ဖခင္ရဲ႕ က်န္းမာေရးက ကေလးေပၚ သက္ေရာက္မႈ ရွိႏိုင္ ဟု ေလ့လာမႈ တစ္ရပ္ကဆို

ဖခင္ရဲ႕ က်န္းမာေရးက ကေလးေပၚ သက္ေရာက္မႈ ရွိႏိုင္ ဟု ေလ့လာမႈ တစ္ရပ္ကဆို
International-news

ဖခင္ရဲ႕ က်န္းမာေရးက ကေလးေပၚ သက္ေရာက္မႈ ရွိႏိုင္ ဟု ေလ့လာမႈ တစ္ရပ္ကဆို

သုေတသန တစ္ခုရဲ႕ ေလ့လာမႈ အသစ္အရ ကေလးတစ္ေယာက္ရဲ႕ က်န္းမာေရးနဲ႔ ေမြးဖြားမႈက မိခင္နဲ႔ ဖခင္ရဲ႕ က်န္းမာေရးနဲ႔ အမ်ားႀကီး သက္ဆိုင္ေနတယ္လို႔ ဆိုပါတယ္ ။ ေမြးဖြားမႈ ၇၈၆၄၀၀ ကို ေလ့လာၿပီးေနာက္မွာ မီးျပတဲ့ အခန္းထဲမွာ ထားရတဲ့ ေပါင္မျပည့္ ကေလးေတြ ရဲ႕ အေဖေတြ အားလုံး နီးပါးက က်န္းမာေရး ေကာင္းတယ္ဆိုတဲ့ အေျခအေနမွာ လုံးဝ မရွိခဲ့ၾကပါဘူး ဆိုတာကို သုေတသီေတြ ေတြ႕ခဲ့ၾကပါတယ္ ။

“ကေလးမယူခင္ ဖခင္ရဲ႕ က်န္းမာေရးက ထည့္သြင္း စဥ္းစားရမယ့္ အခ်က္တစ္ခ်က္ ျဖစ္တယ္ ဆိုတာကို သုေတသနရဲ႕ ရလဒ္က ျပေနပါတယ္ ။ ဖခင္ရဲ႕ က်န္းမာေရးက ကိုယ္ဝန္ေဆာင္မိခင္အေပၚမွာ ကိုေရာ ကေလးအေပၚမွာပါ သက္ေရာက္မႈ ရွိေနပါတယ္ ။ ” လို႔ စန္းဖို႔ဒ္ တကၠသိုလ္ေဆး႐ုံ ကသားဖြားပညာရွင္ ေဒါက္တာအဲလက္ ကတ္စ္မန္ကဆိုတယ္ ။

သူက ဒီအဆိုကို သုေတသနေတြ အမ်ားႀကီးလုပ္ၿပီး တင္ျပခဲ့ ေပမယ့္ အခ်က္အလက္ ကိုးကား သုေတသန အဆင့္မွာပဲ ရွိပါေသးတယ္ ။ ပိုၿပီး ခိုင္မာတဲ့ သက္ေသျပခ်က္ အျဖစ္ ဇီဝဆိုင္ရာသိပၸံ ဓာတ္ခြဲ စမ္းသပ္ခ်က္ေတာ့ မလုပ္ရေသးပါဘူး ။

သူျပဳ လုပ္ထားတဲ့အခ်က္အလက္ေတြအရ ဆီးခ်ိဳ ေသြးတိုး စိတ္က် အဝလြန္ ကင္ဆာ ေရာဂါ တစ္မ်ိဳးမ်ိဳးရွိတဲ့ ဖခင္ေတြရဲ႕ ကေလးေတြ က ၁၉ % ေစာေမြးတယ္ ။ ၂၃ % ေပါင္မျပည့္ဘူး ။၂၈ % မီးျပခန္းထဲမွာ ထားရပါတယ္ ။

က်န္းမာေရး မေကာင္းတဲ့ အမ်ိဳးသားနဲ႔ ေပါင္းသင္း ဆက္ဆံၿပီး ကိုယ္ဝန္ေဆာင္တဲ့ အမ်ိဳးသမီး ေတြမွာလည္း ကိုယ္ဝန္ေဆာင္ ကာလ အတြင္း ဆီးခ်ိဳ ေသြးတိုး ျပသနာနဲ႔ ကိုယ္ဝန္ အဆိပ္တက္ ျပႆနာေတြ အျပင္ ရႈပ္ေထြးတဲ့ ေရာဂါျပႆနာေတြကို ႀကဳံေတြ႕ ရတတ္ပါတယ္ ။

ေလာေလာဆယ္မွာေတာ့ သီအိုရီ သေဘာ မဟုတ္ဘဲ ယူဆခ်က္ အဆင့္မွာပဲ ထားလို႔ရပါတယ္ ။ အတိအက် လို႔ အခု မဆိုႏိုင္ေသးေပမဲ့ ကတ္စ္မန္းရဲ႕ အခ်က္အလက္ေတြက အားကိုးရေလာက္ပါတယ္ ။ သူက ဆက္ႏြယ္မႈကို ျပဖို႔ သိပၸံ ဆိုင္ရာ ေလ့လာမႈ လုပ္ေနပါၿပီလို႔ တြဲဖက္ သုေတသီေတြကဆိုတယ္ ။

ပတ္ဝန္းက်င္ ညစ္ညမ္းမႈနဲ႔ ေဆးလိပ္ေသာက္ျခင္းက အမ်ိဳးသားေတြရဲ႕ သုတ္ေကာင္ကို အားနည္းသြား ေစႏိုင္တဲ့ အတြက္ သားေလာင္း က်န္းမာေရး အေပၚ သက္ေရာက္မႈ ရွိတယ္ဆိုတာကို အေစာပိုင္း ေလ့လာမႈေတြအရ သိရွိထားခဲ့ေပမဲ့ ဖခင္ရဲ႕ နာတာရွည္ ေရာဂါက သားေလာင္းရဲ႕ က်န္းမာေရးအေပၚ လႊမ္းမိုးမႈ ရွိေနႏိုင္တယ္ဆိုတာ ကေတာ့ ဒီသုေတသနအခ်က္အလက္ အရ သိရပါတယ္ ။

ေမာင္ယႆ

REF; UPI / Photo ;dhgate

Unicode

ဖခင်ရဲ့ ကျန်းမာရေးက ကလေးပေါ် သက်ရောက်မှု ရှိနိုင် ဟု လေ့လာမှု တစ်ရပ်ကဆို

သုတေသန တစ်ခုရဲ့ လေ့လာမှု အသစ်အရ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ မွေးဖွားမှုက မိခင်နဲ့ ဖခင်ရဲ့ ကျန်းမာရေးနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ဆိုပါတယ် ။ မွေးဖွားမှု ၇၈၆၄၀၀ ကို လေ့လာပြီးနောက်မှာ မီးပြတဲ့ အခန်းထဲမှာ ထားရတဲ့ ပေါင်မပြည့် ကလေးတွေ ရဲ့ အဖေတွေ အားလုံး နီးပါးက ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ အခြေအနေမှာ လုံးဝ မရှိခဲ့ကြပါဘူး ဆိုတာကို သုတေသီတွေ တွေ့ခဲ့ကြပါတယ် ။

“ကလေးမယူခင် ဖခင်ရဲ့ ကျန်းမာရေးက ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်တယ် ဆိုတာကို သုတေသနရဲ့ ရလဒ်က ပြနေပါတယ် ။ ဖခင်ရဲ့ ကျန်းမာရေးက ကိုယ်ဝန်ဆောင်မိခင်အပေါ်မှာ ကိုရော ကလေးအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ် ။ ” လို့ စန်းဖို့ဒ် တက္ကသိုလ်ဆေးရုံ ကသားဖွားပညာရှင် ဒေါက်တာအဲလက် ကတ်စ်မန်ကဆိုတယ် ။

သူက ဒီအဆိုကို သုတေသနတွေ အများကြီးလုပ်ပြီး တင်ပြခဲ့ ပေမယ့် အချက်အလက် ကိုးကား သုတေသန အဆင့်မှာပဲ ရှိပါသေးတယ် ။ ပိုပြီး ခိုင်မာတဲ့ သက်သေပြချက် အဖြစ် ဇီဝဆိုင်ရာသိပ္ပံ ဓာတ်ခွဲ စမ်းသပ်ချက်တော့ မလုပ်ရသေးပါဘူး ။

သူပြု လုပ်ထားတဲ့အချက်အလက်တွေအရ ဆီးချို သွေးတိုး စိတ်ကျ အဝလွန် ကင်ဆာ ရောဂါ တစ်မျိုးမျိုးရှိတဲ့ ဖခင်တွေရဲ့ ကလေးတွေ က ၁၉ % စောမွေးတယ် ။ ၂၃ % ပေါင်မပြည့်ဘူး ။၂၈ % မီးပြခန်းထဲမှာ ထားရပါတယ် ။

ကျန်းမာရေး မကောင်းတဲ့ အမျိုးသားနဲ့ ပေါင်းသင်း ဆက်ဆံပြီး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီး တွေမှာလည်း ကိုယ်ဝန်ဆောင် ကာလ အတွင်း ဆီးချို သွေးတိုး ပြသနာနဲ့ ကိုယ်ဝန် အဆိပ်တက် ပြဿနာတွေ အပြင် ရှုပ်ထွေးတဲ့ ရောဂါပြဿနာတွေကို ကြုံတွေ့ ရတတ်ပါတယ် ။

လောလောဆယ်မှာတော့ သီအိုရီ သဘော မဟုတ်ဘဲ ယူဆချက် အဆင့်မှာပဲ ထားလို့ရပါတယ် ။ အတိအကျ လို့ အခု မဆိုနိုင်သေးပေမဲ့ ကတ်စ်မန်းရဲ့ အချက်အလက်တွေက အားကိုးရလောက်ပါတယ် ။ သူက ဆက်နွယ်မှုကို ပြဖို့ သိပ္ပံ ဆိုင်ရာ လေ့လာမှု လုပ်နေပါပြီလို့ တွဲဖက် သုတေသီတွေကဆိုတယ် ။

ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆေးလိပ်သောက်ခြင်းက အမျိုးသားတွေရဲ့ သုတ်ကောင်ကို အားနည်းသွား စေနိုင်တဲ့ အတွက် သားလောင်း ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိတယ်ဆိုတာကို အစောပိုင်း လေ့လာမှုတွေအရ သိရှိထားခဲ့ပေမဲ့ ဖခင်ရဲ့ နာတာရှည် ရောဂါက သားလောင်းရဲ့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှု ရှိနေနိုင်တယ်ဆိုတာ ကတော့ ဒီသုတေသနအချက်အလက် အရ သိရပါတယ် ။

မောင်ယဿ

REF; UPI / Photo ;dhgate

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …