ပြန္း (လိင္ေဖ်ာ္ေျဖေရး)ဗီဒီယိုေတြကို ႐ိုက္ရတာညီးေငြ႕ ၿပီဆိုတဲ့ စတီဖင္စပီးဘာ့ဂ္ ရဲ႕သမီး

ပြန္း (လိင္ေဖ်ာ္ေျဖေရး)ဗီဒီယိုေတြကို ႐ိုက္ရတာညီးေငြ႕ ၿပီဆိုတဲ့ စတီဖင္စပီးဘာ့ဂ္ ရဲ႕သမီး
Entertainment

ပြန္း (လိင္ေဖ်ာ္ေျဖေရး)ဗီဒီယိုေတြကို ႐ိုက္ရတာညီးေငြ႕ ၿပီဆိုတဲ့ စတီဖင္စပီးဘာ့ဂ္ ရဲ႕သမီး

စတီဖင္ စပီးဘာ့ဂ္ ဆိုတာ ကမာၻေက်ာ္႐ုပ္ရွင္ကားေတြျဖစ္တဲ့ ET ၊ JAW ၊ SAVING PRIVATE RYAN တို႔ လို ဇာတ္ကားမ်ားစြာကို ႐ိုက္ခဲ့တဲ့သူပါ။ သူ႐ိုက္ခဲ့တဲ့ ႐ုပ္ရွင္ကား ေတာ္ေတာ္မ်ားမ်ားက ကမာၻ႔ဝင္ေငြစံခ်ိန္ ခ်ိဳးခဲ့တာ ခ်ည္းပါပဲ။

လက္ရွိလည္း ကမာၻမွာေပါက္ ဦးမယ့္ အင္ဒီယာနာ ဂ်ဳံး အတြဲ ၅ ကို ႐ိုက္ေနပါတယ္။ သူနဲ႔ သူ႔ဇနီး ကိတ္ကပ္ေရွာတို႔က သားသမီးမရလို႔ မီခဲလာဆိုတဲ့ ကေလးမ ေလး တစ္ေယာက္ကို ငယ္ငယ္ကတည္းက ေမြးစားထားပါတယ္။

ကမာၻေက်ာ္ဒါ႐ိုက္တာႀကီးတစ္ဦးလည္းျဖစ္ ကန္ေဒၚလာ သန္း၃၀၀၀ေက်ာ္ ခ်မ္းသာတဲ့ သူတစ္ဦးလည္းျဖစ္တဲ့ စတီဖင္စပီးဘာ့ဂ္ရဲ႕ သမီး မီခဲလာက ပြန္းဗီဒီယိုေတြ ႐ိုက္ေနရတာညီးေငြ႕လာၿပီ လို႔ ဆိုတယ္။ ဒါေၾကာင့္ သူမက အလုပ္သစ္တစ္ခုကို ေျပာင္းလုပ္ ခ်င္ေနတယ္။

သူမအေနနဲ႔ အလုပ္ခ်င္ဆုံး အလုပ္ကို ေျပာပါဆိုရင္ ကေခ်သည္ (ဒန္ဆာ) တစ္ေယာက္ လုပ္ခ်င္ပါတယ္လို႔ ဆိုလာပါတယ္။ သူမက လိင္လုပ္သားလိုင္စင္ ရၿပီးကတည္းက ပြန္းဗီဒီယိုေတြမွာ သ႐ုပ္ေဆာင္တာေရာ ကိုယ္တိုင္ထုပ္လုပ္တာေရာ လုပ္ကိုင္ခဲ့ပါတယ္။

မီခဲလာ (၂၃ႏွစ္) က “က်မေလ ခႏၲာကိုယ္ကို ရင္းၿပီး ရွာစားေနရတဲ့ အလုပ္ကို ညီးေငြ႕လွပါၿပီ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကိုယ့္ခႏၲာကိုယ္ႀကီးကိုေတာင္ မုန္းလာပါၿပီ”လို႔ သည္ဆန္း သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္။

“နိစၥဓူဝ ဒီလိင္ကိစၥကိုခ်ည္းပဲ ျမင္ေန ေတြ႕ေန ကိုယ္တိုင္ပါဝင္ ေနရတာကို ကိုယ္စိတ္ကိုယ္ မေက်မနပ္ျဖစ္မိတယ္။ ငါဘာျဖစ္လို႔ ဒီလိုဘဝႀကီးက မ႐ုန္းကန္ႏိုင္တာလဲလို႔ေပါ့ ကိုယ္ကိုယ္ကို ျပန္ေမးမိတယ္။ ငါကိုယ္တိုင္က လိင္ကိစၥေတြေပၚမွာ သာယာေနတာလား။

ဒါမွမဟုတ္ သူမ်ားေတြရဲ႕ အာသာရမၼက္ ကို ျဖည့္ေပးေနရတာကို ေက်နပ္ ေနတာလား။ ကိုယ္ခံစားခ်က္ကို ခ်ိဳးေဖာက္ၿပီး လုပ္ရတဲ့ ကိစၥမွာ နည္းလမ္းမဟုတ္တာေၾကာင့္လား (သာယာေနေပမဲ့လည္း) ဆိုတဲ့အေတြးေတြက က်မကိုစိုးမိုးေနပါတယ္”လို႔ ေျပာပါတယ္။

ဒီသတင္းကို စပီးဘာဂ္တို႔ လင္မယားၾကားတဲ့ အခ်ိန္တုန္းက လည္း မီခဲလာရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈ ဆိုင္ရာ ကိစၥျဖစ္လို႔ သူတို႔အေနနဲ႔ ေျပာစရာ မရွိဘူးလို႔ ဆိုတယ္။အဲ့တုန္းကလည္း မီခဲလာက “အေဖတို႔အေမတို႔ ကို ဒီကိစၥနဲ႔ပတ္သက္ၿပီး စိတ္အေႏွာက္အယွက္ မျဖစ္ေစခ်င္ဘူး။

က်မရဲ႕ ခံယူခ်က္က က်မေၾကာင့္ အျခားလူေတြကို ထိခိုက္မႈ မရွိဘူးဆိုရင္ က်မလုပ္ခ်င္ရာ လုပ္မွာပါပဲ” လို႔ ဆိုတယ္။ ဥပေဒေၾကာင္းလမ္းအရ ဆိုရင္ စပီးဘာ့ဂ္တို႔ လင္မယား ကြယ္လြန္သြား ပါက ပိုင္ဆိုင္တဲ့ ပစၥည္းသန္း ၃၀၀၀ေက်ာ္က သူမရရွိမွာ ျဖစ္လို႔ သူေဌးမႀကီး လုပ္ႏိုင္ေပမဲ့ သူတို႔ဆီက လူေနမႈပုံစံအရ သမီးျဖစ္သူ လိင္ေဖ်ာ္ေျဖေရး ႐ုပ္ရွင္ေတြ ႐ိုက္ေနတာကို တားဆီးျခင္းမရွိခဲ့ပါဘူး။

ေမာင္ယႆ REF: Hollywood life

Photo; twitter enews

Unicode

ပွန်း (လိင်ဖျော်ဖြေရေး)ဗီဒီယိုတွေကို ရိုက်ရတာညီးငွေ့ ပြီဆိုတဲ့ စတီဖင်စပီးဘာ့ဂ် ရဲ့သမီး

စတီဖင် စပီးဘာ့ဂ် ဆိုတာ ကမ္ဘာကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ ET ၊ JAW ၊ SAVING PRIVATE RYAN တို့ လို ဇာတ်ကားများစွာကို ရိုက်ခဲ့တဲ့သူပါ။ သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကား တော်တော်များများက ကမ္ဘာ့ဝင်ငွေစံချိန် ချိုးခဲ့တာ ချည်းပါပဲ။

လက်ရှိလည်း ကမ္ဘာမှာပေါက် ဦးမယ့် အင်ဒီယာနာ ဂျုံး အတွဲ ၅ ကို ရိုက်နေပါတယ်။ သူနဲ့ သူ့ဇနီး ကိတ်ကပ်ရှောတို့က သားသမီးမရလို့ မီခဲလာဆိုတဲ့ ကလေးမ လေး တစ်ယောက်ကို ငယ်ငယ်ကတည်းက မွေးစားထားပါတယ်။

ကမ္ဘာကျော်ဒါရိုက်တာကြီးတစ်ဦးလည်းဖြစ် ကန်ဒေါ်လာ သန်း၃၀၀၀ကျော် ချမ်းသာတဲ့ သူတစ်ဦးလည်းဖြစ်တဲ့ စတီဖင်စပီးဘာ့ဂ်ရဲ့ သမီး မီခဲလာက ပွန်းဗီဒီယိုတွေ ရိုက်နေရတာညီးငွေ့လာပြီ လို့ ဆိုတယ်။ ဒါကြောင့် သူမက အလုပ်သစ်တစ်ခုကို ပြောင်းလုပ် ချင်နေတယ်။

သူမအနေနဲ့ အလုပ်ချင်ဆုံး အလုပ်ကို ပြောပါဆိုရင် ကချေသည် (ဒန်ဆာ) တစ်ယောက် လုပ်ချင်ပါတယ်လို့ ဆိုလာပါတယ်။ သူမက လိင်လုပ်သားလိုင်စင် ရပြီးကတည်းက ပွန်းဗီဒီယိုတွေမှာ သရုပ်ဆောင်တာရော ကိုယ်တိုင်ထုပ်လုပ်တာရော လုပ်ကိုင်ခဲ့ပါတယ်။

မီခဲလာ (၂၃နှစ်) က “ကျမလေ ခန္တာကိုယ်ကို ရင်းပြီး ရှာစားနေရတဲ့ အလုပ်ကို ညီးငွေ့လှပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်ခန္တာကိုယ်ကြီးကိုတောင် မုန်းလာပါပြီ”လို့ သည်ဆန်း သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

“နိစ္စဓူဝ ဒီလိင်ကိစ္စကိုချည်းပဲ မြင်နေ တွေ့နေ ကိုယ်တိုင်ပါဝင် နေရတာကို ကိုယ်စိတ်ကိုယ် မကျေမနပ်ဖြစ်မိတယ်။ ငါဘာဖြစ်လို့ ဒီလိုဘဝကြီးက မရုန်းကန်နိုင်တာလဲလို့ပေါ့ ကိုယ်ကိုယ်ကို ပြန်မေးမိတယ်။ ငါကိုယ်တိုင်က လိင်ကိစ္စတွေပေါ်မှာ သာယာနေတာလား။

ဒါမှမဟုတ် သူများတွေရဲ့ အာသာရမ္မက် ကို ဖြည့်ပေးနေရတာကို ကျေနပ် နေတာလား။ ကိုယ်ခံစားချက်ကို ချိုးဖောက်ပြီး လုပ်ရတဲ့ ကိစ္စမှာ နည်းလမ်းမဟုတ်တာကြောင့်လား (သာယာနေပေမဲ့လည်း) ဆိုတဲ့အတွေးတွေက ကျမကိုစိုးမိုးနေပါတယ်”လို့ ပြောပါတယ်။

ဒီသတင်းကို စပီးဘာဂ်တို့ လင်မယားကြားတဲ့ အချိန်တုန်းက လည်း မီခဲလာရဲ့အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ကိစ္စဖြစ်လို့ သူတို့အနေနဲ့ ပြောစရာ မရှိဘူးလို့ ဆိုတယ်။အဲ့တုန်းကလည်း မီခဲလာက “အဖေတို့အမေတို့ ကို ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး။

ကျမရဲ့ ခံယူချက်က ကျမကြောင့် အခြားလူတွေကို ထိခိုက်မှု မရှိဘူးဆိုရင် ကျမလုပ်ချင်ရာ လုပ်မှာပါပဲ” လို့ ဆိုတယ်။ ဥပဒေကြောင်းလမ်းအရ ဆိုရင် စပီးဘာ့ဂ်တို့ လင်မယား ကွယ်လွန်သွား ပါက ပိုင်ဆိုင်တဲ့ ပစ္စည်းသန်း ၃၀၀၀ကျော်က သူမရရှိမှာ ဖြစ်လို့ သူဌေးမကြီး လုပ်နိုင်ပေမဲ့ သူတို့ဆီက လူနေမှုပုံစံအရ သမီးဖြစ်သူ လိင်ဖျော်ဖြေရေး ရုပ်ရှင်တွေ ရိုက်နေတာကို တားဆီးခြင်းမရှိခဲ့ပါဘူး။

မောင်ယဿ REF: Hollywood life

Photo; twitter enews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …