ပ်ားစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ခဲ့ရတဲ့ ရဲေတြ

ပ်ားစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ခဲ့ရတဲ့ ရဲေတြ
International-news

ပ်ားစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ခဲ့ရတဲ့ ရဲေတြ

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ ပဆာဒီနားၿမိဳ႕က ရဲစခန္းကို ဖုန္းေတြ တဂြမ္ဂြမ္ ဆက္ေနၾကပါတယ္။ ဖုန္ဆက္တဲ့သူ ေတြကလည္း ေအာ္ဟစ္ၿပီးေတာ့ ဗလုံးဗေထြးေတြ ျဖစ္ေနတယ္။

သူတို႔ကို တစ္စုံတစ္ဦးက လိုက္လံတိုက္ခိုက္ ေနတဲ့အတြက္ အသက္လု ေရွာင္ရွားရင္ ေျပာေနတဲ့ပုံစံမ်ိဳးျဖစ္ေနလို႔ သဲသဲကြဲကြဲ ၾကားရေအာင္ ရဲစခန္းတစ္ခုလုံးက နားေထာင္ေနပါတယ္ ။ေနာက္ဆုံး သူတို႔ၾကားလိုက္ရတာက ပဆာဒီနား ေဆး႐ုံဆိုတာကိုပါပဲ။

အဲ့ဒါနဲ႔ အားလုံး လက္နက္အျပည့္အစုံနဲ႔ ကင္းလွည့္ ကားေတြေပၚ တက္ကာ ဥၾသဆြဲၿပီး ေဆး႐ုံဆီကို အျပင္း ခ်ီတက္လာခဲ့ၾကပါတယ္။ ကင္းလွည့္ တာဝန္က် ရဲေတြကိုလည္း ေဆး႐ုံဆီကို ေမာင္းခိုင္းေနပါတယ္။ သူတို႔ေတြ ေဆး႐ုံနားကို ေရာက္မွ သိလိုက္ရတာက ပ်ား အေကာင္ေရ ၃ ေသာင္းကေန ၄ ေသာင္းေလာက္ရွိတဲ့ ပ်ားေတြက နီးစပ္ရာ လူေတြကို လိုက္တုတ္ေနတာပါပဲ။

ေလာ့စ္အိန္ဂ်လိ့စ္ တိုင္းမ္ သတင္းစာမွာေတာ့ ပဒါဆီးနားတကၠသိုလ္ဝင္းထဲမွာ လူကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ပ်ားအုံတစ္အုံ ရွိေနတယ္ လာေရာက္ ရွင္းေပးပါလို႔ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉးက ၿမိဳ႕ မီးသတ္တပ္ဖြဲ႕ ကို အေၾကာင္းၾကားလို႔ မီးသတ္သမား တပ္စိတ္တစ္စိတ္ လာေရာက္ ရွင္းလင္းၾကပါတယ္။

ပထမက ပ်ားေတြကို ပလက္စတစ္ပိုက္ထဲကို ေမာင္းထည့္ၿပီး တစ္ေနရာရာကို သြားလႊတ္ဖို႔ စီစဥ္ထားတာပါ။ ဒါေပမဲ့ မီးသတ္သမားတစ္ဦးက ပိုက္စြတ္ေနခ်ိန္မွာ ကြင္းလြတ္သြားလို႔ ပ်ားေတြက သူတို႔ကို ဖမ္းေတာ့မယ္ ဆိုတာကို သိသြားပါတယ္။ အဲ့ဒါေၾကာင့္ အုံထဲက ထြက္ၿပီး လိုက္ တုတ္ေတာ့တာပါပဲ။

အနီးဆုံးက အေဆာက္အအုံျဖစ္တဲ့ ေဆး႐ုံထဲကို ဝင္သြားၾကတယ္။ ကေလးမေလးတစ္ေယာက္ကို စတုတ္လို႔ ေအာ္ဟစ္သံ ထြက္ေပၚလာေတာ့မွ ေဆး႐ုံထဲကို ပ်ားေတြဝင္လာတာ သတိထားမိသြားပါတယ္။ အခ်ိဳ႕ကလည္း ၉၁၁ ကို ဖုန္းဆက္တယ္။

ဖုန္ဆက္တဲ့ သူေတြကိုပါ လိုက္တုတ္ေတာ့ ဗလုံးဗေထြေတြ ျဖစ္ကုန္ၿပီး ရဲကားေတြ ေရာက္လာရေတာ့တာပါပဲ။ ပ်ားအုံ တက္ရွင္းတဲ့ မီးသတ္သမား ၂ ေယာက္လည္း ၁၅ ခ်က္ကေန အခ်က္ ၂၀ေလာက္ အထိ အတုတ္ ခံလိုက္ရတယ္။ ရဲေတြကလည္း ႐ုတ္တရက္ ေရာက္လာၿပီး ဘာလုပ္ရမွန္း မသိတဲ့အခ်ိန္မွာ သူတို႔လည္းပဲ အတုတ္ခံ လိုက္ရပါတယ္။

ပ်ားေမြးျမဴေရးသမားေတြကို လွမ္းေခၚလိုက္လို႔ ေရာက္လာၿပီး ပ်ားအုံကို ေနရာေ႐ႊ႕ လိုက္ေတာ့မွပဲ ပ်ားေတြက ေနရာေျပာင္းကာ ေပ်ာက္ကြယ္သြားပါတယ္။ လက္က်န္ ပ်ားေတြ ရွိမရွိ အနီးအနားက အေဆာက္အအုံေတြကို လိုက္လံစစ္ေဆးၿပီး မွာေတာ့ သူတို႔ လုပ္ငန္းစဥ္ ၿပီးသြားခဲ့ပါတယ္။

ေမာင္ယႆ REF: huffpost
Photo; NYdaily news

Unicode

ပျားစစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရတဲ့ ရဲတွေ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပဆာဒီနားမြို့က ရဲစခန်းကို ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေကြပါတယ်။ ဖုန်ဆက်တဲ့သူ တွေကလည်း အော်ဟစ်ပြီးတော့ ဗလုံးဗထွေးတွေ ဖြစ်နေတယ်။

သူတို့ကို တစ်စုံတစ်ဦးက လိုက်လံတိုက်ခိုက် နေတဲ့အတွက် အသက်လု ရှောင်ရှားရင် ပြောနေတဲ့ပုံစံမျိုးဖြစ်နေလို့ သဲသဲကွဲကွဲ ကြားရအောင် ရဲစခန်းတစ်ခုလုံးက နားထောင်နေပါတယ် ။နောက်ဆုံး သူတို့ကြားလိုက်ရတာက ပဆာဒီနား ဆေးရုံဆိုတာကိုပါပဲ။

အဲ့ဒါနဲ့ အားလုံး လက်နက်အပြည့်အစုံနဲ့ ကင်းလှည့် ကားတွေပေါ် တက်ကာ ဥသြဆွဲပြီး ဆေးရုံဆီကို အပြင်း ချီတက်လာခဲ့ကြပါတယ်။ ကင်းလှည့် တာဝန်ကျ ရဲတွေကိုလည်း ဆေးရုံဆီကို မောင်းခိုင်းနေပါတယ်။ သူတို့တွေ ဆေးရုံနားကို ရောက်မှ သိလိုက်ရတာက ပျား အကောင်ရေ ၃ သောင်းကနေ ၄ သောင်းလောက်ရှိတဲ့ ပျားတွေက နီးစပ်ရာ လူတွေကို လိုက်တုတ်နေတာပါပဲ။

လော့စ်အိန်ဂျလိ့စ် တိုင်းမ် သတင်းစာမှာတော့ ပဒါဆီးနားတက္ကသိုလ်ဝင်းထဲမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပျားအုံတစ်အုံ ရှိနေတယ် လာရောက် ရှင်းပေးပါလို့ ကျောင်းအုပ်ချုပ်ရေးမှူးက မြို့ မီးသတ်တပ်ဖွဲ့ ကို အကြောင်းကြားလို့ မီးသတ်သမား တပ်စိတ်တစ်စိတ် လာရောက် ရှင်းလင်းကြပါတယ်။

ပထမက ပျားတွေကို ပလက်စတစ်ပိုက်ထဲကို မောင်းထည့်ပြီး တစ်နေရာရာကို သွားလွှတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မီးသတ်သမားတစ်ဦးက ပိုက်စွတ်နေချိန်မှာ ကွင်းလွတ်သွားလို့ ပျားတွေက သူတို့ကို ဖမ်းတော့မယ် ဆိုတာကို သိသွားပါတယ်။ အဲ့ဒါကြောင့် အုံထဲက ထွက်ပြီး လိုက် တုတ်တော့တာပါပဲ။

အနီးဆုံးက အဆောက်အအုံဖြစ်တဲ့ ဆေးရုံထဲကို ဝင်သွားကြတယ်။ ကလေးမလေးတစ်ယောက်ကို စတုတ်လို့ အော်ဟစ်သံ ထွက်ပေါ်လာတော့မှ ဆေးရုံထဲကို ပျားတွေဝင်လာတာ သတိထားမိသွားပါတယ်။ အချို့ကလည်း ၉၁၁ ကို ဖုန်းဆက်တယ်။

ဖုန်ဆက်တဲ့ သူတွေကိုပါ လိုက်တုတ်တော့ ဗလုံးဗထွေတွေ ဖြစ်ကုန်ပြီး ရဲကားတွေ ရောက်လာရတော့တာပါပဲ။ ပျားအုံ တက်ရှင်းတဲ့ မီးသတ်သမား ၂ ယောက်လည်း ၁၅ ချက်ကနေ အချက် ၂၀လောက် အထိ အတုတ် ခံလိုက်ရတယ်။ ရဲတွေကလည်း ရုတ်တရက် ရောက်လာပြီး ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ သူတို့လည်းပဲ အတုတ်ခံ လိုက်ရပါတယ်။

ပျားမွေးမြူရေးသမားတွေကို လှမ်းခေါ်လိုက်လို့ ရောက်လာပြီး ပျားအုံကို နေရာရွှေ့ လိုက်တော့မှပဲ ပျားတွေက နေရာပြောင်းကာ ပျောက်ကွယ်သွားပါတယ်။ လက်ကျန် ပျားတွေ ရှိမရှိ အနီးအနားက အဆောက်အအုံတွေကို လိုက်လံစစ်ဆေးပြီး မှာတော့ သူတို့ လုပ်ငန်းစဉ် ပြီးသွားခဲ့ပါတယ်။

မောင်ယဿ REF: huffpost
Photo; NYdaily news

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …