
ပေါင်ချိန်စက်ထားမိတဲ့ စားသောက်ဆိုင် ဖောက်သည်တွေကိုတောင်းပန်
တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်က သူတို့ရဲ့ ဆိုင်ဝမှာ ပေါင်ချိန်စက်တစ်ခုကိုထားပြီး အစား အသောက် မမှာခင်မှာ ပေါင်အရင် ချိန်ပါလို့ စာတန်း ကပ်ထားတာကြောင့် စားသုံးသူတွေက အဲ့ဒိ ပေါင်ချိန် ရမယ့် ကိစ္စကို မကျေမနပ် ဖြစ်လို့ ဆိုင်ရှင်ကို အချေအတင်ပြောရာမှ ပြဿနာ မကြီးထွားလာခင်မှာ ဆိုင်ရှင်က တောင်းပန်လိုက်ရပါတယ်။
ဟူနန်ပြည်နယ် ချန်းရှာမြို့က ချူအီရန် အမဲကြော် ဆိုင်က ဆိုင်ရှင်က သတင်းစာကို “ ကျနော်တို့ က သမ္မတကြီး ရှီကျင့်ဖျင် မိန့်ခွန်းထဲကအတိုင်း တိုင်းပြည်အတွင်းမှာ အစားအသောက်တွေ အလေအလွင့် မဖြစ်အောင် ချိန်တွယ် စားသောက်နိုင်ဖို့အတွက် ဆိုင်ဝမှာ မီနူးနဲ့ ပေါင်ချိန်စက်ကို တွဲထား တာပါ။
စားသုံသူတွေက ကိုယ်အလေချိန်နဲ့ လျော်ညီတဲ့ အစားအသောက် ပမာဏကို စားသောက်စေချင်တဲ့ သဘောပါ။ ဒါပေမဲ့ စားသုံးသူတွေက သူတို့ စားချင်တာကို လွတ်လွတ်လပ်လပ် စားသောက်ချင်တဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ သတိပေး ဆိုင်းဘုတ်ကို မကျေမနပ် ဖြစ်ကြတာပါ”လို့ ဆိုတယ်။
ဆိုင်ဝမှာ ပေါင်ချိန်စက်ကြီး ၂ခုကိုချထားပြီး ပေါင်ချိန်စက်မှာ တက်ချိန်လိုက်တာနဲ့ မျက်နှာနဲ့ တည့်တည့် မှာ ကိုယ်အလေးချိန် ဘယ်လောက် ရှိတဲ့သူက ဘယ်လို အစား အသောက်တွေကို ဘယ်လောက်စား သင့်တယ်ဆိုတဲ့ ကြော်ငြာဘုတ်ကို မြင်ရမှာပါ။
အမျိုးသားတွေ စားသင့်တဲ့ပမာဏ နဲ့ အမျိုးသမီးတွေ စားသင့်တဲ့ ပမာဏတွေကို လမ်းညွှန်ချက်တွေ ရေးသားပြီး အကြံပြုထားပါတယ်။
အစပထမက အဲ့ဒိဆိုင်ရဲ့ လမ်းညွှန်ချက်ကို အချို့သော စားသုံးသူတွေက လိုက်နာခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာပေါ်မှာ အစားအသောက်ကိုတောင် ထိန်းချုပ် ခံနေရပြီ ဆိုပြီး လှုံ့ဆော်သူတွေ ရှိလာပါတယ်။
အုပ်ချုပ်ရေး အာဏါပိုင်တွေက ပြည်သူတွေရဲ့ စားရေးသောက်ရေး ကိုတောင် လိုက်လံ ထိန်းချုပ်မှု ပြုနေပြီလို့ လှုံ့ ဆော်လာတဲ့ အတွက်ကြောင့် အများပြည်သူက လှုံ့ဆော် သူတွေ ပြောတာ မှန်တယ်ဆိုပြီး ဆိုင်ရှင်ကို ပြဿနာ ရှာကြတော့တာပါပဲ။
အခုတော့ဆိုင်ရှင်က တရုတ်အင်တာနတ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ ဝီဘိုမှာ အလွန်စိတ်မကောင်း ဖြစ်ရပါကြောင်း ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အစားအသောက်တွေကို အလေအလွင့် မဖြစ်စေချင်ကြောင်း ဖြစ်ပါတယ်လို့ အဲ့ဒီလို့ သဘောမျိုး မဟုတ်ဘူး ဆိုတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
မောင်ယဿ, REF: UPI, Photo; UPI
Zawgyi
ေပါင္ခ်ိန္စက္ထားမိတဲ့ စားေသာက္ဆိုင္ ေဖာက္သည္ေတြကိုေတာင္းပန္
တ႐ုတ္ႏိုင္ငံက စားေသာက္ဆိုင္တစ္ဆိုင္က သူတို႔ရဲ႕ ဆိုင္ဝမွာ ေပါင္ခ်ိန္စက္တစ္ခုကိုထားၿပီး အစား အေသာက္ မမွာခင္မွာ ေပါင္အရင္ ခ်ိန္ပါလို႔ စာတန္း ကပ္ထားတာေၾကာင့္ စားသုံးသူေတြက အဲ့ဒိ ေပါင္ခ်ိန္ ရမယ့္ ကိစၥကို မေက်မနပ္ ျဖစ္လို႔ ဆိုင္ရွင္ကို အေခ်အတင္ေျပာရာမွ ျပႆနာ မႀကီးထြားလာခင္မွာ ဆိုင္ရွင္က ေတာင္းပန္လိုက္ရပါတယ္။
ဟူနန္ျပည္နယ္ ခ်န္းရွာၿမိဳ႕က ခ်ဴအီရန္ အမဲေၾကာ္ ဆိုင္က ဆိုင္ရွင္က သတင္းစာကို “ က်ေနာ္တို႔ က သမၼတႀကီး ရွီက်င့္ဖ်င္ မိန႔္ခြန္းထဲကအတိုင္း တိုင္းျပည္အတြင္းမွာ အစားအေသာက္ေတြ အေလအလြင့္ မျဖစ္ေအာင္ ခ်ိန္တြယ္ စားေသာက္ႏိုင္ဖို႔အတြက္ ဆိုင္ဝမွာ မီႏူးနဲ႔ ေပါင္ခ်ိန္စက္ကို တြဲထား တာပါ။
စားသုံသူေတြက ကိုယ္အေလခ်ိန္နဲ႔ ေလ်ာ္ညီတဲ့ အစားအေသာက္ ပမာဏကို စားေသာက္ေစခ်င္တဲ့ သေဘာပါ။ ဒါေပမဲ့ စားသုံးသူေတြက သူတို႔ စားခ်င္တာကို လြတ္လြတ္လပ္လပ္ စားေသာက္ခ်င္တဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔ရဲ႕ သတိေပး ဆိုင္းဘုတ္ကို မေက်မနပ္ ျဖစ္ၾကတာပါ”လို႔ ဆိုတယ္။
ဆိုင္ဝမွာ ေပါင္ခ်ိန္စက္ႀကီး ၂ခုကိုခ်ထားၿပီး ေပါင္ခ်ိန္စက္မွာ တက္ခ်ိန္လိုက္တာနဲ႔ မ်က္ႏွာနဲ႔ တည့္တည့္ မွာ ကိုယ္အေလးခ်ိန္ ဘယ္ေလာက္ ရွိတဲ့သူက ဘယ္လို အစား အေသာက္ေတြကို ဘယ္ေလာက္စား သင့္တယ္ဆိုတဲ့ ေၾကာ္ျငာဘုတ္ကို ျမင္ရမွာပါ။
အမ်ိဳးသားေတြ စားသင့္တဲ့ပမာဏ နဲ႔ အမ်ိဳးသမီးေတြ စားသင့္တဲ့ ပမာဏေတြကို လမ္းၫႊန္ခ်က္ေတြ ေရးသားၿပီး အႀကံျပဳထားပါတယ္။
အစပထမက အဲ့ဒိဆိုင္ရဲ႕ လမ္းၫႊန္ခ်က္ကို အခ်ိဳ႕ေသာ စားသုံးသူေတြက လိုက္နာခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ဆိုရွယ္မီဒီယာေပၚမွာ အစားအေသာက္ကိုေတာင္ ထိန္းခ်ဳပ္ ခံေနရၿပီ ဆိုၿပီး လႈံ႕ေဆာ္သူေတြ ရွိလာပါတယ္။
အုပ္ခ်ဳပ္ေရး အာဏါပိုင္ေတြက ျပည္သူေတြရဲ႕ စားေရးေသာက္ေရး ကိုေတာင္ လိုက္လံ ထိန္းခ်ဳပ္မႈ ျပဳေနၿပီလို႔ လႈံ႕ ေဆာ္လာတဲ့ အတြက္ေၾကာင့္ အမ်ားျပည္သူက လႈံ႕ေဆာ္ သူေတြ ေျပာတာ မွန္တယ္ဆိုၿပီး ဆိုင္ရွင္ကို ျပႆနာ ရွာၾကေတာ့တာပါပဲ။
အခုေတာ့ဆိုင္ရွင္က တ႐ုတ္အင္တာနတ္ ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ ဝီဘိုမွာ အလြန္စိတ္မေကာင္း ျဖစ္ရပါေၾကာင္း က်ေနာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္က အစားအေသာက္ေတြကို အေလအလြင့္ မျဖစ္ေစခ်င္ေၾကာင္း ျဖစ္ပါတယ္လို႔ အဲ့ဒီလို႔ သေဘာမ်ိဳး မဟုတ္ဘူး ဆိုတဲ့အေၾကာင္း ရွင္းျပခဲ့ပါတယ္။
ေမာင္ယႆ, REF: UPI, Photo; UPI
No Comments