သူရေး (ဆန်းသစ်စ)
Unicode
ဖုန်းမှာနာရီကြည့်လို့ရနေတဲ့အတွက် ရိုးရိုးလက်တံနာရီကို ကျောင်းသားငယ်လေးတွေ မကြည့်တတ်တော့ဟုဆို
တိုင်ကပ်နာရီ အဖြစ် ကျောင်းတွေမှာ ကပ်ထားတဲ့ နာရီတွေ အစား နံပါတ်တွေနဲ့ အချိန်ကို တိုက်ရိုက် ဖော်ပြတဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ကလေးငယ်တွေ ကြည့်ဖို့ ယူကေက ကျောင်းတွေမှာ ပြောင်းလဲ တပ်ဆင်နေပြီ ဖြစ်တယ်လို့ ကျောင်းတွင်းဆရာမတွေရဲ့ ပြောကြားချက် အရ သိရပါတယ် ။
လက်တံအတို ၊ အရှည်နှစ်ခုနဲ့ အချိန်ကို ကြည့်ရတဲ့ နာရီကို မူလတန်းနဲ့ မူကြိုကလေးငယ်တွေဟာ ကြည့်ဖို့ သင်ကြားပေးရ တာဟာ အလုပ်တစ်ခုလို ဖြစ်နေ ပါတယ်။ ကလေးတွေ အနေနဲ့ နာရီ ကြည့်ရာမှာ အခက်အခဲ ရှိနေပြီး အချိန်ကို အတိအကျ မပြောနိုင်တဲ့ အပေါ် ကျောင်းတွေဟာ ဒစ်ဂျစ်တယ် နာရီတွေ ပြောင်းလဲ တပ်ဆင်ဖို့ ကြိုးစားနေတာပါ ။
ဒီလို ဖြစ်ရတဲ့ အကြောင်းရင်း အနေနဲ သင်ထောက်ကူပစ္စည်းတွေ အဖြစ် ကွန်ပျူတာ ၊ ဖုန်းစတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေနဲ့ပဲ ကလေးတွေက ရင်းနှီးနေတဲ့အပေါ် လက်တံနာရီတွေ မလိုအပ်တော့ဘူးလို့ ယူဆခဲ့ တာပါ ။
ဒါ့အပြင် စာမေးပွဲ ပုံစံလေးတွေ မေးခွန်းမေးတဲ့ အခါမှာလည်း မဖြေဆိုနိုင် ကြဘဲ ဘယ်နာနာရီ ရှိပြီလဲကို တော်တော်များများက မမှန်ကန် ကြဘူးလို့ သိရပါတယ် ။
ဒါ့အပြင် ဆက်စပ် ဆိုးကျိုးအနေနဲ့ ဖုန်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတာနဲ့အမျှ ကလေးတွေဟာ ခဲတံကို ကိုင်ဖို့ ပိုခက်ခက်လာပြီး၊ စာလုံးတွေ ရေးဖို့ကို အတော်လေး အားယူနေရတယ်လို့ ဆိုခဲ့ပါတယ် ။
စာသင်ကြားရေး စနစ်မှာ စာမရေးရတော့ဘဲ ဖုန်းတွေကနေ ရုပ်ပုံတွေ ရွေးခိုင်းတာမျိုးနဲ့ သင်ကြားကြတဲ့ အတွက် မူကြိုအရွယ်လေးတွေမှာ ပြဿနာ ဖြစ်နေတယ်လို့ ယူကေ ကျောင်းနဲ့ ကောလိပ် အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ခဲ့ ပါတယ် ။
ဒါပေမဲ့ ဆရာ ၊ ဆရာမတွေက ကလေးတွေအတွက် ဒစ်ဂျစ်တယ်ကို သုံးတတ်ဖို့ ကိုပဲ ပိုဦးစားပေး သင်ကြားနေပြီး တချို့ ကျောင်းတွေမှာ စာလုံးဝ မရေးရတဲ့အထိ သင်ကြားရေးမှာ ဒစ်ဂျစ်တယ်တွေက စိုးမိုးနေပြီ ဖြစ်ပါတယ် ။
သူရေး (ဆန်းသစ်စ)
No Comments