ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
Uncategorized
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
မောင်ယဿ ( သြဂုတ် ၁၃ )
ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူး စက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ အတွက် သမ္မတမာခွန်က လူစုလူဝေး ရှိတဲ့နေရာတွေမှာ ကိုဗစ်စည်းကမ်းကို လိုက်နာရမယ်၊
စားသောက်ဆိုင်တွေ ယဉ်ကျေးမှု အဆောက်အအုံတွေ ကို လာရောက်လည်ပတ်သူတွေ အားလုံး ၄၈ နာရီအတွင်း ရောဂါပိုး ကင်းစင်ကြောင် စစ်ဆေးမှု ထောက်ခံစာ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ထောက်ခံစာ တွေရှိမှ သွားရောက်ခွင့် ရှိရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ တစ်လလုံး စနေ တနင်္ဂနွေ လို အားလပ်ရက်တိုင်း မှာ အဲ့ဒိအမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု တွေဖြစ်ပေါ်ခဲ့ပါတယ် ။
လက်ရှိဖြစ်ပေါ်နေတာက ပြင်သစ်နယ်စပ်မှာ ရှိတဲ့ စားသောက်ဆိုင်တွေ အကုန်လုံး အဲ့ဒိအမိန့်ကြောင့် အရောင်း အကုန်ပြီး အကုန်လုံး နီးပါး ဈေးမရောင်း ရတဲ့ အခြေအနေဖြစ်ကုန်ပါတယ်။
ဘယ်လ်ဂျီယံနဲ့ ထိစပ်နေ တဲ့ နယ်စပ်မြို့ တွေက စားသောက်ဆိုင် ပိုင်ရှင်တွေက “ ကျနော်တို့ ဆိုင်နဲ့ ဘယ်လ်ဂျီယံ ဖက်က ဆိုင်တွေက မိတာ ၁၀၀ လောက်ပဲ ဝေး တာလေ။
ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ ဆီကို ညွှန်ကြားလွှာတွေ ရောက်လာ တယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးထားရင် ဒါမှမဟုတ် ကျန်းမာရေးထောက်ခံစာ မပါဘူးဆိုရင် စားသောက်ခွင့် မပေးနဲ့ ဆိုလို့ ကျနော်တို့ ဖောက်သည် ၂၀၀ လောက်ကို ငြင်းလွှတ်လိုက်ရတယ်။ ဘာဖြစ်သွားလဲ ။
သူတို့က ဘယ်လ်ဂျီယံ ဖက်က ဆိုင်တွေမှာ သွားစားတယ်လေ။ အဲ့ တော့ ကျနော်တို့ ဆိုင်တွေ အကုန် အ ကုန်ကြတာပေါ့။ ဒီအပတ်ဆိုရင် ကျနော်တို့ ဆိုင်ကို ဖောက်သည် ၅၀ လောက်တောင် မလာတော့ဘူး” လို့ ဆိုပါတယ်။
“ မနေ့က ဆိုရင် ကုမ္ပဏီ တစ်ခုက စားသောက်ပွဲ ကျနော်တို့ ဆိုင်မှာ လာလုပ်တယ်။ လူ ၅၀ စာ ဆိုတော့ အဆင်ပြေလောက်တယ်ဆိုပြီး လက်ခံ လိုက်တယ်။
တကယ် သူတို့ လာကြတော့ ၂ ယောက်က ကာကွယ်ဆေး ထိုးထားတဲ့ ထောက်ခံစာ မရှိဘူး ၊ ကျနော်တို့က အဲ့ဒိလူတွေကို ငြင်းလိုက် ရတယ်။ သူတို့ကလည်း ဘယ်လ်ဂျီယံဖက်ကို ပြောင်းပြီး သွား စားသောက်ကြတယ်။
ကိုယ့်ဖောက်သည် တွေကို သူများတွေ လက်ထဲ ထိုးအပ်လိုက်ရတယ်” လို့ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦး က ဆိုပါတယ်။
နယ်စပ်က စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြင်သစ် စားသောက်ဆိုင်တွေအားလုံးနီးပါး အစိုးရရဲ့ အမိန့်သစ်ကြောင့် ဒုက္ခရောက်ကုန်လို့ ဒေသတွင်း အုပ်ချုပ်ရေး အာဏါပိုင်တွေကို လုပ်ငန်းရှင်တွေ စုပေါင်းပြီး အခက်အခဲတွေကို တင်ပြ ထားပေးမဲ့ ဘယ် အုပ်ချုပ်ရေး အဖွဲ့ ကမှ တာဝန်ယူပြီး ဖြေရှင်း ပေးတာ မရှိဘူး ဖြစ်နေပါတယ်။
REF: Euro News,Photo:Credit  Daniel cole
Zawgyi
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
မောင်ယဿ ( သြဂုတ် ၁၃ )
REF: Euro News
Photo: Daniel cole
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
Uncategorized
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၈ ) ဆွီဒင်နိုင်ငံ ဟယ်ဆင်ဘော့ဂ် ဆေးရုံက ပညာရှင်တွေ စုပြီးလုပ်တဲ့ သုတေသနအရ ဗိတ်ပင် ( ဆေးပြောင်း ရှုးခြင်း ) လုပ်တဲ့ သူတွေမှာ သွေးခဲ တဲ့ ဖြစ်စဉ် ဖြစ်တတ်ပြီး ဆံချည်မျှင်သွေးလွှတ်ကြောတွေ ပျက်စီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒါအပြင် နလုံးခုန်နှုန်မြန်တာတွေ သွေးတိုးတာတွေ လည်းဖြစ်တယ်လို့ ဆိုပါတယ်။ နီကိုတင်း ပါတဲ့ အီးစီးကရက်ရှုခြင်း က သာမန် ရိုးရာစီးကရက်သောက်တာနဲ့ မထူးပါဘူး။ ဆိုးကျိုး သက်ရောက်မှုက အတူတူပါပဲ။ …
ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
Uncategorized
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ် မောင်ယဿ ( သြဂုတ် ၂၃ ) အမေရိကန်စစ်ဌာနချုပ် ( ပင်တာဂွန်) က အမေရိကန် လေကြောင်းလိုင်းတွေကို အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန် အရပ်သားတွေနဲ့ အာဖဂန် နိုင်ငံသားတွေကို ရသလောက် အကုန် ကယ်ထုတ်ပေးဖို့အတွက် မနေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒုက္ခသည်တွေကို ခရီးသည်တင် လေယာဉ် ၈ စင်းနဲ့ သယ်ထုတ်ပေးမှာ ဖြစ်ပြီး ယူနိုက်တက်အဲယားလိုင်း က ၄ စီး ၊ ဒယ်တာ နဲ့အက်တလက် အဲယားလိုင်း နဲ့ အွန်မနီအဲယား လိုင်းတွေက တစ်စီးစီနဲ့ ဟာဝိုင်နီယံ …
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်
Uncategorized
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင်
ကမ္ဘာ့ အသက်ကြီး ဆုံးဝက် ၂၃ နှစ် နဲ့ ဂင်းနစ် စံချိန်တင် မောင်ယဿ ( သြဂုတ် ၁၁ ) အမေရိကန် အီလီနွိုက်ပြည်နယ်က ဝက်တစ်ကောင်က မနေ့က အသက် ၂၃ နှစ်ပြည့်ပြီ ဖြစ်လို့ ကမ္ဘာ့ အသက်အကြီး ဆုံး ဝက် အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ပါတယ်။ မန်ဒလိန်မြို့ က ပက်ထရစ် ကန်နင်ဂန်နဲ့ စတန်ကော့ဖ်မန်း တို့က ဗာဂျီးနီးယားက တိရိစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ ကနေ ၈ပတ်သား အရွယ်ဝက်မလေးတစ်ကောင်ကို မွေးစားခဲ့ပါတယ်။ သူတို့က အဲ့ဒိဝက်မပေါက် ကလေး ကို ဘေဘီဂျိန်းလို့ နာမည်ပေးထားခဲ့ ပါ တယ်။ တိတိကျကျပြောရရင် …