ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ

ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ
International-news

ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ

မောင်ယဿ ( သြ ဂုတ် ၈ )

ပြင်သစ်နိုင်ငံမှာ ကိုဗစ်ပြန့်နှံ့ချိန်ကနေစပြီး ဒိကနေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၁၂၀၀၀ ရှိနေပြီး နေ့စဉ်ရောဂါပိုးတွေ့သူတွေ ၂သောင်း ကျော်နေရာ အစိုးရက ကာကွယ်ဆေး မထိုးတဲ့သူတွေကို ထိုးဖို့အတွက် လူစုလူဝေး ဖြစ်နိုင်တဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကျန်းမာရေးထောက်ခံစာပါမှ သွားလာခွင့်ပြုမယ်လို့ အမိန့်ထုတ်လိုက်ရာ ကာကွယ်ဆေး မထိုးလိုတဲ့ သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ပထမအပတ်မှာ ပြင်သစ်မြို့ကြီး အနည်းငယ်မှာ ထောင်ဂဏန်း လောက်ပဲရှိတဲ့ လူတွေက မက်စ်မတပ် ဆိုရှယ်ဒစ္စတန်းဇင်းမလုပ်ပဲ စနေ တနင်္ဂနွေနေ့ ၂ရက်မှာ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

တဖြည်းဖြည်း နဲ့ ဒီနေ့လို ၄ပတ်မြောက်မှာတော့ ပြင်နိုင်ငံက မြို့ ၁၅၀ မှာ လူဦးရေ စုစုပေါင်း ၂၃၀၀၀၀ ကျော် ဆန္ဒပြ လာကြပါပြီ။

အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို သွားလာလှုတ်ရှားနေတဲ့သူတွေဟာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်းထောက်ခံစာ ဒါမှမဟုတ် ၄၈ နာရီအတွင်း ကိုဗစ်ပိုး မတွေ့ရှိ ကြောင်း ဆေးစစ်ချက်တွေ ပါမှ ခွင့်ပြုမယ်လို့ မာခွန်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒိအမိန့်က ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို တိုက်ရိုက် ထိခိုက်တယ်လို့ သုံးသပ်တဲ့ပြည်သူတွေက ဆန္ဒပြမှုတွေ ထလုပ်တော့တာပါပဲ။

လူ၅၀ ထက်ပိုမိုရှိနေတဲ့ နေရာတိုင်းမှာ သွားလာနေထိုင်ဖို့ဆိုရင် ကျန်းမာရေး ထောက်ခံစာ လိုကိုလိုပါတယ်လို့ အစိုးရပိုင်းက ဆိုပါတယ်။ ကိုဗစ်ကို ထိန်းချုပ်ဖို့ ဆိုရင် ကာကွယ်ဆေး ထိုးတာရယ် ကိုဗစ်စည်းကမ်း လိုက်နာမှု ရယ် တစ်ခုခု ကို လိုအပ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်ပြည်သူအချို့ကတော့ ကိုယ့် ခန္တာကိုယ် ကိုယ်ပိုင်တယ် ကာကွယ်ဆေး ထိုးခြင်းကို ကိုယ့်သဘောနဲ့ ကိုယ်ဆိုင်တယ်လို့ ပဲ သုံးသပ်ထားကြပါတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို ကာကွယ်ဆေး မထိုးလို့ မသွားရဘူးဆိုတဲ့အမိန့်က အာဏါရှင်
ဆန်တဲ့အမိန့်ဆိုပြီး အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြ ကြတာပါ။

ပြင်သစ်နိုင်ငံက မြို့တွေပေါ်က လမ်းတွေပေါ်မှာတော့ ကျန်းမာရေးထောက်ခံစာ မလိုဘူး။ ဒါ ငါတို့ရဲ့ လွတ်လပ်ခွင့် ငါတို့ကိုပြန်ပေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆူညံနေဆဲပါ။

REF: euro newsယPhoto:Credit  euronews

Zawgyi


ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ
ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ

မောင်ယဿ ( သြ ဂုတ် ၈ )



ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ1




ပြင်သစ်မှာ ကိုဗစ်ကျန်မာရေး ထောက်ခံစာအတွက် ၄ပတ်မြောက် ဆန္ဒဆက်ပြ2





REF: euro news
Photo: euronews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …