Health
ရုတ်တစ်ရက် အအေးမိလို့ပဲဖြစ်စေ အခြားသော အကြောင်းတစ်စုံတရာကြောင့်ဖြစ်စေ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်တွင် တင်းကျပ်ကျပ် ခံစားရခြင်း ချောင်းဆိုးလျှင် သလိပ်အဝါရောင် အစိမ်းရောင်များထွက်ခြင်း ၊ဖျားခြင်း၊ ကြွက်သား နာကျင်ခြင်း၊ နှာခေါင်းပိတ်၍ မောပန်းခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်လာခဲ့လျှင် သင်အဆုတ်လေပြွန် ရောင်ရမ်းခြင်း ဖြစ်ပြီဟု သိလိုက်ပါ။
အဆုတ်လေပြွန် ရောင်ရမ်းခြင်းသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပြီး အဆုတ်လေပြွန်တွေရဲ့ အချွဲလွှာ အမြှေးပါး ရောင်ရမ်းမှူကြောင့် ဖြစ်တယ်လို့ ဆေးဝါး ပညာရှင်များက ဆိုထားပါတယ်။
စန္ဒီမြင့်မိုရ်#
photo by google
Unicode
ပျားရည်နှင့် အဆုတ် ပြဿနာ
ရုတ်တစ်ရက် အအေးမိလို့ပဲဖြစ်စေ အခြားသော အကြောင်းတစ်စုံတရာကြောင့်ဖြစ်စေ အသက်ရူှကျပ်ခြင်း၊ ရင်ဘတ်တွင် တင်းကျပ်ကျပ် ခံစားရခြင်း ချောင်းဆိုးလျှင် သလိပ်အဝါရောင် အစိမ်းရောင်များထွက်ခြင်း ၊ဖျားခြင်း၊ ကြွက်သား နာကျင်ခြင်း၊ နှာခေါင်းပိတ်၍ မောပန်းခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်လာခဲ့လျှင် သင်အဆုတ်လေပြွန် ရောင်ရမ်းခြင်း ဖြစ်ပြီဟု သိလိုက်ပါ။
အဆုတ်လေပြွန် ရောင်ရမ်းခြင်းသည် အသက်ရူှ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပြီး အဆုတ်လေပြွန်တွေရဲ့ အချွဲလွှာ အမြှေးပါး ရောင်ရမ်းမူှကြောင့် ဖြစ်တယ်လို့ ဆေးဝါး ပညာရှင်များက ဆိုထားပါတယ်။
ထိုရောဂါရဲ့ အရင်းအမြစ်ကတော့ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေက အဆုတ် လေပြွန်တွေကို နူှိးထတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်မတည့်တာ ပိုးမွှားကူးစက်တာ ပတ်ဝန်းကျင် လေထု အပြောင်းအလဲ၊ ဆေးလိပ်သောက်ခြင်း ဖုန်ထူတာ မြူနှင်းတွေ ထူထပ်တာနဲ့ လေထု ညစ်ညမ်းတာတွေကြောင့် ဖြစ်ပါတယ်။
ဒီလို အဆုတ်လေပြွန် ရောင်ရမ်းမူှ ရုတ်တစ်ရက် ဖြစ်ပေါ် လာခဲ့ရင် အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပျားရည် ကုထုံးကို သုံးခြင်းနဲ့ ကုသနိုင်ကြောင်း သိရှိနိုင်စေပါတယ်။ ပျားရည်မှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ပိုးတွေကို သေစေတဲ့ အာနိသင် ရှိတဲ့အတွက် အဆုတ်လေပြွန် ရောင်ရမ်းတာကို ကုသနိုင်တယ်လို့ ဆေးဝါး သုတေသီတွေက ဆိုထားပါတယ်။
ပျားရည်ဟာ လည်ချောင်းမှာ ချွဲသလိပ်တို့ကို ရှင်းစေပြီး ခန္ဓာကိုယ် ခုခံစွမ်းအားကို ကောင်းစေပါတယ်။ သုံးစွဲပုံကတော့…
လက်ဖက်ရည်ကြမ်း တစ်ခွက်စာထဲသို့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်၍ သောက်ပါ။
ပျားရည် လက်ဖက်စားဇွန်းတစ်ဝက် ငရုပ်ကောင်း အနည်းငယ် ချင်း (ဂျင်း) အနည်းငယ် လေးညှင်းနှစ်ပွင့်တို့ကို လက်ဘက်ရည်ကြမ်းထဲသို့ ထည့်၍ သောက်သုံးနိုင်ပါတယ်… ပူပူရှိန်းရှိန်းနဲ့ အရသာလည်းရှိ ဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။
လည်ချောင်း ရောင်ရမ်းတာ ပိတ်ဆို့တာတွေ ရှင်းလင်းစေရန်ကိုတော့ ရေနွေး ပူပူထဲကို သံပုရာသီးအရည် အနည်းငယ် ညှစ်ထည့်ပြီး မွှေပါ ကြက်သွန်နီကို အကွင်းလိုက် ပါးပါးလှီ၍ ပန်းကန်တစ်ခုတွင် ထည့်ပါ။ ထို့နောက် ပျားရည်နှင့် မွှေထားသည့် ရေနွေးကို အပေါ်မှ လောင်းထည့်ပေးပါ။
တစ်ညအိပ်ထားပါ ပြီးလျှင် ကြက်သွန်နီများအား ဖယ်ရှားလိုက်ပြီး ရရှိလာသည့် အရည်ကို တစ်နေ့လျှင် လက်ဘက်စားစွန်းဖြင့် တစ်စွန်းကျ လေးကြိမ် သောက်သုံးပေးနိုင်သည်ဟု ဆေးဝါးတက္ကသိုလ်မှ ဆေးဝါးကျွမ်းကျင်သူ သုတေသီများက ဆိုထားပါတယ်။
ပျားရည်ဟာ သင့်အတွက် ဆေးဘက်ဝင် သဘာဝပစ္စည်း တစ်မျိုးမို့ အသင့်သာ ဆောင်ထားလိုက်ပါ…..
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …