International-news
မောင်ယဿ REF: fobes
Unicode
ပရိသတ်တွေ အံအားသင့် သွားတဲ့ အမ်မီနမ်ရဲ့ Music To Be Murdered By အယ်လ်ဘမ်
ပရိသက်တွေ မြင်ကွင်းကနေ ပျောက်နေတဲ့ ရပ်ပါကြီး အမ်မီနမ်တစ်ယောက် ပြီးခဲ့တဲ့ သောကြာနေ့က ( ဇန်နဝါရီလ ၁၇ ) ဆိုင်းမဆင့် ဗုံမဆင့်နဲ့ သူ့ရဲ့ အယ်လ်ဘမ်သစ် Music to be Murdered By ကို ချပြလိုက် ပါတယ် ။ ၂၀၁၈ က ထွက်ခဲ့တဲ့ Kamikaze အယ်ဘမ် ပြီးနောက် ဘီလ်ဘုတ် ၂၀၀ မှာနံပါတ် ၁ နေရာကို ဆက်ပြီး ချိပ်သွားပါတယ် ။ လက်ရှိမှာ ယူနစ်ပေါင်း ၃ သိန်း ကနေ ၃ သိန်း ၂သောင်းခွဲ အတွင်း ရောင်းချပြီး သွားပါပြီ ။ အမေရိကန် ဘီလ်ဘုတ် သမိုင်းမှာ နံပါတ် ၁ နေရာကို ဆယ်ချပ်ဆက်တိုက် ရောင်းရဆုံး အဖြစ် စာရင်းဝင် သွားမှာပါ ။
ဒီ အခွေ မထွက်ခင်က ကန်ရေးဝက်စ်နဲ့ ၉ ခွေဆက်တိုက် နံပါတ် ၁ ချိတ်တာ တူနေ ပေမဲ့ အခု အခွေ ထွက်တော့ သူက ကန်ရေးဝက်စ်ကို ကျော်တက်တော့ မှာပါ ။ အစ ပထမက သူ့ရဲ့ အယ်လ်ဘမ် အသစ်ကို ၁ သိန်း ၁ သောင်းလောက် ကနေ ၁ သိန်း ၂ သောင်း ၅ ထောင်လောက်ပဲ ရောင်းရမယ်လို့ ခန့်မှန်းထား ပေမဲ့ ထင်တာထက် အများကြီး ပိုနေတာကို တွေ့လိုက်ရ ပါတယ် ။ အမေရိကန် ထိပ်ဆုံး ၂၀ အတွင်းကို အယ်လ်ဘမ် ထွက်တဲ့ နေ့မှာပဲ ဝင်သွား ပါတယ် ။ သူ့ရဲ့ အရောင်းရဆုံး ဖြစ်ခဲ့တဲ့ Godzilla က အမေရိကန် တစ်နိုင်ငံတည်း အချပ်ရေ ၂ သန်းခွဲ ကျော်နဲ့ နံပါတ် ၂ နေရာ ချိပ် ခဲ့ပါတယ် ။ တစ်ကမ္ဘာလုံး ဆိုရင် ၆သန်း နီးပါ ရောင်းခဲ့ရပြီး နံပါတ်၄ နေရာကို ချိပ်ခဲ့ ပါတယ် ။
၂၀၁၇ ခုနှစ်က လာဗီဂတ် ကပွဲရုံကို သေနတ်နဲ့ ဝင်ပစ်ခဲ့တဲ့ သေနတ်သမားကို ရည်ညွှန်း စပ်ဆိုထားတဲ့ သူ့ရဲ့ အယ်လ်ဘမ် ထဲက သီချင်း darkness က အမေရိကန်တွေရဲ့ သေနတ် ကိုင်ဆောင်မှုကို ဝေဖန်ထားပါတယ် ။ နောက်ပြီး unaccommodating သီချင်း ကလည်း ၂၀၁၇ တုန်းက မန်ချက်စတာ အေရီနာ ပြဇာတ်ရုံမှာ ဗုံးခွဲခဲ့တဲ့ ကိစ္စပေါ်မှာ ရည်ညွှန်း ဆိုခဲ့ပါတယ် ။ အမ်မီနမ်ရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ အယ်လ်ဘမ်တွေက ပြည်တွင်းမှာတင်ပဲ အချပ်ရေ ၂ သိန်းကျော်နဲ့ ၂သိန်းနီးပါး ရောင်းခဲ့ရတယ် ။ Music to be Murdered By က အမ်မီနမ်ရဲ့ ၁၁ ချပ်မြှောက် အယ်လ်ဘမ်ပါ ။ သွေးရောင်လွှမ်းနေတဲ့ နောက်ခံမှာ ဂေါ်ပြားကြီး ကိုင်ထားတဲ့ ပုံရယ် ကိုယ့်ကိုယ်ကို သေနတ်နဲ့ နားထင်ကို တေ့ပစ်နေတဲ့ ပုံရယ် ဆိုပြီး ကာဗာ ၂ မျိုးနဲ့ ထွက်ပါတယ် ။
မောင်ယဿ REF: fobes
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …