ဖခင္အုပ္စိုးေသာေခတ္ကို ခ်န္ခဲ့ထားမယ့္ ေဘာလီးဝုဒ္က ဖက္ရွင္ဘုရင္မ

ဖခင္အုပ္စိုးေသာေခာတ္ကို ခ်န္ခဲ့ထားမယ့္ ေဘာလီးဝုဒ္က ဖက္ရွင္ဘုရင္မ
Entertainment

ဖခင္အုပ္စိုးေသာေခတ္ကို ခ်န္ခဲ့ထားမယ့္ ေဘာလီးဝုဒ္က ဖက္ရွင္ဘုရင္မ

ဆိုနမ္ကပူးဆိုတာ ႐ုပ္ရွင္မင္းသား မင္းသားအန္ေနးကပူးရဲ႕ သမီးျဖစ္ၿပီး ေဘာလီးဝုဒ္က ဖက္ရွင္ ဘုရင္မလို႔ တင္စားထားတဲ့ မင္းသမီး တစ္လက္ပါ။ ဆိုနမ္က ဂြက်က် မင္းသမီးတစ္လက္ပါ။ LGBTQေတြကို ျပတ္ျပတ္သားသားေထာက္ခံ တဲ့သူလည္းျဖစ္တယ္။

သူမက သနားစရာေကာင္းတဲ့ သူေဌးမေလးလို႔ အေခၚခံမယ့္ အစား ပိုၿပီးေတာ့ခက္ခဲတဲ့ လမ္းကိုေ႐ြးေလွ်ာက္မယ္ဆိုၿပီး အင္တာဗ်ဴး တစ္ခုမွာ ေျဖခဲ့လို႔ အိႏၵိယ အမ်ိဳးသမီး ေလာကမွာလႈတ္လႈတ္ရွားရွားျဖစ္ခဲ့တယ္။

ဆိုနမ္မွာက ပရဟိတလုပ္တဲ့ အမ်ိဳးသမီး အဖြဲ႕တစ္ဖြဲ႕ ရွိတယ္။ သူတို႔က ရင္သားကင္ဆာ ကိစၥ မိဘမဲ့ကေလးကိစၥ နဲ႔ LGBTQ အေရးကိစၥေတြကို လိုက္လံ ေဆာင္႐ြက္ ေနၾကပါတယ္။

ႏွစ္ေထာင္ ေပါင္း မ်ားစြာ ႀကီးစိုးလာတဲ့ ဖခင္အုပ္စိုးေသာ ေခာတ္ႀကီး ေတာ္လွန္ၿပီး အမ်ိဳးသမီးေတြ အခ်င္းခ်င္း ေဖးမၿပီး ေနလို႔ ရတယ္လို႔ ဆိုလာပါတယ္။ အမ်ိဳးသမီးေတြက စားဝတ္ေနေရး အဆင္ေျပဖို႔ အတြက္ အမ်ိဳးသားေတြကို မွီခို ေနၾကရတယ္။

တစ္ဆင့္တက္ၿပီး ခ်မ္းသာတဲ့ အမ်ိဳးသားေတြနဲ႔ အိမ္ေထာင္ျပဳၿပီး သူေဌးမ လုပ္လိုၾကတယ္။ ေယာက္်ားရဲ႕ မ်က္ႏွာ မိသားစုမ်က္ႏွာကိုၾကည့္ၿပီး စိတ္ဆင္း ရဲခံကာ ေနလာၾကတာ ႏွစ္ေပါင္းမ်ားစြာ ၾကာလာပါၿပီ။

အဲ့ဒါကို အိမ္ေထာင္ အထိန္းအသိမ္း ေကာင္းတယ္ဆိုၿပီး တံဆိပ္ကပ္ကာ မိသားစု ဘုံကြၽန္ ဘဝမ်ိဳးကို ေ႐ြးခ်ယ္မယ့္အစား ကိုယ့္ဒူး ကိုယ္ခြၽန္ရတဲ့ ပင္ပန္းခက္ခဲတဲ့ဘဝမ်ိဳးကို ေ႐ြးခ်ယ္သင့္တယ္လို႔ သူမက ဆိုလိုက္တာပါ။

အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ္ပိုင္ရပ္တည္ခ်က္ေတြ ရွိသင့္တယ္။ လင္ယူၿပီး လင္လုပ္စာထိုင္ စားကာ လင္ကိုမွီခိုေနမဲ့အစား ကိုယ့္ဘဝကို ကိုယ္တိုင္ထူေထာင္သင့္တယ္လို႔ ဟာပါဘဇာ မဂၢဇင္နဲ႔ အင္တာဗ်ဴးမွာ သူမက ခပ္ျပတ္ျပတ္ ဆိုလိုက္တာပါ။

အဲ့ဒိေနာက္မွာလဲ သူမက သူမရဲ႕ အလွဓာတ္ပုံေတြနဲ႔ အင္စတာဂရမ္မွာတင္ရင္း ဖခင္အုပ္စိုးတဲ့ေခာတ္ကခ်န္ထားဖို႔ ေကင္းၿပီ အမ်ိဳးသမီးေတြ အခ်င္းခ်င္း ေဖးမၾက ပါ လို႔ လႈံ႕ေဆာ္ထားါတယ္။

ဆိုနမ္ကပူး က မၾကာခဏဆိုသလို ပါတီပြဲေပးကာ ရင္သားကင္ဆာ ကုသႏိုင္ေရးအတြက္ နဲ႔မိဘမဲ့ကေလးေစာင့္ေရွာက္ေရးအတြက္ အလႉခံေလ့ ရွိပါတယ္။ သူမ႐ိုက္တဲ့ ႐ုပ္ရွင္ကားေတာ္ေတာ္မ်ားမ်ားက ရတဲ့ပိုက္ဆံေတြကို ပရဟိတမွာသုံးတာမ်ားပါတယ္။

“ က်မအတြက္ကေတာ့ အမ်ိဳးသမီးေတြရဲ႕ စြမ္းအားက အေရးႀကီးတဲ့ေနရမွာ ရွိပါတယ္။အမ်ိဳးသမီးေတြက ဒုတိယ ႏိုင္ငံသားျဖစ္ေနတဲ့ အေနအထားကို ေျပာင္းလဲၿပီး တန္းတူ အခြင့္အေရး အတြက္တိုက္ပြဲဝင္ေနမွာပါ”လို႔ ဆိုတယ္။

ေမာင္ယႆ Ref; hidustantimes
Photo; kollywood

Unicode

ဖခင်အုပ်စိုးသောခေတ်ကို ချန်ခဲ့ထားမယ့် ဘောလီးဝုဒ်က ဖက်ရှင်ဘုရင်မ

ဆိုနမ်ကပူးဆိုတာ ရုပ်ရှင်မင်းသား မင်းသားအန်နေးကပူးရဲ့ သမီးဖြစ်ပြီး ဘောလီးဝုဒ်က ဖက်ရှင် ဘုရင်မလို့ တင်စားထားတဲ့ မင်းသမီး တစ်လက်ပါ။ ဆိုနမ်က ဂွကျကျ မင်းသမီးတစ်လက်ပါ။ LGBTQတွေကို ပြတ်ပြတ်သားသားထောက်ခံ တဲ့သူလည်းဖြစ်တယ်။

သူမက သနားစရာကောင်းတဲ့ သူဌေးမလေးလို့ အခေါ်ခံမယ့် အစား ပိုပြီးတော့ခက်ခဲတဲ့ လမ်းကိုရွေးလျှောက်မယ်ဆိုပြီး အင်တာဗျူး တစ်ခုမှာ ဖြေခဲ့လို့ အိန္ဒိယ အမျိုးသမီး လောကမှာလှုတ်လှုတ်ရှားရှားဖြစ်ခဲ့တယ်။

ဆိုနမ်မှာက ပရဟိတလုပ်တဲ့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ ရှိတယ်။ သူတို့က ရင်သားကင်ဆာ ကိစ္စ မိဘမဲ့ကလေးကိစ္စ နဲ့ LGBTQ အရေးကိစ္စတွေကို လိုက်လံ ဆောင်ရွက် နေကြပါတယ်။

နှစ်ထောင် ပေါင်း များစွာ ကြီးစိုးလာတဲ့ ဖခင်အုပ်စိုးသော ခောတ်ကြီး တော်လှန်ပြီး အမျိုးသမီးတွေ အချင်းချင်း ဖေးမပြီး နေလို့ ရတယ်လို့ ဆိုလာပါတယ်။ အမျိုးသမီးတွေက စားဝတ်နေရေး အဆင်ပြေဖို့ အတွက် အမျိုးသားတွေကို မှီခို နေကြရတယ်။

တစ်ဆင့်တက်ပြီး ချမ်းသာတဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ပြုပြီး သူဌေးမ လုပ်လိုကြတယ်။ ယောက်ျားရဲ့ မျက်နှာ မိသားစုမျက်နှာကိုကြည့်ပြီး စိတ်ဆင်း ရဲခံကာ နေလာကြတာ နှစ်ပေါင်းများစွာ ကြာလာပါပြီ။

အဲ့ဒါကို အိမ်ထောင် အထိန်းအသိမ်း ကောင်းတယ်ဆိုပြီး တံဆိပ်ကပ်ကာ မိသားစု ဘုံကျွန် ဘဝမျိုးကို ရွေးချယ်မယ့်အစား ကိုယ့်ဒူး ကိုယ်ချွန်ရတဲ့ ပင်ပန်းခက်ခဲတဲ့ဘဝမျိုးကို ရွေးချယ်သင့်တယ်လို့ သူမက ဆိုလိုက်တာပါ။

အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ ရှိသင့်တယ်။ လင်ယူပြီး လင်လုပ်စာထိုင် စားကာ လင်ကိုမှီခိုနေမဲ့အစား ကိုယ့်ဘဝကို ကိုယ်တိုင်ထူထောင်သင့်တယ်လို့ ဟာပါဘဇာ မဂ္ဂဇင်နဲ့ အင်တာဗျူးမှာ သူမက ခပ်ပြတ်ပြတ် ဆိုလိုက်တာပါ။

အဲ့ဒိနောက်မှာလဲ သူမက သူမရဲ့ အလှဓာတ်ပုံတွေနဲ့ အင်စတာဂရမ်မှာတင်ရင်း ဖခင်အုပ်စိုးတဲ့ခောတ်ကချန်ထားဖို့ ကေင်းပြီ အမျိုးသမီးတွေ အချင်းချင်း ဖေးမကြ ပါ လို့ လှုံ့ဆော်ထားါတယ်။

ဆိုနမ်ကပူး က မကြာခဏဆိုသလို ပါတီပွဲပေးကာ ရင်သားကင်ဆာ ကုသနိုင်ရေးအတွက် နဲ့မိဘမဲ့ကလေးစောင့်ရှောက်ရေးအတွက် အလှူခံလေ့ ရှိပါတယ်။ သူမရိုက်တဲ့ ရုပ်ရှင်ကားတော်တော်များများက ရတဲ့ပိုက်ဆံတွေကို ပရဟိတမှာသုံးတာများပါတယ်။

“ ကျမအတွက်ကတော့ အမျိုးသမီးတွေရဲ့ စွမ်းအားက အရေးကြီးတဲ့နေရမှာ ရှိပါတယ်။အမျိုးသမီးတွေက ဒုတိယ နိုင်ငံသားဖြစ်နေတဲ့ အနေအထားကို ပြောင်းလဲပြီး တန်းတူ အခွင့်အရေး အတွက်တိုက်ပွဲဝင်နေမှာပါ”လို့ ဆိုတယ်။

မောင်ယဿ Ref; hidustantimes
Photo; kollywood

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …