ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္

ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္
Entertainment

ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္

ေဘာလီးဝုဒ္မွာ ဆယ္လီ ျဖစ္လာၿပီ ဆိုရင္ ဝတ္တာ စားတာကို အရမ္း ဂ႐ုစိုက္ရပါတယ္။ တေလာက ဂရမၼီဆုေပးပြဲကို တက္ခဲ့တဲ့ ပရိယန္ကာ ခ်ိဳပရာဆိုရင္ ရင္သား တြဲလြဲက်ေနတာကို ေရွ႕ကြဲ ဂါဝန္နဲ႔ ပြဲတက္ခဲ့လို႔ အိႏၵိယ မီဒီယာေတြမွာ ေျပာလို႔မဆုံး ေဖာ္ျပလို႔ မဆုံး ျဖစ္ခဲ့ပါတယ္။

အမ်ားစုက ဘာပဲျဖစ္ျဖစ္ ၾကည့္ေကာင္းေအာင္ေတာ့ ဝတ္သင့္ပါတယ္လို႔ ေဝဖန္သူေတြက ေဝဖန္ခဲ့ပါတယ္။ ကရီနာကပူး ဆိုတာက ေဘာလီးဝုဒ္ရဲ႕ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ေနတဲ့ မင္းသမီးပါ။ သူမရဲ႕ ဖက္ရွင္ေတြက အိႏၵိယ အမ်ိဳးသမီးေတြ ၾကားမွာ အလြန္ ေရပန္းစားပါတယ္။

ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္

႐ိုးရာ ဝတ္စုံ ဖက္ရွင္ေတြမွာ ဆိုရင္လည္း အေရာင္ေဖ်ာ့ေတြကို လိုက္ဖက္ ညီညာေအာင္ ဝတ္ျပခဲ့လို႔ အသားမည္း အရဲဆင္ဆိုတဲ့ စကား ေပ်ာက္သြားေအာင္ကို အိႏၵိယမွာ အေရာင္ေပ်ာ့ ဆာရီေတြကို လိုက္ဝတ္ၾကေတာ့တာပါပဲ။

သူမက အိႏၵိယ ဖက္ရွင္ေလာက က နတ္ဘုရားမ တစ္ဦးပါ။ အဲ့လိုဖက္ရွင္နဲ႔ နာမည္ႀကီးေနတဲ့ မင္းသမီးက ေလဆိပ္မွာ ဖိုး႐ို႕ဖားယားေတြ ဝတ္ဆင္ၿပီး ျပန္လာေတာ့ လိုင္ေပၚမွာသူမရဲ႕ ပုံေတြ ျပန႔္သြားခဲ့ပါတယ္။

ေနာက္ၿပီးေတာ့ မီဒီယာေတြဆီကို ေရာက္သြားေတာ့ သူမရဲ႕ ဝတ္စားဆင္ယင္မႈ ကို ဝိုင္းေဝဖန ္အျပစ္တင္ ၾကေတာ့တာေပါ့။ အေပါစား ဝတ္စုံပြပြ ႀကီးကို ဝတ္ဆင္ထားၿပီး လူျမင္ကြင္းကို ေရာက္လာလို႔ ေဝဖန္ ခံလိုက္ရတာပါ။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး သူမက အင္တာဗ်ဴး တစ္ခုမွာ “ ဘာေတြ ျဖစ္ေနၾကတာလဲ။ က်မက ခရီးသြားေနတာပါ ၊ က်မကိုယ္ က်မ ဘာေတြ ျဖစ္ေနတယ္ ၊ဘာပုံ ထြက္ေနတယ္ ဆိုတာကို မစဥ္းစား အားပါဘူး။ တစ္ေယာက္ေယာက္က က်မကို ဓာတ္ပုံ ႐ိုက္သြားမယ္။ ရတယ္ ၊ ႐ိုက္လို႔ ရပါတယ္။ က်မက ေနာက္ဆုံးေပၚ ဘရန္းေတြ ဝတ္မထားပါဘူး။

ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္2

အရမ္း စိတ္ဝင္စားစရာ ျဖစ္ေအာင္ မဝတ္စား ထားပါဘူး။ ခရီးသြားေနတဲ့ အခါမွာေတာ့ ေပါ့ေပါ့ပါးပါး ေခ်ာင္ေခ်ာင္ ခ်ိခ်ိေတြ ဝတ္စားထားတယ္။ က်မက ဖက္ရွင္ရႈိးပြဲက ေလွ်ာက္လမ္း ေပၚမွာ မဟုတ္ဘူးေလ။

ပါတီပြဲလည္း မဟုတ္ ၊ ဆုေပးပြဲလို ၿပိဳင္ပြဲလို အခမ္းအနား ပြဲေတြလည္း မဟုတ္ဘူးေလ ။ ေလယာဥ္ကြင္းထဲ မွာပါ။ က်မကိုယ္ က်မ ဘယ္လို ဝတ္စားထားတယ္လို႔ ေတာင္ သတိ မထားမိပါဘူး။

တကယ္ပဲ အဲ့ဒိအခ်ိန္မွာ ဖက္ရွင္ဆန္ဆန္ေတြ ဝတ္စားထားမယ္ ဆိုရင္လည္း ႐ူးေၾကာင္ေၾကာင္ ႏိုင္ေနမယ္လို႔ က်မထင္ပါတယ္” လို႔ ေျဖခဲ့ပါတယ္။ သူမက သူမရဲ႕ စတိုင္ေတြကို ၾကည့္ခ်င္ရင္ လာမယ့္ ႐ုပ္ရွင္ေတြမွာ ၾကည့္လို႔ ေျပာပါတယ္။ လက္ရွိကေတာ့ သူမက ႐ုပ္ရွင္ ၃ကား ႐ိုက္ေနပါတယ္။

ေမာင္ယႆ REF: inhsort
Photo; pink villa

Unicode

ဖိုးရို့ဖားယားတွေဝတ်လို့ အဝေဖန်ခံ နေရတာကို ကရီနာကပူးတုန့်ပြန်

ဘောလီးဝုဒ်မှာ ဆယ်လီ ဖြစ်လာပြီ ဆိုရင် ဝတ်တာ စားတာကို အရမ်း ဂရုစိုက်ရပါတယ်။ တလောက ဂရမ္မီဆုပေးပွဲကို တက်ခဲ့တဲ့ ပရိယန်ကာ ချိုပရာဆိုရင် ရင်သား တွဲလွဲကျနေတာကို ရှေ့ကွဲ ဂါဝန်နဲ့ ပွဲတက်ခဲ့လို့ အိန္ဒိယ မီဒီယာတွေမှာ ပြောလို့မဆုံး ဖော်ပြလို့ မဆုံး ဖြစ်ခဲ့ပါတယ်။

အများစုက ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းအောင်တော့ ဝတ်သင့်ပါတယ်လို့ ဝေဖန်သူတွေက ဝေဖန်ခဲ့ပါတယ်။ ကရီနာကပူး ဆိုတာက ဘောလီးဝုဒ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေတဲ့ မင်းသမီးပါ။ သူမရဲ့ ဖက်ရှင်တွေက အိန္ဒိယ အမျိုးသမီးတွေ ကြားမှာ အလွန် ရေပန်းစားပါတယ်။

ရိုးရာ ဝတ်စုံ ဖက်ရှင်တွေမှာ ဆိုရင်လည်း အရောင်ဖျော့တွေကို လိုက်ဖက် ညီညာအောင် ဝတ်ပြခဲ့လို့ အသားမည်း အရဲဆင်ဆိုတဲ့ စကား ပျောက်သွားအောင်ကို အိန္ဒိယမှာ အရောင်ပျော့ ဆာရီတွေကို လိုက်ဝတ်ကြတော့တာပါပဲ။

ဖိုး႐ို႕ဖားယားေတြဝတ္လို႔ အေဝဖန္ခံ ေနရတာကို ကရီနာကပူးတုန႔္ျပန္3

သူမက အိန္ဒိယ ဖက်ရှင်လောက က နတ်ဘုရားမ တစ်ဦးပါ။ အဲ့လိုဖက်ရှင်နဲ့ နာမည်ကြီးနေတဲ့ မင်းသမီးက လေဆိပ်မှာ ဖိုးရို့ဖားယားတွေ ဝတ်ဆင်ပြီး ပြန်လာတော့ လိုင်ပေါ်မှာသူမရဲ့ ပုံတွေ ပြန့်သွားခဲ့ပါတယ်။

နောက်ပြီးတော့ မီဒီယာတွေဆီကို ရောက်သွားတော့ သူမရဲ့ ဝတ်စားဆင်ယင်မှု ကို ဝိုင်းဝေဖန ်အပြစ်တင် ကြတော့တာပေါ့။ အပေါစား ဝတ်စုံပွပွ ကြီးကို ဝတ်ဆင်ထားပြီး လူမြင်ကွင်းကို ရောက်လာလို့ ဝေဖန် ခံလိုက်ရတာပါ။

အဲ့ဒါနဲ့ ပတ်သက်ပြီး သူမက အင်တာဗျူး တစ်ခုမှာ “ ဘာတွေ ဖြစ်နေကြတာလဲ။ ကျမက ခရီးသွားနေတာပါ ၊ ကျမကိုယ် ကျမ ဘာတွေ ဖြစ်နေတယ် ၊ဘာပုံ ထွက်နေတယ် ဆိုတာကို မစဉ်းစား အားပါဘူး။ တစ်ယောက်ယောက်က ကျမကို ဓာတ်ပုံ ရိုက်သွားမယ်။ ရတယ် ၊ ရိုက်လို့ ရပါတယ်။ ကျမက နောက်ဆုံးပေါ် ဘရန်းတွေ ဝတ်မထားပါဘူး။

အရမ်း စိတ်ဝင်စားစရာ ဖြစ်အောင် မဝတ်စား ထားပါဘူး။ ခရီးသွားနေတဲ့ အခါမှာတော့ ပေါ့ပေါ့ပါးပါး ချောင်ချောင် ချိချိတွေ ဝတ်စားထားတယ်။ ကျမက ဖက်ရှင်ရှိုးပွဲက လျှောက်လမ်း ပေါ်မှာ မဟုတ်ဘူးလေ။

ပါတီပွဲလည်း မဟုတ် ၊ ဆုပေးပွဲလို ပြိုင်ပွဲလို အခမ်းအနား ပွဲတွေလည်း မဟုတ်ဘူးလေ ။ လေယာဉ်ကွင်းထဲ မှာပါ။ ကျမကိုယ် ကျမ ဘယ်လို ဝတ်စားထားတယ်လို့ တောင် သတိ မထားမိပါဘူး။

တကယ်ပဲ အဲ့ဒိအချိန်မှာ ဖက်ရှင်ဆန်ဆန်တွေ ဝတ်စားထားမယ် ဆိုရင်လည်း ရူးကြောင်ကြောင် နိုင်နေမယ်လို့ ကျမထင်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ သူမက သူမရဲ့ စတိုင်တွေကို ကြည့်ချင်ရင် လာမယ့် ရုပ်ရှင်တွေမှာ ကြည့်လို့ ပြောပါတယ်။ လက်ရှိကတော့ သူမက ရုပ်ရှင် ၃ကား ရိုက်နေပါတယ်။

မောင်ယဿ REF: inhsort
Photo; pink villa

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …