
International-news








source ; hawk search

photo by google

Unicode

ပရိုင်းတီဇင်တာအတွက် ကထရီနာကိဖ် မွေးနေ့ ဆုတောင်း ပို့

ပရိုင်းတီဇင်တာရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့အတွက် ဘောလီးဝုဒ်စတား ကထရီနာကိဖ်က မွေးနေ့ ဆုတောင်းနဲ့ လက်ဆောင်ကို ပို့ပေးလိုက်ပါတယ်။ ၁၉၉၀ ခုနှစ်များ ကာလက ဘောလီဝုတစ်ခုလုံး မွှေ့ရမ်းနေတဲ့ ပါးချိုင့် မင်းသမီးကြီးက သူမရဲ့ အလှတွေကို မစွန့် သေးပါဘူး။

မွေးနေ့ အတွက် ဆိုရှယ် မီဒီယာပေါ်ကနေ ဆုတောင်းပေးတဲ့ သူတွေက အများကြီးပါ။ ရုပ်ရှင်လောကသားတွေ သူမရဲ့ လိုင်းပေါ်က သူငယ်ချင်းတွေနဲ့ ဖန်တွေရယ် ဒီကနေ့ အထိ ကြောင်နေသေးတဲ့ ဘဲကြီးတွေ အပါအဝင် ပရိသတ် အများအပြားက ဆုတောင်းပေး ကြပါတယ်။

ကထရီနာကိဖ်ကတော့ သူမရဲ့ မွေးနေ့ဆုတောင်းကို သူများနဲ့ မတူအောင် ဂရက်ဖစ် ဒီဇိုင်းလေးလုပ်ပြီး ပို့လိုက်ပါတယ်။ ကျမသိတဲ့ ကမ္ဘာပေါ်က အကြင်နာဆုံး တစ်ယောက်အတွက် အပျော်ရွင်ဆုံး မွေးနေ့ တကယ်ဖြစ်ပါစေဆိုတဲ့ စာသားလေးကိုလည်း ပုံစာအဖြစ်နဲ့ ရေးထားပါတယ်။

ပရိုင်းတီက ဆယ်လ်မန်ခန်းနဲ့ တွဲရိုက်ထားတဲ့ dabangg 3 မှာ နောက်ဆုံး သရုပ်ဆောင်ခဲ့တာပါ။ သူမက ၂၀၀၀ ခုနှစ်လောက်တုန်းက ဆိုရင် ဘောလီးဝုဒ်မှာ ဝင်ငွေစံချိန် အမြင့်ဆုံး မင်းသမီးတစ်လက်ပါ။ ၁၉၇၅ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဟီမာချယ် ပရာဒစ်ရှ် ပြည်နယ် ရှင်းမလားမြို့မှာ မွေးခဲ့တာပါ။

စစ်တပ်က အရာရှိတစ်ဦးဖြစ်တဲ့ သူ့အဖေက သူမအသက် ၁၃ နှစ်မှာ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတော့ သူမတို့ မိသားစု ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒိ အားတွေနဲ့ ၁၉၉၈ မှာ အင်္ဂလိပ်စာ မဟာဂုဏ်ထူးတန်းနဲ့ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ ဘွဲ့ နဲ့ ကျောင်းပြီးခဲ့ပါတယ်။

ရုပ်ရှင်လောကကို ဝင်ပြီး အောင်မြင်မှု အကြီးကြီး ရယူထားသူ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ဂျင်နီ ဂွတ်အီနပ်ဖ် နဲ့ လက်ထပ်ခဲ့ပြီး နောက်ပိုင်း ရုပ်ရှင်လောကထက် စီးပွားရေး လောကထဲမှာ ပိုကျင်လည်နေပါတယ်။

source ; hawk search
မောင်ယဿ ref; indiatimes

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …