ပလက္စတစ္ဆာဂ်ရီ လုပ္ခဲ့ပါတယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္တဲ့ ရွ႐ူတီဟာဆန္

beauty-tip

ပလက္စတစ္ဆာဂ်ရီ လုပ္ခဲ့ပါတယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္တဲ့ ရွ႐ူတီဟာဆန္

ရွ႐ူတီဟာဆန္ဆိုတာ တလူဂူး၊ တမီလ္၊ ဟင္ဒီ ႐ုပ္ရွင္ေလာကမွာ နာမည္ရေနတဲ့ မင္းသမီးပါ။ လိုင္းေပၚမွာ သူမရဲ႕ ပလက္စတစ္ ဆာဂ်ရီ လုပ္တာနဲ႔ ဝိတ္ခ်တာကို ေျပာၾက ဆိုၾက ျငင္းေနၾက တာကို ရွင္းျပေနရတာ ၿငီးေငြ႕ လာလို႔ သူမက မီဒီယာကေနၿပီးေတာ့ ပလက္စတစ္ ဆာဂ်ရီ လုပ္ခဲ့ပါတယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာဆိုလိုက္ပါတယ္။

“က်မတို႔ ဘဝမွာ ဒီမ်က္ႏွာေလးနဲ႔ လုပ္စား ေနရတာပါ။ ဒါေလးကို အလွမပ်က္ေစခ်င္တာရယ္။ ေနာက္ ႐ိုက္ရမယ့္ကားက တကၠသိုလ္ေက်ာင္းသူ ဇာတ္႐ုပ္ျဖစ္ေနေတာ့ အသက္ ၃၄ ႏွစ္ျဖစ္ေနတဲ့ က်မက ငယ္သြားေအာင္ ဝိတ္ခ်လိုက္ရတာပါ။

လက္ရွိပုံနဲ႔ အရင္ပုံေတြကို ယွဥ္ျပၿပီး လိုင္းေပၚမွာ အျငင္း အခုံ ျဖစ္ေနတာေတြ ရပ္ေပးၾကပါေတာ့၊ အဓိကကေတာ့ က်န္းမာဖို႔ပဲ အေရးႀကီးပါတယ္။ ပလက္စတစ္ ဆာဂ်ရီ လုပ္တယ္ ဆိုတာ အေျပာလြယ္ေပမဲ့ မလြယ္ကူပါဘူး။ နာက်င္မႈေတြကို ေအာင့္အီး သည္းခံရပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈ ကို လုပ္ရတာ နာက်င္မႈေတြရွိေနပါတယ္။

ဒီလိုလုပ္လိုက္လို႔လည္း ေအာင္ျမင္မယ္ မေအာင္ျမင္ဘူးဆိုတာကို ဘယ္သူမွ ႀကိဳတင္ခန႔္ မွန္းလို႔ လည္းရတာ မဟုတ္ဘူး။ ဒါေပမဲ့ အခုလို မ်က္ႏွာကိုခြဲစိတ္ၿပီးတဲ့ေနာက္ပိုင္းမွာ ရလာတဲ့ က်မရဲ႕ မ်က္ႏွာေလးကို က်မခ်စ္ပါတယ္။ ပလက္စတစ္ဆာဂ်ရီလုပ္လိုက္ရတယ္ လို႔ ဝန္ခံရတဲ့အေပၚမွာလည္း က်မ မရွက္ပါဘူး။

အခု အဲ့လို ေျပာျပ ရတာကလည္း ဒီဖက္ေခာတ္ စကားနဲ႔ ေျပာရရင္ ေဈးဗန္းခင္းတာလဲ မဟုတ္ပါဘူး။ အေရာင္းျမဳင့္တင္တာလည္း မဟုတ္ပါဘူး။ အဲ့လို လုပ္တာေတြကိုလည္း ဆန႔္က်င္ပါတယ္။ အခုက ကိုယ့္ဘဝကို ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့ သေဘာပါ”လို႔ ဆိုတယ္။

သူမက ဒီလို ေျပာင္းလဲလိုက္တာနဲ႔ ပတ္သက္ၿပီး သူမကို လက္ခံေပးဖို႔အတြက္ လည္း ပရိသက္ကို ေတာင္းပန္လိုက္ပါတယ္။ သူမကို အခြင့္အေရး ေပးဖို႔ ရယ္ ပရိသက္အေနနဲ႔အခ်စ္မျပတ္ဘဲ ဆက္လက္ခ်စ္ၿပီး အားေပးဖို႔အတြက္ကိုပါ ေတာင္းဆိုလိုက္ပါတယ္။

ေမာင္ယႆ

REF: Bollywood life

Photo; shari star

Unicode

ပလက်စတစ်ဆာဂျရီ လုပ်ခဲ့ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ ရှရူတီဟာဆန်

ရှရူတီဟာဆန်ဆိုတာ တလူဂူး၊ တမီလ်၊ ဟင်ဒီ ရုပ်ရှင်လောကမှာ နာမည်ရနေတဲ့ မင်းသမီးပါ။ လိုင်းပေါ်မှာ သူမရဲ့ ပလက်စတစ် ဆာဂျရီ လုပ်တာနဲ့ ဝိတ်ချတာကို ပြောကြ ဆိုကြ ငြင်းနေကြ တာကို ရှင်းပြနေရတာ ငြီးငွေ့ လာလို့ သူမက မီဒီယာကနေပြီးတော့ ပလက်စတစ် ဆာဂျရီ လုပ်ခဲ့ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

“ကျမတို့ ဘဝမှာ ဒီမျက်နှာလေးနဲ့ လုပ်စား နေရတာပါ။ ဒါလေးကို အလှမပျက်စေချင်တာရယ်။ နောက် ရိုက်ရမယ့်ကားက တက္ကသိုလ်ကျောင်းသူ ဇာတ်ရုပ်ဖြစ်နေတော့ အသက် ၃၄ နှစ်ဖြစ်နေတဲ့ ကျမက ငယ်သွားအောင် ဝိတ်ချလိုက်ရတာပါ။

လက်ရှိပုံနဲ့ အရင်ပုံတွေကို ယှဉ်ပြပြီး လိုင်းပေါ်မှာ အငြင်း အခုံ ဖြစ်နေတာတွေ ရပ်ပေးကြပါတော့၊ အဓိကကတော့ ကျန်းမာဖို့ပဲ အရေးကြီးပါတယ်။ ပလက်စတစ် ဆာဂျရီ လုပ်တယ် ဆိုတာ အပြောလွယ်ပေမဲ့ မလွယ်ကူပါဘူး။ နာကျင်မှုတွေကို အောင့်အီး သည်းခံရပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု ကို လုပ်ရတာ နာကျင်မှုတွေရှိနေပါတယ်။

ဒီလိုလုပ်လိုက်လို့လည်း အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို ဘယ်သူမှ ကြိုတင်ခန့် မှန်းလို့ လည်းရတာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလို မျက်နှာကိုခွဲစိတ်ပြီးတဲ့နောက်ပိုင်းမှာ ရလာတဲ့ ကျမရဲ့ မျက်နှာလေးကို ကျမချစ်ပါတယ်။ ပလက်စတစ်ဆာဂျရီလုပ်လိုက်ရတယ် လို့ ဝန်ခံရတဲ့အပေါ်မှာလည်း ကျမ မရှက်ပါဘူး။

အခု အဲ့လို ပြောပြ ရတာကလည်း ဒီဖက်ခောတ် စကားနဲ့ ပြောရရင် ဈေးဗန်းခင်းတာလဲ မဟုတ်ပါဘူး။ အရောင်းမြုင့်တင်တာလည်း မဟုတ်ပါဘူး။ အဲ့လို လုပ်တာတွေကိုလည်း ဆန့်ကျင်ပါတယ်။ အခုက ကိုယ့်ဘဝကို ကိုယ်ရွေးချယ်လိုက်တဲ့ သဘောပါ”လို့ ဆိုတယ်။

သူမက ဒီလို ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး သူမကို လက်ခံပေးဖို့အတွက် လည်း ပရိသက်ကို တောင်းပန်လိုက်ပါတယ်။ သူမကို အခွင့်အရေး ပေးဖို့ ရယ် ပရိသက်အနေနဲ့အချစ်မပြတ်ဘဲ ဆက်လက်ချစ်ပြီး အားပေးဖို့အတွက်ကိုပါ တောင်းဆိုလိုက်ပါတယ်။

မောင်ယဿ

REF: Bollywood life

Photo; shari star

No Comments

Leave a Reply

Your email address will not be published.

''အသက္အ႐ြယ္နဲ႔ အလွျပဳျပင္မႈ''1
beauty-tip
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ” ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် …

သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္
beauty-tip
သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္
beauty-tip
သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။ ၁. လိုက်ဖက် ပါစေ… သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။ ၂. မှန်ကန်စွာ စတင်ပါ… သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် …