ပိုးသတ္ေဆးကို စြဲေသာက္ေလ ေရာဂါပိုျဖစ္ေလ ဆရာဝန္ေတြ ေခါင္းပိုကိုက္ေလပဲ

ပိုးသတ္ေဆးကို စြဲေသာက္ေလ ေရာဂါပိုျဖစ္ေလ ဆရာဝန္ေတြ ေခါင္းပိုကိုက္ေလပဲ
Health

ပိုးသတ္ေဆးကို စြဲေသာက္ေလ ေရာဂါပိုျဖစ္ေလ ဆရာဝန္ေတြ ေခါင္းပိုကိုက္ေလပဲ

သင့္ရဲ႕ ဆရာဝန္က သင့္ကို ပိုသတ္ေဆး ေပးလာၿပီဆိုရင္ ေသာက္ရမယ့္ ပမာဏရယ္ ေသာက္ရမယ့္ ကာလကို ေသေသခ်ာခ်ာ သိေအာင္ လုပ္ပါ။ အဲ့လိုမွ မဟုတ္ရင္ေတာ့ ကူးစပ္ေရာဂါ တစ္မ်ိဳးမ်ိဳးဝင္ၿပီး ေဆး႐ုံ တက္ရပါလိမ့္မယ္။

ပိုးသတ္ေဆး ေသာက္ကာမွ ပိုးကူးစပ္ ခံရႏိုင္တယ္လို႔ သုေတသန အသစ္တစ္ရပ္က ဆိုတယ္။
သုေတသီေတြက အဂၤလန္နဲ႔ ေဝးလ္ က လူနာ ၂ သန္းေက်ာ္ကို ခြဲျခမ္း စိတ္ျဖာခဲ့ပါတယ္။

ရင္ေခါင္း နာ႐ြက္ ဆီးလမ္းေၾကာင္း ေလႁပြန္အေပၚပိုင္း ကူးစပ္ေရာဂါေတြလို အျဖစ္မ်ားတဲ့ ေရာဂါေတြအတြက္ ပိုးသတ္ေဆးေတြ ေပးတဲ့အခါမွာ အဲ့ဒိ ပိုးသက္ေဆးေတြ ေၾကာင့္ပဲ ေကာင္းတဲ့ ဘတ္တီးရီးယားေတြေရာ မေကာင္းတဲ့ ဘတ္တီးရီးယားေတြပါ ေသဆုံးကုန္ၿပီး ကူးစပ္ေရာဂါ ခုခံမႈ စနစ္ပ်က္ၿပီး အျခားကူးစပ္ ေရာဂါပိုးေတြ ဝင္ေရာက္လာခဲ့တယ္လို႔ ဆိုတယ္။

သူတို႔က လူနာေတြကို ၂၀၀၀ ခုႏွစ္မွ၂၀၁၆ ခုႏွစ္အထိ ေတာက္ေလွ်ာက္ စစ္ေဆးခဲ့တာပါ။ ပိုးသတ္ေဆး ၉ မ်ိဳးနဲ႔အထက္ ၃ ႏွစ္ၾကာေအာင္ ေဆးေသာက္ခဲ့ရသူေတြက ေဆး႐ုံဆင္းၿပီး သိပ္မၾကာခင္ ၃၊ ၄ လအတြင္း မွာပဲ အျခားကူးစက္ ေရာဂါေတြေၾကာင့္ ျပန္တက္ရပါတယ္။

မန္ခ်က္စတာ တကၠသိုလ္က သုေတသီ ဆရာဝန္ေတြက “ပိုးသက္ေဆးေတြကို ေဆး႐ုံ ၫႊန္ၾကားခ်က္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ေသာက္တဲ့ အခါမွာ က်ေနာ္တို႔ ေလ့လာ ေတြ႕ရွိတာကေတာ့ ပိုမိုဆိုးဝါးတဲ့ ကူးစပ္ေရာဂါေတြ ျဖစ္ေစေတာ့တာပါပဲ။

အဲ့ဒိဆက္စပ္မႈကို ေတြ႕ခဲ့ပါတယ္။ ဘာေၾကာင့္ ျဖစ္တယ္ဆိုတာကိုေတာ့ က်ေနာ္တို႔ နားမလည္ပါဘူး။ ဒါေပမဲ့ အူလမ္းေၾကာင္းထဲမွာ ရွိတဲ့ အက်ိဳးျပဳ ဘတ္တီးရီးယားေတြ ပါ ေသသြားႏိုင္တဲ့ အတြက္ေၾကာင့္လို႔ ထင္ပါတယ္။

အဲ့ဒိမွာ ေဆး႐ုံမွာ ေဆးတိုက္ေကြၽးျခင္းနဲ႔ ေဆးစာ ေရးေပးလိုက္ၿပီး ေဆးေသာက္ ေစျခင္းၾကားက အစပ္အဆက္ေတြကို ဆက္လက္ ေလ့လာရဦးမွာပါ။ ပိုးသတ္ေဆးေတြ
စြဲေသာက္ေနရင္းနဲ႔ ကူးစပ္ေရာဂါေတြ ဝင္လာရ တဲ့ အေၾကာင္း ကို သိခြင့္ ရထားတာပါပဲ”လို႔ ဆိုတယ္။

ေမာင္ယႆ REF: upi
Photo; eastside

Unicode

ပိုးသတ်ဆေးကို စွဲသောက်လေ ရောဂါပိုဖြစ်လေ ဆရာဝန်တွေ ခေါင်းပိုကိုက်လေပဲ

သင့်ရဲ့ ဆရာဝန်က သင့်ကို ပိုသတ်ဆေး ပေးလာပြီဆိုရင် သောက်ရမယ့် ပမာဏရယ် သောက်ရမယ့် ကာလကို သေသေချာချာ သိအောင် လုပ်ပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကူးစပ်ရောဂါ တစ်မျိုးမျိုးဝင်ပြီး ဆေးရုံ တက်ရပါလိမ့်မယ်။

ပိုးသတ်ဆေး သောက်ကာမှ ပိုးကူးစပ် ခံရနိုင်တယ်လို့ သုတေသန အသစ်တစ်ရပ်က ဆိုတယ်။
သုတေသီတွေက အင်္ဂလန်နဲ့ ဝေးလ် က လူနာ ၂ သန်းကျော်ကို ခွဲခြမ်း စိတ်ဖြာခဲ့ပါတယ်။

ရင်ခေါင်း နာရွက် ဆီးလမ်းကြောင်း လေပြွန်အပေါ်ပိုင်း ကူးစပ်ရောဂါတွေလို အဖြစ်များတဲ့ ရောဂါတွေအတွက် ပိုးသတ်ဆေးတွေ ပေးတဲ့အခါမှာ အဲ့ဒိ ပိုးသက်ဆေးတွေ ကြောင့်ပဲ ကောင်းတဲ့ ဘတ်တီးရီးယားတွေရော မကောင်းတဲ့ ဘတ်တီးရီးယားတွေပါ သေဆုံးကုန်ပြီး ကူးစပ်ရောဂါ ခုခံမှု စနစ်ပျက်ပြီး အခြားကူးစပ် ရောဂါပိုးတွေ ဝင်ရောက်လာခဲ့တယ်လို့ ဆိုတယ်။

သူတို့က လူနာတွေကို ၂၀၀၀ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ တောက်လျှောက် စစ်ဆေးခဲ့တာပါ။ ပိုးသတ်ဆေး ၉ မျိုးနဲ့အထက် ၃ နှစ်ကြာအောင် ဆေးသောက်ခဲ့ရသူတွေက ဆေးရုံဆင်းပြီး သိပ်မကြာခင် ၃၊ ၄ လအတွင်း မှာပဲ အခြားကူးစက် ရောဂါတွေကြောင့် ပြန်တက်ရပါတယ်။

မန်ချက်စတာ တက္ကသိုလ်က သုတေသီ ဆရာဝန်တွေက “ပိုးသက်ဆေးတွေကို ဆေးရုံ ညွှန်ကြားချက်နဲ့ နှစ်ပေါင်းများစွာ သောက်တဲ့ အခါမှာ ကျနော်တို့ လေ့လာ တွေ့ရှိတာကတော့ ပိုမိုဆိုးဝါးတဲ့ ကူးစပ်ရောဂါတွေ ဖြစ်စေတော့တာပါပဲ။

အဲ့ဒိဆက်စပ်မှုကို တွေ့ခဲ့ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ နားမလည်ပါဘူး။ ဒါပေမဲ့ အူလမ်းကြောင်းထဲမှာ ရှိတဲ့ အကျိုးပြု ဘတ်တီးရီးယားတွေ ပါ သေသွားနိုင်တဲ့ အတွက်ကြောင့်လို့ ထင်ပါတယ်။

အဲ့ဒိမှာ ဆေးရုံမှာ ဆေးတိုက်ကျွေးခြင်းနဲ့ ဆေးစာ ရေးပေးလိုက်ပြီး ဆေးသောက် စေခြင်းကြားက အစပ်အဆက်တွေကို ဆက်လက် လေ့လာရဦးမှာပါ။ ပိုးသတ်ဆေးတွေ
စွဲသောက်နေရင်းနဲ့ ကူးစပ်ရောဂါတွေ ဝင်လာရ တဲ့ အကြောင်း ကို သိခွင့် ရထားတာပါပဲ”လို့ ဆိုတယ်။

မောင်ယဿ REF: upi
Photo; eastside

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …