ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ

International-news

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ

လက်ဘနွန် ဝန်ကြီးချုပ် ဟတ်ဆန်ဒီအက်ဘ် နဲ့ အခြား ထိပ်တန်း အရာရှိ ၂ဦးက ဘေရွတ်မြို့ ဆိပ်ကမ်း ဓာတုပစ္စည်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀၀ ကျော်လာတဲ့အပြင် တိုင်းပြည်တွင်း ဆူပူလှုပ်ရှားမှုများ ဖြစ်လာတဲ့ အတွက်ကြောင့် ရာထူးမှ တနင်္လာနေ့က နှုတ်ထွက်သွားပါတယ်။

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ 1

ဒီနေ့မနက် တယ်လီဗေးရှင်းက သူ့ရဲ့စကားပြောခန်း အတိုလေးမှာ တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု ကပ်ရောဂါဆိုးကြီး ကို သူ့အနေနဲ့ မနှိမ်နင်းနိုင်တဲ့အတွက် ရာထူးက ထွက်လိုက်ရတာ ဖြစ်ကြောင်း ဆိုပါတယ်။

အခုဖြစ်ပေါ် သွားခဲ့တဲ့ လူတွေ ရာနဲ့ချီသေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးကိုလည်း တရာမျှတတဲ့ အဖြေတစ်ခု ထွက်ပေါ် လာစေချင်ပါတယ်။ အစိုးရအဖွဲ့ ကိုလည်း သင့်တော်တဲ့ သူတစ်ဦး ထိန်းချုပ် စေချင်ပါတယ်လို့ ဆိုသွားပါတယ်။

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ 2

ဒါပေမဲ့ အစိုးရအဖွဲ့ ကတော့ သူ့ရဲ့ ရာထူးနှုတ်ထွက် မှုကို နောက်ထပ်ခေါင်းဆောင်သစ် မရမချင်း ယာယီ နောက်ဆုတ် ထားပေးဖို့အတွက် တောင်းခံ ထားပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းများ အရဆိုရင် အဆောက်အအုံပျက်တွေ ကြားမှာ အပုတ်နံ့ ထွက်လာလို့ တူးဖော်တွေရှိတဲ့ သေဆုံးသူတွေရယ် ဆေးရုံပေါ်မှာ ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံး သူတွေကို ပေါင်းလိုက်တာ ၂၂၀ကျော်လာပါပြီ။

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ 3

ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့ တွေက မိသားစု စစ်တမ်း လိုက်ကောက်ရာက နောက်ထပ် လူ ၁၀၀ကျော် ပျောက်ဆုံး နေသေးတယ် ဆိုတာကို သိလိုက်ရပါတယ်။

ပေါက်ကွဲမှုအပြီး ရာထူးက နှုတ်ထွက်သွားသူတွေထဲမှာ ပြန်ကြားရေး ဝန်ကြီးက ပထမဆုံး ဖြစ်ပြီး သူမနောက်မှာ ဘဏ္ဍါရေးဝန်ကြီးနဲ့ တရားရေး ဝန်ကြီးတို့ ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ 4

ဒါ့အပြင် လက်ဘနွန် လွှတ်တော်မှ အမတ် တော်တော်များများကလည်း ရာထူမှ နှုတ်ထွက်နေကြပါတယ်။ ကျန်းမာရေး ဝန်ကြီးကတော့ အစိုးရအဖွဲ့ တစ်ခုလုံး ရာထူးက နှုတ်ထွက်ဖွယ်ရာ ရှိမယ်လို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံမှာ အကြမ်းဖက်သောင်းကျန်တဲ့အဖွဲ့ ဟစ္စဘိုလာတွေ ရှိနေသမျှ အစိုးရအဖွဲ့ က အမြဲတမ်း ခြိမ်းခြောက်ခံနေရမှာပဲ ဖြစ်တဲ့အတွက် ပေါက်ကွဲမှု မဖြစ်ခင်ကတည်းက နိုင်ငံခြားရေး ဝန်ကြီးက ရာထူးမှ အနားယူ သွားပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ လက်ဘနွန် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အစိုးရတစ်ရပ်က ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်လို့ပဲလို့ သူကဆိုတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုမှာလည်း လှုံ့ဆော်ရေးသမားတွေက ဝန်ကြီးချုပ်နဲ့ သမ္မတကို ရာထူးက ထွက်ပေးဖို့အတွက် တောင်းဆို နေပါတယ်။

မောင်ယဿ, REF: UPI, Photo:UPI

Zawgyi













No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …