
International-news







မောင်ယဿ


Unicode

ပရီးမီးယားလိဂ် ကစားသမားတွေ အားလုံးကို ကလပ်တွေက စာချုပ် သက်တမ်း ရပ်တန့်ဖွယ်ရာ ရှိနေ

မန်ချက်စတာ လီဗာပူး အာဆင်နယ် အပါအဝင် ဘောလုံး အသင်းတွေက ကော်ရိုနာ ဗိုင်းရက် ပြန့်နှံ့မှုကြောင့် ဘောလုံးရာသီ ဆက်လက် ကျင်းပဖို့ရာ မသေချာ တော့လို့ ကစားသမား တွေကို လာမည့် ဇွန်လကုန်မှာ စာချုပ် သက်တမ်းတွေကို ရပ်တန့် ပစ်လိုက်ဖွယ်ရာ ရှိနေပါတယ် ။ ကော်ရိုနာ ဗိုင်းရက် ပြဿနာကြောင့် ပရီးမီးယားလိဂ် ဘောလုံး ရာသီကို ရပ်ဆိုင်းထားပြီးနောက် ဘောလုံးကလပ် အသင်းတွေ ကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပါတယ် ။

အရင်ဆုံး ရာသီကုန်မှာ စာချုပ် သက်တမ်းတိုးမယ့် ကစားသမား တွေက သူတို့ရဲ့ အနာဂတ်ကို ကလပ်အသင်းတွေကို မေးလာရာ ကလပ် အသင်းတွေက ဆုံးဖြတ် ချက် ချမရလို့ ရာသီကုန် သက်တမ်း တိုးမှု ကိစ္စကို ရပ်တန့်ပစ် လိုက်ပါတယ် ။ အဲ့ဒီ နောက်မှာတော့ အသင်းက နာမည်ကြီး ကစားသမား တွေကို နှစ်ရှည် စာချုပ်ချုပ်ဆိုထားတဲ့ ကိစ္စအား ပြန်လည် စဉ်းစား ကြပြီး နောက် ဇွန်လ ၃၀ ရက်နေ့က စပြီး စာချုပ်သက်တမ်း တွေကို ရပ်တန့်ပစ်လိုက်ဖို့ အတွက် စီစဉ် နေကြပါတယ် ။

အကယ်၍ ရောဂါပိုး ပြဿနာက ဆက်ဖြစ် နေဦိးမယ်ဆိုရင် ကစားသမားတွေကို ကလပ် အသင်းတွေက လစာ ဆက်လက် ပေးရန် ဘယ်လိုမှ မဖြစ်နိုင် တော့ပါ ။ အဲ့ဒိပြဿနာကိုဘယ်လိုဖြေရှင်းရမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါ ။ ကစားသမားတွေ အတွက်က ရာသီကုန် လက်မှတ်ထိုး စာချုပ်ချုပ်ဖို့ ကိစ္စက အရေးကြီး ပါတယ် ။

မန်ယူမှာဆိုရင် အဂ်ဟာလို ၊ မာတစ် နဲ့မန်ရှာတို့က သေချာပေါက် စာချုပ်ရပ်နား သွားမှာဖြစ်ပြီး နယူကာဆယ် တို့ ရှက်ဖီး တို့ဆိုရင် ကစားသမား ၁၀ ယောက်ကျော်ကို စာချုပ် နားတော့မှာပါ ။ ချယ်လ်ဆီး မှာလည်း ဝီလျှံ ၊ဂီယောဒ် ၊ ပီဒရို တို့လို နာမည်ကြီး ကစားသမားတွေလည်း နားသွားရဖွယ်ရာ ရှိနေပါတယ် ။

သေချာဆုံး ကစားသမားတွေ ကတော့ အငှား ခေါ်ယူထားတဲ့ ကစားသမားတွေ ဖြစ်ပြီး ဒုတိယက စာချုပ်သက်တမ်းကုန် ကစားသမားတွေ ဖြစ်ပါတယ် ။ နှစ်ရှည်စာချုပ် ကစားမားတွေအတွက်တော့ ဘယ်လို လျော်ကြေး ပေးနားမယ် ဆိုတာကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

မောင်ယဿ

REF; daily mail / Photo; gettimage

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်
International-news
သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ် ရာကယ်ပရက်ဆင်းဂ် ဆိုတာက တလူဂူး နဲ့ တမီးလ် ရုပ်ရှင်လောက ကနေ နာမည်ကြီး လာပြီး ဘောလီးဝုဒ် ကို ခြေချလာတဲ့ မင်းသမီးတစ်လက်ပါ ။ အမျိုးအစားပုံစံကွဲပြားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ တစ်ခုကနေ အခြား တစ်ခုကို ပြောင်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ ။ ဘာသာစကား ၊ အလေ့အထ နဲ့ အမှုအကျင့် တွေ ကွဲပြားတဲ့ ရုပ်ရှင်လောကတွေမှာ နှံ့အောင်ကျင်လည်နိုင်ဖို့ အတွက် ဘက်ပေါင်းစုံ ကျွမ်းကျင်မှ အဆင်ပြေ နိုင်မှာပါ ။ ရုပ်ရှင်လောက တစ်ခုနဲ့ တစ်ခုအကူးမှာ ကျရှုံး သွားတဲ့ မင်းသမီးတွေ …