ဖရဲသီးနဲ့ ကျန်းမာလှပမှူ အရေးပါခြင်း ( ကျန်းမာပျော်ရွှင် ဝိတ်ကျချင်ရင် ဖရဲသီးကို စားပါ….)
ဖရဲသီးနဲ့ ကျန်းမာလှပမှူ အရေးပါခြင်း
Health
ဖရဲသီးနဲ့ ကျန်းမာလှပမှူ အရေးပါခြင်း ( ကျန်းမာပျော်ရွှင် ဝိတ်ကျချင်ရင် ဖရဲသီးကို စားပါ….)
ခေါင်းကိုက်နေပါ သလား???
သွေးတိုး ရှိနေလား???
ဝမ်းချုပ် နေလား???
ကျောက်ကပ်နဲ့ ဖရဲသီး
စန္ဒီမြင့်မိုရ်#
photo by google
Unicode
ဖရဲသီးနဲ့ ကျန်းမာလှပမူှ အရေးပါခြင်း ( ကျန်းမာပျော်ရွှင် ဝိတ်ကျချင်ရင် ဖရဲသီးကို စားပါ….)
ဖရဲသီးဟာ ရာသီစာသီးနှံ တစ်မျိုးဖြစ်ပြီး အခုဆိုရင် အချိန်မရွေး စားသုံးနိုင်နေပြီ… သူ့ရဲ့အကျိုးကို သိထားဖို့ လိုပါလိမ့်မယ်။ ဖရဲသီးဟာ အသားအရေကို လှပမူှ ပေးရုံသာမက ကိုယ်တွင်း ကလီစာများရဲ့ ကျန်မာမူှကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဖရဲသီဆိုတာနဲ့ အခွံအသား အစေ့ပါမကျန် ကျန်းမာရေးအတွက် အသုံးဝင်လှပါတယ်။ ဘီတာမင် စီ ၊ အေ ၊ ဘီ နဲ့ ဇင့်ဓာတ် သံဓာတ်တွေ ပါဝင်ပြီး ရေဓာတ် ၉၂ ရာခိုင်နူှန်း ပါဝင်တဲ့အတွက် ကိုယ်တွင်းရှိ အဆိပ် အတောက်များကို ရှင်းလင်း သုတ်သင် ပေးနိုင်ပါတယ်။
အခုလို ဆောင်းနှောင်ရာသီက စတင်လို့ နွေရာသီ တစ်လျှောက်လုံးမှာ ဖရဲသီးကို ပေါပေါများများ ဝယ်ယူနိုင်တယ် မဟုတ်ပါလား။ ဖရဲသီးကနေ ဘယ်လို အကျိုးတွေ ရရှိနိုင်ပြီး ဘယ်လို အကျိုးများရဘို့ ဘယ်လို စားသုံးရင် ရနိုင်မလည်းဆိုတာ ဖော်ပြပေးလိုက်မယ်နော်….
ခေါင်းကိုက်နေပါ သလား???
ဘာအတွက်မှန် းမသိပဲ ခေါင်းကိုက်ဝေဒနာကို သင်မကြာမကြာ ခံစားနေရပြီဆိုရင် ဖရဲသီးဖျော်ရည်ကို
မနက်ပိုင်း မည်သည့်အစာမှ မစားခင်မှာ သကြားလက်ဘက်ရည် တစ်ဇွန်းလောက်နဲ့ ရောစပ်ပြီး သောက်သုံးပေးပါ… ခေါင်းကိုက်ခြင်းဝေဒနာကို သက်သာ ပျောက်ကင်းကြောင်း သင် လက်တွေ့မြင်နိုင်မှာပါ။
ဝိန်လျော့ချင် သလား??? ဝလွန်းလို့ စိတ်ညစ်နေပါ သလား???
သင့်အတွက် အကောင်းဆုံး ဝိတ်ချနည်းဟာ အမြန်ဆုံး ထိရောက်စေမှာပါ။ အစားစားချင်စိတ် မကြာခဏ ဖြစ်ဖြစ်လာပြီး ဆာလောင်မူှ ဖြစ်ပေါ်လာချိန်မှာ တခြားသေ ာအစားအစာတွေကို မစားပဲ ဖရဲသီးကိုသာ စားသုံးပေးပါ။ အစာလည်းပြေစေပြီး ဝိတ်ကိုလည်း ထိန်းထားနိုင်ပါလိမ့်မယ်။ ဖရဲသီးကို သကြားမထည့်ပဲ ကြိတ်ချေပြီး ဖျော်ရည်အဖြစ် မနက်ခင်းနဲ့ ညစာ မစား ခင်အချိန်တို့မှာ သောက်သုံးပေးပါ။
သွေးတိုး ရှိနေလား???
ဖရဲသီးအစေ့ဟာ သွေးတိုးသမားများအတွက် အလွန်ထိရောက်တဲ့ သွေးထိမ်း ဆေးပဲ ဖစ်ပါတယ်။
ဖရဲသီးအစေ့တွေကို နေလှန်းပြီး တစ်ရက်အကြာမှာ အတွင်းက အဆံများကို လက်ဘက်ရည်ဇွန်း နှစ်ဇွန်းစာ ထုတ်ယူပြီး ရေနွေးနဲ့ တစ်နာရီခန့် ပြုတ်ပါ။
သုံးခွက်တစ်ခွက်တင် ကျန်တဲ့အခါ အရည်ကို စစ်ပြီး မနက်ခင်းတိုင်း ဘာအစာမှ မစားခင် သောက်သုံးပေးပါ။ သွေးတိုးသမားများအတွက် အကျိုးသက်ရောက်မူှ အထူးရရှိမှာ ဖြစ်ပါတယ်။
ဝမ်းချုပ် နေလား???
ဖရဲသီးမှာ အမျှင်ဓာတ်၊ ရေဓာတ်တွေ များစွာပါဝင်တာမို့ ဂမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
ဖရဲသီးကို နေ့လည်ခင်း အဆာပြေနဲ့ ညခင်းတွေမှာ စားသုံးပေးခြင်းဖြင့် ဝမ်းမှန်ခြင်းအကျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကျောက်ကပ်နဲ့ ဖရဲသီး
ဖရဲသီးဟာ ကျောက်ကပ်အတွက် အကျိုးများတဲ့ သီးနှံတစ်မျိားပဲ ဖြစ်ပါတယ်။ အိပ်မပျော်သူတွေ သတိမေ့လျော့တတ်သူတွေအတွက် ဖရဲသီးက အကောင်းဆုံး အားတိုးဆေး တစ်လက်ဖြစ်ပါတယ်။
ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်စစ်၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ ဗီတာမင်ဘီ စတဲ့ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ မနက်ပိုင်း အစားအစာ မစားရသေးခင်မှာ ဖရဲသီး စားသုံးပေးခြင်းသည် ကျောက်ကပ်အား သဘာဝနည်းအရ သန့်စင် ဆေးကြောပေးခြင်းနှင့် တူပေ၏။
ဖရဲသီးအခွံမှ အဖြူသားကို ကျောက်တည်သူများ စားသုံးပေးပါက ကျောက်ကျေနိုင်ပါတယ်။ ကွမ်းယာစားတတ်သူများနဲ့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။
မှတ်ဉာဏ်ပိုင်းဆိုင်ရာ အကျိုး
ဖရဲသီးဟာ မှတ်ဉာဏ်အားကို သိသိသာသာ ကောင်းမွန်စေတာမို့ ကလေးငယ်များနဲ့ရော အသက်အရွယ်ကြီးသူများအတွက်ပါ သင့်တော်လှပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် ဖရဲသီးအစေ့ရဲ့ အတွင်းအဆံကို လေးငါးစေ့လောက် စားသုံးပေးရုံမျှနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပိုမိုအားကောင်းလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင် ဝိတ်ကျချင်ရင် ဖရဲသီးကို စားပါ….
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …