ပါပါရာဇီေတြရဲ႕ မွန္ေျပာင္းကို လြတ္ေအာင္ေရွာင္ေနရတဲ့ ကတ္ထရီနာကိဖ္

ပါပါရာဇီေတြရဲ႕ မွန္ေျပာင္းကို လြတ္ေအာင္ေရွာင္ေနရတဲ့ ကတ္ထရီနာကိဖ္
Entertainment

ပါပါရာဇီေတြရဲ႕ မွန္ေျပာင္းကို လြတ္ေအာင္ေရွာင္ေနရတဲ့ ကတ္ထရီနာကိဖ္

ေဘာလီးဝုဒ္မွာ သတင္းေျပးေနတဲ့ ကတ္ထရီနာကိဖ္ နဲ႔ ဗစ္ကီးကူရွယ္တို႔ က ပါပါရာဇီေတြရဲ႕ မွန္ေျပာင္း ကေန လြတ္ေအာင္ အသည္းအသန္ ေရွာင္တိမ္း ေနရပါတယ္။

ဗစ္ကီက သူတို႔က သူငယ္ခ်င္းေတြပါလို႔ ပါပါရာဇီေတြကို ရွင္းျပေပမဲ့လည္း အဲ့လိုရွင္းကာမွ ပါပါရာဇီေတြက ပိုၿပီး မယုံသကၤာ ျဖစ္ကာ သူတို႔ေနာက္ကို ေပၚတင္ တစ္မ်ိဳး ပုန္းလွ်ိဳး ကြယ္လွ်ိဳး တစ္မ်ိဳး လိုက္ေနပါတယ္။

ၿပီးခဲ့တဲ့ အပတ္ကဆိုရင္ သူတို႔ ၂ေယာက္ ခ်ိန္ၿပီး ဟိုသြားဒီသြား လုပ္ခဲ့ၾကတာကို စာမ်က္ႏွာေတြေပၚမွာ ဓာတ္ပုံေတြ ပလူပ်ံေအာင္ တက္လာၾကပါတယ္။ သူတို႔ ၂ေယာက္ ခ်စ္သူေတြ ျဖစ္သြားၾကပါၿပီလို႔ ေရးတဲ့သူကလည္း ေရးေနၾကတယ္။

သူတို႔ကေတာ့ အဲ့ဒါနဲ႔ ပတ္သက္လို႔ ျငင္းခ်က္ ထုတ္ဆိုျခင္း မရွိပါဘူး။ အဲ့လိုဘဲ ကတ္ထရီနာက ဗစ္ကီတို႔ အိမ္နဲ႔ ဗစ္ကီ လက္ရွိ႐ိုက္ေနတဲ့ သရဲသေဘၤာ ႐ုပ္ရွင္ကား ႐ိုက္ကြင္းေတြကို သြားလည္ပတ္ေတာ့ ပါပါရာဇီေတြက ဓာတ္ပုံကို ဘယ္လိုရေအာင္ ႐ိုက္လည္းေတာ့ မသိပါ။

ေၾကာင္းလမ္းတာေတြ လုပ္ေနၾကၿပီလားမသိတို႔ မိဘနဲ႔ေတြ႕ၿပီး စကားေျပာတဲ့အဆင့္ကို ေရာက္ေနၿပီလာမသိတို႔ ဆိုၿပီး စာမ်က္ႏွာေတြမွာ ပါလာၾကပါတယ္။

ဗစ္ကီကေတာ့ တကယ္လို႔ ခ်စ္သူေတြ ျဖစ္သြားခဲ့တယ္ဆိုရင္ မီဒီယာကို ခ်က္ျခင္းပဲ အသိေပးပါမယ္လို႔ ေတာ့ ေျပာထားတာရွိပါတယ္။

သူတို႔ ၂ေယာက္ရဲ႕ ဇာတ္လမ္းကို မလွ်ိဳ႕ဝွက္ထားပါဘူးလို႔ ေျပာေပမဲ့ ပါပါရာဇီေတြက ေတာ့ မယုံေရးခ်ာ မယုံၾကပါ။ သူတို႔ ၂ေယာက္ ခ်ိန္းေတြ႕ ၾကတယ္ဆိုတာ သန႔္ရွင္းပါတယ္။ ႏႈးညံတဲ့ ခံစားမႈေလးကို အတူတူ ခံစားၾကတာပါ။

ပါပါရာဇီေတြကို သူတို႔ရဲ႕ ကိုယ္ပိုင္ဘဝေလးမွာ အေႏွာက္အယွက္ ကင္းကင္းနဲ႔ ေနခ်င္တဲ့အတြက္ေၾကာင့္ အခုလို ရွင္းျပတာပါလို႔ ဗစ္ကီက ေျပာပါတယ္။ သူက “ က်ေနာ့္ အေနနဲ ေျပာရရင္ ပါပါရာဇီေတြက သူတို႔အလုပ္ သူတို႔ လုပ္ေနတာပါ။

ဒါကို က်ေနာ္ နားလည္ပါတယ္။ အဲ့လိုပဲ ပရိသက္ေတြကလည္း က်ေနာ္တို႔ရဲ႕ ကိုယ္ပိုင္ဘဝကို စိတ္ဝင္စားေနတယ္ ဆိုတာကိုလည္းပဲ သိပါတယ္။

က်ေနာ္တို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈက အမ်ားျပည္သူရဲ႕ စံႏႈန္းတစ္ခုအျဖစ္ က်ေနာ္တို႔က ရပ္တည္ေနရတယ္ ဆိုတာကိုလည္းပဲ နားလည္ပါတယ္။

အခုလို ျဖစ္ေနတာက တရားပါတယ္။ က်ေနာ္ ဆႏၵျပဳလိုတာက နည္းနည္းေလး အခ်ိန္ေပးဖို႔ပါပဲ။ က်ေနာ္တို႔ရဲ႕ ကိုယ္ပိုင္ဘဝကို အမ်ားျပည္သူ သိေအာင္ ဖြင့္ခ်ျပရ မွာကေတာ့ နည္းနည္း စိတ္အေႏွာက္အယွက္ ျဖစ္ေနပါတယ္။

အဲ့ဒါ က်ေနာ့္ဘဝအတြက္ အေရးႀကီးလို႔ပါပဲ။ ဘဝတစ္ခုလုံးစာအတြက္ ခ်ရတဲ့ ဆုံးျဖတ္ခ်က္ကို ပြင့္ပြင့္လင္းလင္း ေဟာ့ေဟာ့ဒိုင္းဒိုင္း ခ်ျပရမွာကေတာ့ ဗ်ာ ျဖစ္လာရင္ ဘာမွ မျဖစ္ေပမဲ့ မျဖစ္လာရင္ ရွက္စရာ အရိပ္ႀကီး ထင္က်န္ေနမွာ စိုးလို႔ပါ”လို႔ သူကဆိုတယ္။

ေမာင္ယႆ REF: pink villa
Photo: Nepal 24

Unicode

ပါပါရာဇီတွေရဲ့ မှန်ပြောင်းကို လွတ်အောင်ရှောင်နေရတဲ့ ကတ်ထရီနာကိဖ်

ဘောလီးဝုဒ်မှာ သတင်းပြေးနေတဲ့ ကတ်ထရီနာကိဖ် နဲ့ ဗစ်ကီးကူရှယ်တို့ က ပါပါရာဇီတွေရဲ့ မှန်ပြောင်း ကနေ လွတ်အောင် အသည်းအသန် ရှောင်တိမ်း နေရပါတယ်။

ဗစ်ကီက သူတို့က သူငယ်ချင်းတွေပါလို့ ပါပါရာဇီတွေကို ရှင်းပြပေမဲ့လည်း အဲ့လိုရှင်းကာမှ ပါပါရာဇီတွေက ပိုပြီး မယုံသင်္ကာ ဖြစ်ကာ သူတို့နောက်ကို ပေါ်တင် တစ်မျိုး ပုန်းလျှိုး ကွယ်လျှိုး တစ်မျိုး လိုက်နေပါတယ်။

ပြီးခဲ့တဲ့ အပတ်ကဆိုရင် သူတို့ ၂ယောက် ချိန်ပြီး ဟိုသွားဒီသွား လုပ်ခဲ့ကြတာကို စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေ ပလူပျံအောင် တက်လာကြပါတယ်။ သူတို့ ၂ယောက် ချစ်သူတွေ ဖြစ်သွားကြပါပြီလို့ ရေးတဲ့သူကလည်း ရေးနေကြတယ်။

သူတို့ကတော့ အဲ့ဒါနဲ့ ပတ်သက်လို့ ငြင်းချက် ထုတ်ဆိုခြင်း မရှိပါဘူး။ အဲ့လိုဘဲ ကတ်ထရီနာက ဗစ်ကီတို့ အိမ်နဲ့ ဗစ်ကီ လက်ရှိရိုက်နေတဲ့ သရဲသင်္ဘော ရုပ်ရှင်ကား ရိုက်ကွင်းတွေကို သွားလည်ပတ်တော့ ပါပါရာဇီတွေက ဓာတ်ပုံကို ဘယ်လိုရအောင် ရိုက်လည်းတော့ မသိပါ။

ကြောင်းလမ်းတာတွေ လုပ်နေကြပြီလားမသိတို့ မိဘနဲ့တွေ့ပြီး စကားပြောတဲ့အဆင့်ကို ရောက်နေပြီလာမသိတို့ ဆိုပြီး စာမျက်နှာတွေမှာ ပါလာကြပါတယ်။

ဗစ်ကီကတော့ တကယ်လို့ ချစ်သူတွေ ဖြစ်သွားခဲ့တယ်ဆိုရင် မီဒီယာကို ချက်ခြင်းပဲ အသိပေးပါမယ်လို့ တော့ ပြောထားတာရှိပါတယ်။

သူတို့ ၂ယောက်ရဲ့ ဇာတ်လမ်းကို မလျှို့ဝှက်ထားပါဘူးလို့ ပြောပေမဲ့ ပါပါရာဇီတွေက တော့ မယုံရေးချာ မယုံကြပါ။ သူတို့ ၂ယောက် ချိန်းတွေ့ ကြတယ်ဆိုတာ သန့်ရှင်းပါတယ်။ နှုးညံတဲ့ ခံစားမှုလေးကို အတူတူ ခံစားကြတာပါ။

ပါပါရာဇီတွေကို သူတို့ရဲ့ ကိုယ်ပိုင်ဘဝလေးမှာ အနှောက်အယှက် ကင်းကင်းနဲ့ နေချင်တဲ့အတွက်ကြောင့် အခုလို ရှင်းပြတာပါလို့ ဗစ်ကီက ပြောပါတယ်။ သူက “ ကျနော့် အနေနဲ ပြောရရင် ပါပါရာဇီတွေက သူတို့အလုပ် သူတို့ လုပ်နေတာပါ။

ဒါကို ကျနော် နားလည်ပါတယ်။ အဲ့လိုပဲ ပရိသက်တွေကလည်း ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝကို စိတ်ဝင်စားနေတယ် ဆိုတာကိုလည်းပဲ သိပါတယ်။

ကျနော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုက အများပြည်သူရဲ့ စံနှုန်းတစ်ခုအဖြစ် ကျနော်တို့က ရပ်တည်နေရတယ် ဆိုတာကိုလည်းပဲ နားလည်ပါတယ်။

အခုလို ဖြစ်နေတာက တရားပါတယ်။ ကျနော် ဆန္ဒပြုလိုတာက နည်းနည်းလေး အချိန်ပေးဖို့ပါပဲ။ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝကို အများပြည်သူ သိအောင် ဖွင့်ချပြရ မှာကတော့ နည်းနည်း စိတ်အနှောက်အယှက် ဖြစ်နေပါတယ်။

အဲ့ဒါ ကျနော့်ဘဝအတွက် အရေးကြီးလို့ပါပဲ။ ဘဝတစ်ခုလုံးစာအတွက် ချရတဲ့ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း ဟော့ဟော့ဒိုင်းဒိုင်း ချပြရမှာကတော့ ဗျာ ဖြစ်လာရင် ဘာမှ မဖြစ်ပေမဲ့ မဖြစ်လာရင် ရှက်စရာ အရိပ်ကြီး ထင်ကျန်နေမှာ စိုးလို့ပါ”လို့ သူကဆိုတယ်။

မောင်ယဿ REF: pink villa
Photo: Nepal 24

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …