International-news
မောင်ယဿ
REF: cnn / Photo; cnn
Unicode
ပရီမီးယားလိဂ် ဘောလုံးသမားတွေ ဒူးထောက်ပြီး BLM ကို ထောက်ခံ
လူမဲ အသက်ကိစ္စ (BLM) ကိုထောက်ခံပြီး တစ်သားတည်း ရှိကြောင်းကို ပြတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က ကန်တဲ့ ကစားပွဲ ၂ပွဲလုံးမှာ ပရိမီးယားလိဂ် ဘောလုံးသမားတွေက ကွင်းထဲမှာ ဒူးထောက်ပြခဲ့ပါတယ် ။ ကော်ရိုနာဗိုင်းရက်ကြောင့် ရက်၁၀၀ ကြာ ကစားပွဲတွေကို အနားယူပြီး နောက်မှာတော့ ပြန်ကစားဖြစ်တဲ့ မန်စီတီးနဲ့ အာဆင်နယ်ပွဲမှာ ကမ္ဘာကျော် ကစားသမားတွေက သူတို့ရဲ့ စာနာမှုကို ပြတဲ့ အနေနဲ့ ဒူးထောက်ပြကြတာပါ ။
အဲ့ဒိလိုပဲ အက်စ်တန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်ပွဲမှာလည်း ကစားသမားတွေ ဒူးထောက် ပြခဲ့ပါတယ် ။ ဒါ့အပြင်ကို အသင်း၄သင်းလုံးက အားကစား အသင်းဖော်တွေ ၊ ဒိုင်လူကြီးတွေ ဝန်ထမ်းတွေ အားလုံးလည်း ဒူထောက်ပြခဲ့ ကြပါတယ် ။ ကစားသမားတွေရဲ့ တီရှက်မှာလည်း “လူမဲအသက်ကိစ္စ” ဆိုတဲ့ စာတန်းကို ကပ်ထားခဲ့ ကြပါတယ် ။
ပရိသတ်မပါဘဲ ကစားခဲ့ကြတဲ့ ကစားပွဲ ၂ပွဲလုံးကို ပွဲမစခင် ကော်ရိုနာ ဗိုင်းရက်ကြောင့်သေဆုံးရသူတွေကို အမှတ်တရ ဖြစ်နေကြောင်းပြသတဲ့အနေနဲ့ငြိမ်သက်စွာ နေပေးခဲ့ကြပါတယ်။ အဲ့ဒိနေ့ မနက်စောပိုင်းက ဗြိတိန် ယဉ်ကျေးမှု အတွင်းဝန်က “ ကမ္ဘာ့ အကောင်းဆုံး လိဂ်ပြိုင်ပွဲပြန်စတင်ပါပြီ ။ ယူကေ အားကစားရဲ့ နှုးညံတဲ့ အင်အားကို မြင်တွေ့ရပါလိမ့်မယ် ။ ပရိမီယားလိဂ်ရဲ့ စွဲမက်ဖွယ် ကစားနည်းစနစ် တွေကို တကမ္ဘာလုံး စောင့်ကြည့်ခွင့် ရတော့မှာပါ ။
ဒါက ကြီးမားတဲ့ သင်္ကေတတစ်ခုပါပဲ ။ ဘောလုံး ကစားနည်းကို နှစ်ခြိုက်တဲ့ နိုင်ငံတွေ အတွက် ဂုဏ်ယူ ဝင့်ကြွားစရာပါ ။ ကစားသမားတွေ ကစားအားရှိဖို့ အတွက် သူတို့ ပရိသက်တွေ လိုပါတယ် ။ အိမ်က အိပ်ရာထဲမှာပွဲတွေကို စောင့်ကြည့်လို့ရပါပြီ ။ အိမ်ထဲမှာနေပြီး ပွဲတွေကို အားပေးကြပါဦး”လို့ ဟစ်ကြွေးခဲ့ပါတယ် ။
ဗီလာနဲ့ ယူနိုက်တက်ပွဲက ဂိုးမရှိ သရေကျခဲ့ပါတယ် ။ မန်စီးတီးနဲ့ အာဆင်နယ်ပွဲကတော့ အိမ်ရှင် မန်စီးတီးအသင်းက ၃ဂိုး -ဂိုးမရှိနဲ့ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပါတယ် ။ စတာလင် ၊ ကီဗင်ဒီဘျုနေးနဲ့ဖေးဖိုဒန်တို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ် ။ ၂ပွဲစလုံးကို သိမ်းငှက် မျက်လုံးကင်မရာတွေနဲ့ ဂိုးစည်းကို စောင့်ကြည့်ခဲ့ပါတယ် ။ ဂိုးစည် တစ်ဖက်စီမှာ ကင်မရာ ၇ လုံးစီတပ်ပြီး စောင့်ကြည့်ခဲ့တဲ့အတွက် ဗီလာနဲ့ပွဲမှာ ဂိုးသမား စည်းအပြင်ကို ကာကွယ်ပုတ်ထုတ် နိုင်ခဲ့တာကို ဒိုင်လူကြီးက မှန်ကန်စွာ ဆုံးဖြတ်နိုင်ခဲ့ပါတယ် ။
မောင်ယဿ
REF: cnn / Photo; cnn
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …