ပိုင်းလော့ ဆုံးဖြတ်ချက်မှန်လို့ မုန်တိုင်းရှာရာ တရားခံမဖြစ်တာ

ပိုင်းလော့ ဆုံးဖြတ်ချက်မှန်လို့ မုန်တိုင်းရှာရာ တရားခံမဖြစ်တာ
International-news

ပိုင်းလော့ ဆုံးဖြတ်ချက်မှန်လို့ မုန်တိုင်းရှာရာ တရားခံမဖြစ်တာ

ဥရောပ မြောက်ပိုင်းမှာ မုန်တိုင်းရှာရာက ဝင်ရောက် မွေနှောက်နေပါတယ်။ အတ္တလန်တစ်သမုဒ္ဒရာထဲမှာ အရှိန်ယူပြီး ဥရောပမြောက်ပိုင်း ကို ဝင်ရောက် တိုက်ခတ်နေတာပါ။ မနေ့က ခရီးသည် ၃၀၀ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းက အမ်စတာဒမ်မြို့က ရှီးပေါ လေဆိပ်ကို ဆင်းဖို့ ကြိုးစားခဲ့ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်က ကွင်းထဲကို ဆင်းမရဖြစ်ခဲ့ပါတယ်။ ၅ ကြိမ်တိုင်တိုင် ကြိုးစားချိန်မှာ ခရိးသည်တွေရဲ့ ဆူညံစွာ အော်ဟစ်သံတွေကြောင့် သူက နောက်ထပ် ဆင်းသက်ခြင်း မလုပ်တော့ ဘဲ သူ့ရဲ့ ခရီးစဉ် အစဖြစ်တဲ့ စပိန်က မက်ဒရစ်မြို့ဆီကို ပြန်လာခဲ့ရပါတယ်။ ။

လေယာဉ်ပေါ်မှာ ပါလာတဲ့ အဲယားယူရိုပါမှ မက်ဟာရာဂန်က “ရှီးပေါလေဆိပ်ပေါ်က လေကြောင်းက တော်တော်ကြီးပါတယ်။ ပထမ ၂ ကြိမ်ဆင်းတော့ ပြေးလမ်းနဲ့ မီတာ ၁၅၀ လောက်ပဲ ရှိပါတယ်။ အဲ့ဒိကတည်းက သူက လက်လျော့ပြီး ပြန်ဖို့လုပ်နေတာပါ။ လူတွေကလည်း လန့်နေကြပြီ။ အော်တဲ့သူက အော် ငိုတဲ့သူက ငို နေကြပါပြီ။ ကျနော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေပါတယ်။ ရှီးပေါ တာဝါက နောက်တစ်ကြိမ် ဆင်းခိုင်းပါတယ်။ လေယာဉ်ကွင်းထဲကို တတိယ အကြိမ် ဆင်းဖို့ လုပ်တဲ့ အချိန်မှာ တစ်စင်းလုံး တုန်ခါလာပါတယ်။ အပေါ်က အထုတ်အချို့ ကလည်း ပြုတ်ကျလာပါတယ်။ ။

လေယာဉ်မှူးဖြစ်သူ ဟာရာဂန်က “ကျနော်က အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးပါပဲ။ ဒါပေမဲ့ဒီလို အခြေအနေမျိုးမှာ တစ်ခါမှာ မဆင်းဖူးပါဘူး။ တာဝါကတော့ သူတို့မှာအတွေ့အကြုံရှိတော့ ဆင်းခိုင်းရဲတာပေါ့။ ဒီလို လေမုန်တိုင်း ကျနေချိန်မှာ ခရီးစဉ်ကို လေကြောင်းလိုင်းတွေက ဖျက်သိမ်းသင့် တယ်”လို့ ဆိုတယ်။ တာဝါက လေယာဉ်က နောက်ထပ်ဆင်းရန်အတွက် ညွှန်ကြားချက်တွေ ပေးခဲ့ပါသေးတယ်။ ။

ဒါပေမဲ့ ပြေးလမ်းပေါ်ကို ဦးတည်လိုက်တိုင်း လေယာဉ်က တုန်ခါလာပါတယ်။ ဘယ်လို့မှဆင်းလို့ မဖြစ်တဲ့ အခြေအနေကြောင့် ၅ ကြိမ်မြောက် ကြိုးစားပြီးချိန်မှာ တော့ လေယာဉ်မှူးက သူ့ဖာသာသူ ဆုံးဖြတ်ချက်ချပြီး မက်ဒရက်သို့ အပြန် ခရီးစခဲ့ပါတယ်။ ။

လေယာဉ် ပြန်လှည့်သွားမှပဲ ခရီးသည်တွေလည်း သက်ပြင်းချနိုင်ခဲ့ ရပါတယ်။ လေယာဉ်မှူး ဆုံးဖြတ်ချက်မချပဲ တာဝါက ခိုင်းသလို ရအောင်ဆင်းခဲ့ရင်တော့ မုန်တိုင်းရှာရာကြောင့် လေယာဉ်တစ်စင်း ပျက်ကျလို့ သတင်းမှာ ပါလာနိုင်ပါတယ်။ ။

မောင်ယဿ REF: daily mirror photo ; youtube

Unicode

ပိုင်းလော့ ဆုံးဖြတ်ချက်မှန်လို့ မုန်တိုင်းရှာရာ တရားခံမဖြစ်တာ

ဥရောပ မြောက်ပိုင်းမှာ မုန်တိုင်းရှာရာက ဝင်ရောက် မွေနှောက်နေပါတယ်။ အတ္တလန်တစ်သမုဒ္ဒရာထဲမှာ အရှိန်ယူပြီး ဥရောပမြောက်ပိုင်း ကို ဝင်ရောက် တိုက်ခတ်နေတာပါ။ မနေ့က ခရီးသည် ၃၀၀ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းက အမ်စတာဒမ်မြို့က ရှီးပေါ လေဆိပ်ကို ဆင်းဖို့ ကြိုးစားခဲ့ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်က ကွင်းထဲကို ဆင်းမရဖြစ်ခဲ့ပါတယ်။ ၅ ကြိမ်တိုင်တိုင် ကြိုးစားချိန်မှာ ခရိးသည်တွေရဲ့ ဆူညံစွာ အော်ဟစ်သံတွေကြောင့် သူက နောက်ထပ် ဆင်းသက်ခြင်း မလုပ်တော့ ဘဲ သူ့ရဲ့ ခရီးစဉ် အစဖြစ်တဲ့ စပိန်က မက်ဒရစ်မြို့ဆီကို ပြန်လာခဲ့ရပါတယ်။ ။

လေယာဉ်ပေါ်မှာ ပါလာတဲ့ အဲယားယူရိုပါမှ မက်ဟာရာဂန်က “ရှီးပေါလေဆိပ်ပေါ်က လေကြောင်းက တော်တော်ကြီးပါတယ်။ ပထမ ၂ ကြိမ်ဆင်းတော့ ပြေးလမ်းနဲ့ မီတာ ၁၅၀ လောက်ပဲ ရှိပါတယ်။ အဲ့ဒိကတည်းက သူက လက်လျော့ပြီး ပြန်ဖို့လုပ်နေတာပါ။ လူတွေကလည်း လန့်နေကြပြီ။ အော်တဲ့သူက အော် ငိုတဲ့သူက ငို နေကြပါပြီ။ ကျနော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေပါတယ်။ ရှီးပေါ တာဝါက နောက်တစ်ကြိမ် ဆင်းခိုင်းပါတယ်။ လေယာဉ်ကွင်းထဲကို တတိယ အကြိမ် ဆင်းဖို့ လုပ်တဲ့ အချိန်မှာ တစ်စင်းလုံး တုန်ခါလာပါတယ်။ အပေါ်က အထုတ်အချို့ ကလည်း ပြုတ်ကျလာပါတယ်။

လေယာဉ်မှူးဖြစ်သူ ဟာရာဂန်က “ကျနော်က အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးပါပဲ။ ဒါပေမဲ့ဒီလို အခြေအနေမျိုးမှာ တစ်ခါမှာ မဆင်းဖူးပါဘူး။ တာဝါကတော့ သူတို့မှာအတွေ့အကြုံရှိတော့ ဆင်းခိုင်းရဲတာပေါ့။ ဒီလို လေမုန်တိုင်း ကျနေချိန်မှာ ခရီးစဉ်ကို လေကြောင်းလိုင်းတွေက ဖျက်သိမ်းသင့် တယ်”လို့ ဆိုတယ်။ တာဝါက လေယာဉ်က နောက်ထပ်ဆင်းရန်အတွက် ညွှန်ကြားချက်တွေ ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ပြေးလမ်းပေါ်ကို ဦးတည်လိုက်တိုင်း လေယာဉ်က တုန်ခါလာပါတယ်။ ဘယ်လို့မှဆင်းလို့ မဖြစ်တဲ့ အခြေအနေကြောင့် ၅ ကြိမ်မြောက် ကြိုးစားပြီးချိန်မှာ တော့ လေယာဉ်မှူးက သူ့ဖာသာသူ ဆုံးဖြတ်ချက်ချပြီး မက်ဒရက်သို့ အပြန် ခရီးစခဲ့ပါတယ်။

လေယာဉ် ပြန်လှည့်သွားမှပဲ ခရီးသည်တွေလည်း သက်ပြင်းချနိုင်ခဲ့ ရပါတယ်။ လေယာဉ်မှူး ဆုံးဖြတ်ချက်မချပဲ တာဝါက ခိုင်းသလို ရအောင်ဆင်းခဲ့ရင်တော့ မုန်တိုင်းရှာရာကြောင့် လေယာဉ်တစ်စင်း ပျက်ကျလို့ သတင်းမှာ ပါလာနိုင်ပါတယ်။

မောင်ယဿ REF: daily mirror photo ; youtube

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …