ပိုက္ဆံ တစ္ျပားတစ္ခ်ပ္မွ မယူဘဲနဲ႔ သ႐ုပ္ေဆာင္ေပးမယ့္ ေအေဂ်
- By : Phoe Linn
- Category : Entertainment, Knowledge

ပိုက္ဆံ တစ္ျပားတစ္ခ်ပ္မွ မယူဘဲနဲ႔ သ႐ုပ္ေဆာင္ေပးမယ့္ ေအေဂ်
ဘာဟူဘာလီကားကို ႐ိုက္ၿပီး ေဘာလီးဝုဒ္မွာ သမိုင္းမွတ္တိုင္ တစ္ခု စိုက္ထူႏိုင္ခဲ့တဲ့ ရာဂ်ာမူလီ သူ႔ရဲ႕ ေနာက္ထပ္မွတ္တိုင္ တစ္ခုျဖစ္ တဲ့ RRR ကို႐ိုက္ဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ ဒါ႐ိုက္တာက ေတာင္ပိုင္း စူပါစတား ၂ ေယာက္ ျဖစ္တဲ့ ဂ်ဴနီယာ NTR နဲ႔ ရမ္ခ်ာရမ္ တို႔ နဲ႔႐ိုက္ဖို႔ စီစဥ္ ထားေပမဲ့ အခုေတာ့ မဟုတ္ေတာ့ပါဘူး။ ။
ရာဂ်ာမူလီက စူပါစတား ေအေဂ်ေဒ့ဗ္ဂ်္ နဲ႔ အလီယာဘတ္ တို႔ နဲ႔ ပဲ ႐ိုက္ေတာ့ မယ္လို႔ စီစဥ္လိုက္ပါတယ္။ ေဘာလီးဝုဒ္က လာတဲ့ သတင္း တစ္ရပ္အရ ေအေဂ်က RRR ကားမွာ သူပါဝင္ရမယ့္ အပိုင္းအတြက္ အႏုပညာေၾကး လုံးဝမယူဘူးလို႔ သိရတယ္။ ေအေဂ်နဲ႔ ရာဂ်ာမူလီတို႔က Eega ကားကို ႐ိုက္ကတည္းက အလြန္ ခင္ခဲ့ၾကတဲ့ မိတ္ေဆြ ေတြပါ။ ။
အဲ့ဒီ ကားက ဟင္ဒီ စကားေျပာ ကားပါ။ ေအေဂ်က အသံ သ႐ုပ္ေဆာင္ အျဖစ္ လုပ္ခဲ့ရပါတယ္။ RRR ကားအတြက္ ထုတ္လုပ္သူ ဒါေနယာနဲ႔ ဒါ႐ိုက္တာ ရာဂ်ာမူလီတို႔ကို ေအေဂ်က ပိုက္ဆံမယူဘဲ သ႐ုပ္ေဆာင္ ေပးပါမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေနယာက ေတာ့ ဒါ႐ိုက္တာက ႀကိဳက္တယ္ဆိုရင္ေတာ့ အႏုပညာေၾကး ယူပါ ေနာက္ၿပီး လက္ရွိ ေပါက္ေဈးအတိုင္းပဲ ေပးပါမယ္လို႔ ေျပာေပမဲ့ ေအေဂ်ကေတာ့ ျငင္းခဲ့ပါတယ္။ သူ သ႐ုပ္ေဆာင္ရမယ့္အပိုင္းကို အခမဲ့ပဲ လုပ္ေပးမယ္လို႔ ေျပာတယ္။ ။
RRR ႐ုပ္ရွင္ကားက ဒီႏွစ္အတြက္ ေစာင့္ၾကည့္ရမယ့္ ႐ုပ္ရွင္ကားပါ။ လြတ္လပ္ေရး ေခာတ္ႀကိဳ ကာလက လြတ္လပ္ေရးအတြက္ တိုက္ပြဲ ဝင္ခဲ့တဲ့ သူရဲေကာင္းႏွစ္ဦး ( အလူရီ ဆီသာရာမရာဂ်ဴး နဲ႔ ကိုမာရမ္ ဘီဟမ္) ရဲ႕ ေတာ္လွန္ေရး ျဖစ္ရပ္ကို အေျခခံၿပီး ႐ိုက္ထား တာပါ။ ေတာ္လွန္ေရး ကားကို ဘာဟူဘာလီကား ႐ိုက္သလို ခမ္းခမ္းနားနား ျဖစ္ေအာင္ ႐ိုက္မွာ ျဖစ္တဲ့အတြက္ ေအေဂ်က အရမ္းစိတ္ဝင္ စားေန တာပါ။ ။
ဒီကားမွာ သူသ႐ုပ္ေဆာင္ ျဖစ္ခဲ့ရင္ သူ႔ရဲ႕ ေအာင္ျမင္မႈ အရိပ္က ပိုမို ႀကီးထြားလာစရာ ရွိေနပါတယ္။ RRR ကားက ၾသဇာႀကီးတဲ့ ဘာဟူဘာလီကားကို ေက်ာ္ႏိုင္မလားကေတာ့ ေစာင့္ၾကည့္ရမွာပါ။
ေမာင္ယႆ REF; Bollywood life photo; ibt times india
Unicode
ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ သရုပ်ဆောင်ပေးမယ့် အေဂျေ
ဘာဟူဘာလီကားကို ရိုက်ပြီး ဘောလီးဝုဒ်မှာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ရာဂျာမူလီ သူ့ရဲ့ နောက်ထပ်မှတ်တိုင် တစ်ခုဖြစ် တဲ့ RRR ကိုရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါရိုက်တာက တောင်ပိုင်း စူပါစတား ၂ ယောက် ဖြစ်တဲ့ ဂျူနီယာ NTR နဲ့ ရမ်ချာရမ် တို့ နဲ့ရိုက်ဖို့ စီစဉ် ထားပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ ။
ရာဂျာမူလီက စူပါစတား အေဂျေဒေ့ဗ်ဂျ် နဲ့ အလီယာဘတ် တို့ နဲ့ ပဲ ရိုက်တော့ မယ်လို့ စီစဉ်လိုက်ပါတယ်။ ဘောလီးဝုဒ်က လာတဲ့ သတင်း တစ်ရပ်အရ အေဂျေက RRR ကားမှာ သူပါဝင်ရမယ့် အပိုင်းအတွက် အနုပညာကြေး လုံးဝမယူဘူးလို့ သိရတယ်။ အေဂျေနဲ့ ရာဂျာမူလီတို့က Eega ကားကို ရိုက်ကတည်းက အလွန် ခင်ခဲ့ကြတဲ့ မိတ်ဆွေ တွေပါ။ ။
အဲ့ဒီ ကားက ဟင်ဒီ စကားပြော ကားပါ။ အေဂျေက အသံ သရုပ်ဆောင် အဖြစ် လုပ်ခဲ့ရပါတယ်။ RRR ကားအတွက် ထုတ်လုပ်သူ ဒါနေယာနဲ့ ဒါရိုက်တာ ရာဂျာမူလီတို့ကို အေဂျေက ပိုက်ဆံမယူဘဲ သရုပ်ဆောင် ပေးပါမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါနေယာက တော့ ဒါရိုက်တာက ကြိုက်တယ်ဆိုရင်တော့ အနုပညာကြေး ယူပါ နောက်ပြီး လက်ရှိ ပေါက်ဈေးအတိုင်းပဲ ပေးပါမယ်လို့ ပြောပေမဲ့ အေဂျေကတော့ ငြင်းခဲ့ပါတယ်။ သူ သရုပ်ဆောင်ရမယ့်အပိုင်းကို အခမဲ့ပဲ လုပ်ပေးမယ်လို့ ပြောတယ်။ ။
RRR ရုပ်ရှင်ကားက ဒီနှစ်အတွက် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားပါ။ လွတ်လပ်ရေး ခောတ်ကြို ကာလက လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ခဲ့တဲ့ သူရဲကောင်းနှစ်ဦး ( အလူရီ ဆီသာရာမရာဂျူး နဲ့ ကိုမာရမ် ဘီဟမ်) ရဲ့ တော်လှန်ရေး ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထား တာပါ။ တော်လှန်ရေး ကားကို ဘာဟူဘာလီကား ရိုက်သလို ခမ်းခမ်းနားနား ဖြစ်အောင် ရိုက်မှာ ဖြစ်တဲ့အတွက် အေဂျေက အရမ်းစိတ်ဝင် စားနေ တာပါ။ ။
ဒီကားမှာ သူသရုပ်ဆောင် ဖြစ်ခဲ့ရင် သူ့ရဲ့ အောင်မြင်မှု အရိပ်က ပိုမို ကြီးထွားလာစရာ ရှိနေပါတယ်။ RRR ကားက သြဇာကြီးတဲ့ ဘာဟူဘာလီကားကို ကျော်နိုင်မလားကတော့ စောင့်ကြည့်ရမှာပါ။
မောင်ယဿ REF; Bollywood life photo; ibt times india
No Comments