ပိုက်ဆံချမ်းသာတော့ အာကာသထဲကိုတက်ပြီး ကဲတော့မယ်

ပိုက်ဆံချမ်းသာတော့ အာကာသထဲကိုတက်ပြီး ကဲတော့မယ်

မောင်ယဿ ( ဇူလိုင် ၁၈ )

ဒီလ ၂၀ ရက်(အင်္ဂါနေ့)မှာ အာကာသထဲကိုသွားဖို့အတွက် စီစဉ်နေတဲ့ အမေဇုံသူဌေး ဂျက်ဖ်ဘီးဇော့ နဲ့ အဖော်တွေ ဒီနေ့ အာကာသထဲက ပြန်အဆင်းအတွက် လေ့ကျင့်ခန်းတွေ လုပ်နေကြပါတယ်။

အသက် ၈၂ နှစ်အရွယ် ဝေါ်လီဖရန့်ဆိုတဲ့ အဖွားအို တစ်ယောက်ရယ် ၊ ၁၈ နှစ်အရွယ် ရူပဗေဒကျောင်းသား အိုလီဗာဒေမန်ရယ်၊ ဂျက်ဖ်ဘီးဇော့ရဲ့ ညီ မာ့ခ်ဘီးဇော့ရယ် သူရယ် စုစုပေါင်း ၄ယောက်သား လေ့ကျင့် နေကြတာပါ။

ဘလူအော်ရဂျင်လို့ ခေါ်တဲ့ အာကာသ အပျော်ခရီး လုပ်ငန်းက သူတို့ကို အာကာသထဲကိုပို့ပေးမှာပါ။ သူတို့တွေ က အာကာသ ထဲမှာ ၁၁မိနစ်ကြာအောင် နေပြီးနောက် ကမ္ဘာကိုပြန်လည် ဆင်းသက်ကြမှာပါ။

ပိုက်ဆံချမ်းသာတော့ အာကာသထဲကိုတက်ပြီး ကဲတော့မယ်1

ဇွန်လတုန်းက အာကာသယာဉ်ပေါ်က ခုံ ၄ခုံကို လေလံပစ်ခဲ့တာ ကမ္ဘာ့ ၁၅၉ နိုင်ငံက လေလံဆွဲသူ ၇၆၀၀ ထဲ မှာ ဂျက်ဖ်ဘီးဇော့ က ၂၈ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။

အဲ့ဒိခရီးစဉ်က ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူးတွေ မပါဘဲ အရပ်သားချည်းသက်သက်နဲ့ အာကာသထဲကိုသွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဘလူးအော်ရီဂျင်က အရပ်သားတွေကို မြေပြင်မှာပဲ လေ့ကျင့်ပေး လိုက်တာဖြစ်ပြီး အာကာသယာဉ်ထဲကို ဘယ်သူမှ ထည့်ပေးလိုက်မှာ မဟုတ်ပါဘူး။

နယူရှားပတ်လို့ အမည်ရတဲ့ အာကာသယာဉ်ကို ဒုံးပျံနဲ့ ကမ္ဘာ့ပတ်လမ်းထဲကို ပစ်လွှတ်ပေးလိုက်မှာပါ။ လေ့ကျင့်မှုတွေကတော့ ကမ္ဘာအပြင်ကိုရောက်တာနဲ့ အာကာသယာဉ်ရဲ့ ပျံသန်းမှုကိုလေ့လာခြင်း၊ ဒုံးပျံရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသတ်ခြင်းနဲ့ ယာဉ်ထဲမှာ ဘယ်လိုမျောပြီးလုပ်ဆောင်ရမလဲ ဆိုတာတွေပါပဲ။

ပိုက်ဆံချမ်းသာတော့ အာကာသထဲကိုတက်ပြီး ကဲတော့မယ်2

ကမ္ဘာမြေပြင်အထက် ၆၂ မိုင်အကွာအထိ သွာမှာဖြစ်ပြီး အဲ့ဒိကိုရောက်ရင် ခရီးသည်တွေပါတဲ့ အိမ်က ကမ္ဘာပေါ်ကိုပြန်လည် ဆင်းသက်မှာ ဖြစ်ပါတယ်။ နာဆာကတော့ ကမ္ဘာမြေမှအပေါ် မိုင် ၅၀ ကျော်ရင် အာသာသယာဉ်မှူးလိုတယ်လို့ ဆိုထားပါတယ်။

သြစတေးလျှ ဘီလီယံနာ အီလွန်မက်စ်ကတော့ စက်တင်ဘာလထဲ ရောက်ရင် အဲ့ဒိအမြင့်ထက် ပိုမြင့်တဲ့ နေရာကို ပိုပေးမယ်လို့ ဆိုထားပါတယ်။

REF: REUterPhoto:, credit

zawgyi


မောင်ယဿ ( ဇူလိုင် ၁၈ )










REF: REUterPhoto:

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …