
International-news






မောင်ယဿ


Unicode

ဖူဂျစ်ဆုက ဉာဏ်ရည်တု AI နည်းပညာသုံး လက်ဆေးမှုကို စတင်နိုင်ခဲ့

ကော်ရိုနာ ဗိုင်းရက်ကို တိုက်ဖျက်တဲ့ နေရာမှာ လက်ကိုဆပ်ပြာနဲ့ဆေးကြောတာက အကောင်းဆုံး ကာကွယ် နည်း တစ်ရပ်ဖြစ်ပါတယ် ။ လက်ရှိ တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် နိုင်ငံတွေက ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ခွင့်ပြုတဲ့နေရာမှာ လူစုလူဝေးနဲ့ ရှိနိုင်တဲ့ နေရာတွေမှာ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့အတွက် အရေးတကြီး လုပ်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ် ။ ဖူဂျစ်ဆု နည်းပညာ ကုမ္ပဏီက လက်ဆေးဖို့နဲ့ လက်ကို ဆပ်ပြာနဲ့ ဆေးမဆေး စစ်ဆေးတဲ့ နည်းပညာတစ်ခုကို တီထွင် ခဲ့ပါတယ် ။

ကျန်းမာရေးစောက်ရှောက်မှု လုပ်ငန်းတွေ အရေးတကြီး လိုအပ်တာက လူမျိုးစုံ လာတဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေနဲ့ အစားအသောက် လုပ်ငန်းတွေပဲဖြစ်ပါတယ် ။ ရာဇဝတ်မှုကျူးလွန်ခြင်း ရှိမရှိကို ကိုယ်ခန္တာ အပြုအမူ ကို စစ်ဆေးတဲ့ နည်းပညာကို အခြေခံပြီး လက်ကို ဆပ်ပြာနဲ့ဆေးမဆေး ၊ လက်ဆေး ထားခြင်းရှိမရှိ ၊ လက်ဆေးတဲ့ အခါမှာ လွယ်ကူချောမွေ့အောင် လုပ်ပေး နိုင်တဲ့ ဉာဏ်ရည်တု AI နည်းပညာကို တီထွင်ခဲ့ပါ တယ် ။

လက်ရှိက ဖူဂျစ်ဆုအနေနဲ့ အဲ့ဒိနည်းပညာကို ဈေးကွက်တင်ဖို့ အတွက် အချက်အလက်တွေ စုဆောင်းနေပါ တယ် ။ ကော်ရိုနာဗိုင်းရက် ပြန့်နှံ့မှုနဲ့ စပ်ဆိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ စားသောက်ကုန် လုပ်ငန်း တွေ စားသောက်ဆိုင်တွေရဲ့အမှာကတော့ ရှိနေပါပြီ ။ အများသုံးနိုင်အောင် လုပ်ဖို့အတွက် ဈေးနှုန်း သက်မှတ် ဖို့ရာကို စုံစမ်းနေတာပါလို့ ဖူဂျစ်ဆု သုတေသနမှူးက ဆိုတယ် ။ ကော်ရိုနာဗိုင်းရက် ပြန့်နှံ့လို့ ရပ်ထားရတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ စားသောက်ဆိုင် တွေက အစ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေအထိ အားလုံးက ရောဂါ ပြန့်နှံ့ မှုမရှိအောင် လုပ်ငန်းတွေ ပြန်လည် လည်ပတ် ချင်နေပါတယ် ။

အဲ့ဒိအချိန်မှာ ရောဂါပိုး မကူးစက်နိုင်တဲ့ နည်းပညာတွေကို လိုချင်နေကြပါတယ် ။ ဖူဂျစ်ဆုက WHO ကချမှတ်ထားတဲ့ အချက် ၆ ချက် လက်ဆေးခြင်းကို လိုက်နာတဲ့ နည်းပညာ ကိုလည်း ထည့်သွင်း ထားပါတယ် ။ အလုပ်သမားတွေနဲ့ ဧည့်သည်တွေ ကို အလွယ်တကူ လက်ဆေး နိုင်ဖို့ လုပ်ပေးရင် သတိပေးချက်တွေကို ထုတ်ပြန် ပေးသွားမှာပါ ။ လက်ဆေး နေစဉ်မှာလည်း နှစ်သက်ရာ မြူးဇစ်ကို နားဆင် နိုင်အောင် လို့ကိုလည်း ပြုလုပ်ထားပါတယ် ။

မောင်ယဿ

REF: japan today / Photo:stocky united

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …