ပိုလန်ကတော့ LGBT ကိစ္စနဲ့ ပတ်သက်ပြီး အီးယူကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်လိုက်ပြီ

ပိုလန်ကတော့ LGBT ကိစ္စနဲ့ ပတ်သက်ပြီး အီးယူကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်လိုက်ပြီ
International-news

ပိုလန်ကတော့ LGBT ကိစ္စနဲ့ ပတ်သက်ပြီး အီးယူကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်လိုက်ပြီ

မောင်ယဿ ( စက်တင်ဘာ ၂၃ )

ပိုလန်နိုင်ငံမှာ LGBT ကိစ္စနဲ့ ပတ်သက်ပြီး အချင်းများမှုတွေ ဆက်တိုက်ဖြစ်နေရာ မနေ့ကတော့ ပိုလန်နိုင်ငံ တောင်ပိုင်း က ဒေသတွေက အီးယူထောက်ပံ့ကြေး ကို လက်မခံတော့ဘဲ LGBT ကင်းစင်ဇုံတွေကို စတင် တည်ထောင်လိုက်ပါတယ်။

ပိုလန်နိုင်ငံက ပြည်နယ် တွေ မှာ ၂၀၁၉ ကတည်းက LGBT ကိစ္စတွေကို အချေအတင်ဖြစ်နေပြီး မတင်မကျ ဖြစ်နေရာက မနေ့ကတော့ ဆွီတိုခဇိုင်စကီ ပြည်နယ်မှာ အရေးပေါ် ညီလာခံခေါ်ပြီး မဲခွဲဆုံးဖြတ်ကာ LGBT ကင်းစင်နယ်မြေ အဖြစ်သက်မှတ်လိုက်ပါတယ်။ အဲ့ဒါက ပိုလန်နိုင်ငံ သမိုင်းမှာ ပထမဦးဆုံး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ပိုလန်အစိုးရ ကလည်း ပြည်နယ်အာဏါပိုင်တွေကို LGBT ဆန့်ကျင်ရေးလှုတ်ရှားမှုတွေ မပေါ်ပေါက်ခင်မှာ ဆုံးဖြတ်သင့်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပြီး ရှင်းရှင်းလင်းလင်းတွေ လုပ်ဖို့အတွက် ညွှန်ကြားချက်တွေ ပေးထားပါတယ်။

ပိုလန်လွှတ်တော်နဲ့ တရားရေးအဖွဲ့ တွေကလည်း LGBT ကိစ္စရှင်းရှင်းလင်းလင်း လုပ်ဖို့ ထောက်ခံခဲ့ပြီး ဒေသတွင်းမှာရှိတဲ့ အမျိုး သားလူ့အဖွဲ့ အစည်းနဲ့ အမျိုးသမီးလူ့အဖွဲ့ အစည်းတွေ ရဲ့ မိသားစုတွေကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။

အဲ့ဒိကိစ္စ နဲ့ ပတ်သက်ပြီး ပိုလန်နိုင်ငံက ရှေးရိုစွဲတယ်ဆိုပြီ အကူအညီထောက်ပံ့ပေးမယ့် ယူရိုငွေကြေး သန်ပေါင်း များစွာကို ဥရောပ သမဂ္ဂ ( အီးယူ ) က ထိန်းချုပ်ထားလိုက်ပါတယ်။ LGBT ဆန့်ကျင်မှု ကိစ္စက လူအခွင့်အရေးတောင်းဆိုမှု ကို တိုက်ရိုက်စော်ကားလိုက်တာပဲလို့ သူတို့ က မြင်နေကြပါတယ်။

ပိုလန်ကတော့ LGBT ဆန့်ကျင်မှု ဆိုတာ သူတို့ကို တိုက်ခိုက်တာမဟုတ်ဘဲ၊ ပိုလန်လူ့အသိုင်း အဝိုင်း ကမကြိုဆိုတာလို့ ဆိုတာပါ။ LGBT လုပ်ချင်လုပ်လို့ ရတယ်၊ ဒါပေမဲ့ သူတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ လက်မခံတာပဲ ရှိပါတယ်။

ဥပမာ – LBGT တွေကိုယ်ပိုင်ကျောင်းထောင်ပြီ စာသင်ကြားခွင့်ရှိတယ်။ ဒါပေမဲ့ ဒေသတွင်း စာသင်ကျောင်းတွေ လာရောက်အပ်နှံခွင့် မရှိ ဘူလို့ ဆိုလိုတာပါ။

ဒေသတွင်း နိုင်ငံရေး ဦးဆောင်မှု ၊ လူ့အဖွဲ့အစည်းဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသား ၊အမျိုးသမီး တွေနဲ့ပဲသွားမယ်လို့ ဆိုပါတယ်။ သူတို့က LGBTဝါဒကိုပဲ လက်မခံတာလို့ ဆိုပါတယ်။

REF: euronewsယPhoto:Credit  eronews

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၂၃ )









REF: euronews
Photo: eronews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …