္စက္မႈက သူသိမ်ား ေက်ာ္ၾကားခဲ့ သလို အခုလည္း ေကေပါ့ပ္က နာမည္ႀကီး အဆိုေတာ္ ဘာဘီကို မေလးရွား ဖန္ေတြက လိုင္းေပၚကေနဝိုင္းၿပီး ေလွာင္ေျပာင္ သေရာ္ေနပါတယ္ ။ ဘာဘီနဲ႔ မေလးရွား လိုင္းသုံးသူမ်ား ၾကားက အေျခအတင္ ျဖစ္မႈက တစ္စစ လူသိမ်ားလာၿပီး ဘာဘီ တင္တဲ့ပို႔စ္ကို ဝိုင္းရွယ္ ၾကေတာ့တာပါပဲ ။ ေတာင္ကိုရီးယား FLY WITH ME အမ်ိဳးသမီးဝိုင္းက အဆိုေတာ္ ဆိုေယာင္းကို ဘာဘီလို႔ လူသိမ်ားပါတယ္ ။ …