ပိန္ေနရင္လည္းစိတ္ပ်က္စရာ

ပိန္ေနရင္လည္းစိတ္ပ်က္စရာ
Life Style

ပိန္ေနရင္လည္းစိတ္ပ်က္စရာ

သင့္မွာ လိုအပ္တဲ့ ကိုယ္အေလးခ်ိန္မရွိဘူး ျဖစ္ေနလား ။ စိတ္မပ်က္ပါနဲ႔ ။ သင့္ရဲ႕ ေန႔စဥ္ေနမႈထိုင္မႈကို ျပန္ၿပီးထိန္းသိမ္းလိုက္ပါ ။ BMI တြက္နည္းကိုသုံးၿပီး ကိုယ္အေလးခ်ိန္နဲ႔ အရပ္အေမာင္းကို တြက္ခ်က္စစ္ေဆး ၾကည့္တဲ့အခါ ကိုယ္အေလးခ်ိန္ဟာ ပုံမွန္ရွိသင့္သေလာက္ မရွိပဲပိန္ေနတယ္ဆိုရင္ သင္ သတိထားရမွာပဲျဖစ္ပါတယ္ ။

ကိုယ္အေလးခ်ိန္ မျပည့္ပဲ ပိန္လြန္းတာကလည္း က်န္းမာေရးအတြက္ မေကာင္းက်ိဳးကို မ်ားေစပါတယ္ ။ အ႐ိုးပါးလြယ္တာမ်ိဳး ျဖစ္ေစၿပီး ဆိုးက်ိဳးတစ္ခ်ိဳ႕ကို ျဖစ္ေစႏိုင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ျပည့္ၿပီး ပိုမိုၾကည့္ေကာင္းလာေစမဲ့ နည္းလမ္းေတြကို အႀကံျပဳခ်င္ပါတယ္ ။

ပိန္တဲ့သူေတြအတြက္ ကိုယ္အေလးခ်ိန္ တက္လာေအာင္ ႀကိဳးစားရတာက ဝတဲ့သူေတြ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေအာင္ ျပဳလုပ္ရတာလို မလြယ္ကူလွပါ ။ ကိုယ္အေလးခ်ိန္တက္ေစဘို႔အတြက္ က်န္းမာေရးနဲ႔ ညီၫြတ္မဲ့ အစားအေသာက္ကို စားၿပီး ကိုယ္လက္လႈပ္ရွားမႈကို ပုံမွန္လုပ္ေဆာင္ေပးဖို႔ လိုပါတယ္ ။

မၾကာခဏစားပါ…..

တစ္ေန႔တာအတြင္း အစားအစာကို ႏွစ္ႀကိမ္ သုံးႀကိမ္ စားရာကေန ငါးႀကိမ္ ေျခာက္ႀကိမ္ ခန႔္ စားသုံးေပးပါ ။

အာဟာရျပည့္ဝတဲ့ အစားအစာေတြကိုစားပါ……..

က်န္းမာေရး ေကာင္းမြန္ၿပီး ကိုယ္ခႏၶာျပည့္တင္းမႈ ရွိေစဖို႔ အခြံခြၽတ္မထားတဲ့ အစာေတြ ဥပမာ…. ေပါင္မုန႔္ညိဳ ၊ ဆန္လုံးညိဳ ၊ ေခါက္ဆြဲညိဳ ၊ သစ္သီး ၊ ဟင္းသီးဟင္း႐ြက္ ၊ အဆီနည္းႏြားႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြ အဆီနည္းအသား အေရခြံမပါတဲ့ ၾကက္သား ၊ ငါး ၊ အခြံမာအသီး အေစ့အဆန္ေတြကို စားသုံးေပးပါ ။

ေရဓာတ္ျပည့္ဝေအာင္ ဂ႐ုစိုက္ပါ….

ကယ္လိုရီနည္းၿပီး အာဟာရတန္ဖိုးမပါသေလာက္ရွိတဲ့ အခ်ိဳရည္ေတြကို ေရွာင္ပါ ။ သစ္သီးေဖ်ာ္ရည္ ႏြားႏို႔ ဒိန္ခ်ဥ္ နဲ႔ ေရကိုမ်ားမ်ား ေသာက္ပါ ။

ထမင္းမစားခင္ နာရီဝက္အလိုနဲ႔ စားၿပီး နာရီဝက္အတြင္းမွာ အရည္ေသာက္ပါ ။ ထမင္းစားခါနီးေသာက္ရင္ ဗိုက္ျပည့္တင္းကာ အစားစားခ်င္စိတ္ နည္းသြားပါလိမ့္မယ္ ။

ကယ္လိုရီမ်ားေသာ သေရစာစားပါ…..

ကယ္လိုရီ ပါဝင္မႈမ်ားတဲ့ အစာေတြ အခြံမာသီးေတြ ေျမပဲ ေထာပတ္သီး စတာေတြကို စားပါ ။အိပ္ယာဝင္ခ်ိန္မွာ ႏြားႏို႔ ငွက္ေပ်ာသီး စတဲ့ အစာေတြ စားပါ ။

ေရာစားပါ….

ၾကက္သားကို ဟင္းသီးဟင္း႐ြက္စြပ္ျပဳတ္ထဲ ထည့္၍ ေရာေႏွာ ခ်က္ျပဳတ္တာမ်ိဳး ၾကက္ဥ ဘဲဥ ကို ဟင္းသီးဟင္း႐ြက္နဲ႔ ေရာေၾကာ္တာမ်ိဳး ကုလားပဲကို ဟင္းသီးဟင္း႐ြက္ အစုံအလင္ထည့္ၿပီး ေရာခ်က္တာမ်ိဳးေတြ ျပဳလုပ္ကာစားေပးပါ ။

ေလ့က်င့္ခန္လုပ္ရန္ မေမ့ပါႏွင့္…

ႂကြက္သားထုထည္ ႀကီးမားလာေစဖို႔နဲ႔ ခႏၶာကိုယ္ျပည့္တင္း သန္စြမ္းလာေစဖို႔ အေလးမေလ့က်င့္ခန္းမ်ား ျပဳလုပ္သင့္ပါတယ္ ။ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာ အစာစားခ်င္စိတ္ကို တိုးျမင့္လာေစပါတယ္ ။

ပိန္ေနလို႔ စိတ္ညစ္ေနမဲ့အစား ေဖာ္ျပပါ က်င့္စဥ္မ်ားနဲ႔ ကိုယ္အေလးခ်ိန္တက္ေအာင္ ျပဳလုပ္လိုက္ပါ သင့္ကို စိတ္အလို ျပည့္ေစမွာမလြဲပါ ။

စႏၵီျမင့္မိုရ္#

Unicode Version

ပိန်နေရင်လည်းစိတ်ပျက်စရာ

သင့်မှာ လိုအပ်တဲ့ ကိုယ်အလေးချိန်မရှိဘူး ဖြစ်နေလား ။ စိတ်မပျက်ပါနဲ့ ။ သင့်ရဲ့ နေ့စဉ်နေမှုထိုင်မှုကို ပြန်ပြီးထိန်းသိမ်းလိုက်ပါ ။ BMI တွက်နည်းကိုသုံးပြီး ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းကို တွက်ချက်စစ်ဆေး ကြည့်တဲ့အခါ ကိုယ်အလေးချိန်ဟာ ပုံမှန်ရှိသင့်သလောက် မရှိပဲပိန်နေတယ်ဆိုရင် သင် သတိထားရမှာပဲဖြစ်ပါတယ် ။ ကိုယ်အလေးချိန် မပြည့်ပဲ ပိန်လွန်းတာကလည်း ကျန်းမာရေးအတွက် မကောင်းကျိုးကို များစေပါတယ် ။

အရိုးပါးလွယ်တာမျိုး ဖြစ်စေပြီး ဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ပြည့်ပြီး ပိုမိုကြည့်ကောင်းလာစေမဲ့ နည်းလမ်းတွေကို အကြံပြုချင်ပါတယ် ။ ပိန်တဲ့သူတွေအတွက် ကိုယ်အလေးချိန် တက်လာအောင် ကြိုးစားရတာက ဝတဲ့သူတွေ ကိုယ်အလေးချိန် လျော့ကျအောင် ပြုလုပ်ရတာလို မလွယ်ကူလှပါ ။

ကိုယ်အလေးချိန်တက်စေဘို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်မဲ့ အစားအသောက်ကို စားပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပေးဖို့ လိုပါတယ် ။

မကြာခဏစားပါ…..

တစ်နေ့တာအတွင်း အစားအစာကို နှစ်ကြိမ် သုံးကြိမ် စားရာကနေ ငါးကြိမ် ခြောက်ကြိမ် ခန့် စားသုံးပေးပါ ။

အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုစားပါ……..

ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်ခန္ဓာပြည့်တင်းမှု ရှိစေဖို့ အခွံချွတ်မထားတဲ့ အစာတွေ ဥပမာ…. ပေါင်မုန့်ညို ၊ ဆန်လုံးညို ၊ ခေါက်ဆွဲညို ၊ သစ်သီး ၊ ဟင်းသီးဟင်းရွက် ၊ အဆီနည်းနွားနို့နဲ့နို့ထွက်ပစ္စည်းတွေ အဆီနည်းအသား အရေခွံမပါတဲ့ ကြက်သား ၊ ငါး ၊ အခွံမာအသီး အစေ့အဆန်တွေကို စားသုံးပေးပါ ။

ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ….

ကယ်လိုရီနည်းပြီး အာဟာရတန်ဖိုးမပါသလောက်ရှိတဲ့ အချိုရည်တွေကို ရှောင်ပါ ။ သစ်သီးဖျော်ရည် နွားနို့ ဒိန်ချဉ် နဲ့ ရေကိုများများ သောက်ပါ ။

ထမင်းမစားခင် နာရီဝက်အလိုနဲ့ စားပြီး နာရီဝက်အတွင်းမှာ အရည်သောက်ပါ ။ ထမင်းစားခါနီးသောက်ရင် ဗိုက်ပြည့်တင်းကာ အစားစားချင်စိတ် နည်းသွားပါလိမ့်မယ် ။

ကယ်လိုရီများသော သရေစာစားပါ…..

ကယ်လိုရီ ပါဝင်မှုများတဲ့ အစာတွေ အခွံမာသီးတွေ မြေပဲ ထောပတ်သီး စတာတွေကို စားပါ ။အိပ်ယာဝင်ချိန်မှာ နွားနို့ ငှက်ပျောသီး စတဲ့ အစာတွေ စားပါ ။

ရောစားပါ….

ကြက်သားကို ဟင်းသီးဟင်းရွက်စွပ်ပြုတ်ထဲ ထည့်၍ ရောနှော ချက်ပြုတ်တာမျိုး ကြက်ဥ ဘဲဥ ကို ဟင်းသီးဟင်းရွက်နဲ့ ရောကြော်တာမျိုး ကုလားပဲကို ဟင်းသီးဟင်းရွက် အစုံအလင်ထည့်ပြီး ရောချက်တာမျိုးတွေ ပြုလုပ်ကာစားပေးပါ ။

လေ့ကျင့်ခန်လုပ်ရန် မမေ့ပါနှင့်…

ကြွက်သားထုထည် ကြီးမားလာစေဖို့နဲ့ ခန္ဓာကိုယ်ပြည့်တင်း သန်စွမ်းလာစေဖို့ အလေးမလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ် ။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အစာစားချင်စိတ်ကို တိုးမြင့်လာစေပါတယ် ။

ပိန်နေလို့ စိတ်ညစ်နေမဲ့အစား ဖော်ပြပါ ကျင့်စဉ်များနဲ့ ကိုယ်အလေးချိန်တက်အောင် ပြုလုပ်လိုက်ပါ သင့်ကို စိတ်အလို ပြည့်စေမှာမလွဲပါ ။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Life Style
လက္တြဲေဖာ္နဲ႕ ဖဲေမြ႕ယာထက္ ေပ်ာ္ေမြ႕ တတ္တဲ့သူေတြအတြက္ ေဆာင္ရန္ ေရွာင္ရန္

လက္တြဲေဖာ္နဲ႕ ဖဲေမြ႕ယာထက္ ေပ်ာ္ေမြ႕ တတ္တဲ့သူေတြအတြက္ ေဆာင္ရန္ ေရွာင္ရန္ ေကာ္႐ိုနာဗိုင္းရပ္စ္ ျပန္႔ေနတဲ့ အခ်ိန္မွာ သီးျခားခြဲေနပါတို႔၊ တစ္ဦးနဲ႔ တစ္ဦး ပူးမေနပါနဲ႔တို႔၊ တတ္ႏိုင္သေလာက္ ေရွာင္ေနပါတို႔ ဆိုတာေတြက ေကာ္႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔အတြက္ အလြန္သင့္ေတာ္တဲ့ အစီအမံေတြ ဆိုေပမဲ့ ခ်စ္သူေတြအတြက္ေတာ့ ငရဲ က်ေနသလိုပါပဲ။ ခ်စ္ေသာသူနဲ႔ ေကြကြင္း ရျခင္းဆိုတာ အဆင္းရဲႀကီး ဆင္းရဲတာပဲ မဟုတ္လား။ ခ်စ္သူနဲ႔ ဖဲေမြ႕ယာထက္ ေပ်ာ္ေမြ႕ တတ္တဲ့ သူေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ အကာအကြယ္ျဖစ္ေအာင္ ေနတတ္ထိုင္တတ္မွသာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ခ်စ္ဇာတ္လမ္း တစ္ပုဒ္ ျဖစ္မွာပါ။ ေကာ္႐ိုနာေဘး ကင္းတဲ့ တပ္မက္မႈ အာသာေျဖနည္းက ရွိပါတယ္တဲ့။ အေမရိကားမွာေရာ၊ ဥေရာပမွာပါ …

တဲတစ္လုံးရဖို႔အတြက္ ေက်ာက္ကပ္တစ္လုံး ေရာင္းမယ္တဲ့
Life Style
တဲတစ္လုံးရဖို႔အတြက္ ေက်ာက္ကပ္တစ္လုံး ေရာင္းမယ္တဲ့

တဲတစ္လုံးရဖို႔အတြက္ ေက်ာက္ကပ္တစ္လုံး ေရာင္းမယ္တဲ့ မိသားစုအတြက္ အမွီအခိုရေအာင္ စြမ္းေဆာင္ဖို႔အတြက္ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာက အဆုံးမဲ့အင္အားေတြရွိပါတယ္။ မိသားစု လုံလုံၿခဳံၿခဳံ ေလးေနရဖို႔အတြက္ သူ႔အေနနဲ႔ ျဖစ္ႏိုင္တဲ့ဘာမဆိုကို လုပ္ဖို႔ရာအတြက္ အသင့္ျဖစ္ေနတတ္ပါတယ္။ အခုေျပာျပမယ့္ အေဖတစ္ေယာက္ကေတာ့ မိသားစု ေခါင္းေပၚမွာ အမိုးေလးတစ္ခုရဖို႔အတြက္ သူ႔ခႏၲာကိုယ္က အဂၤါ တစ္ခုကို ေရာင္းခ်မယ္လို႔ ေျပာတဲ့သူပါ။ လက္ရွိ ဆီးရီးယားမွာ တိုက္ပြဲေတြျဖစ္ေနပါတယ္။ အရပ္သားေနအိမ္ အေဆာက္အအုံေတြကို အစိုးရတပ္ေတြနဲ႔ ႐ုရွား ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေနလို႔ အရပ္သား ၉သိန္းေက်ာ္က ကုလသမဂၢ စီစဥ္ေပးထားတဲ့ ကြင္ျပင္ေတြမွာ တဲထိုးၿပီးေန ေနရပါတယ္။ ကုလသမဂၢကလည္း တဲေတြ စီစဥ္ေပးထားေပမဲ့ မလုံေလာက္တဲ့ အတြက္ အခ်ိဳ႕မိသားစုေတြက ကြင္းေျပာင္ႀကီးေတြ …

အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း
Life Style
အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း

အခ်စ္က အေသးအမႊားေလးေတြ ကိုေတာင္ အမွတ္တရ ျဖစ္ေစတယ္ဆိုတဲ့ ေဒးဗစ္ဘက္ခမ္း လြန္ခဲ့တဲ့ ၂၃ ႏွစ္ကာလက ဗစ္တိုးရီးယားနဲ႔ စေတြ႕ခ်ိန္မွာ ဖုန္းနံပါတ္ ေရးေပးခဲ့တဲ့ မီးရထား လက္မွတ္ျဖတ္ပိုင္းေလးကို အခုထိ အမွတ္တရ သိမ္းထားဆဲ ပါလို႔ ေဒးဗစ္ဘက္ခမ္း က တီဗီရႈိး တစ္ခုမွာ ေျပာခဲ့ပါတယ္။ အမွန္တကယ္ ခ်စ္တတ္တဲ့ သူေတြအတြက္ ခ်စ္သူနဲ႔ ပတ္သက္လာရင္ အရာရာက အမွတ္တရေတြ ျဖစ္တတ္ပါတယ္ ။ ခ်စ္သူနဲ႔ ပတ္သတ္တဲ့ အရာေတြမွာ ေသးေသးမႊားမႊား ဆိုတာ မရွိပါဘူး ။ အားလုံးက အမွတ္ရစရာေတြခ်ည္းပါပဲ ။ ဂ်င္မီေဖာ္လြန္ရဲ႕ တူႏိုက္ရႈိး အစီးအစဥ္မွာ ဂ်င္မီက ေဒးဗစ္ဘက္ခမ္း နဲ႔ ေတြ႕ဆုံၿပီး …