ပထမဆုံး ကားထဲကပဲ ၾကည့္ရတဲ့ ၾသဇီ ဂီတ ေဖ်ာ္ေျဖပြဲ

ပထမဆုံး ကားထဲကပဲ ၾကည့္ရတဲ့ ၾသဇီ ဂီတ ေဖ်ာ္ေျဖပြဲ
International-news

ပထမဆုံး ကားထဲကပဲ ၾကည့္ရတဲ့ ၾသဇီ ဂီတ ေဖ်ာ္ေျဖပြဲ

ေမလ ၂၁ ရက္ေန႔က ဆစ္ဒနီ ၿမိဳ႕မွာ ေကာ္႐ိုနာ ဗိုင္းရက္ေၾကာင့္ ပိတ္ထားတဲ့ ဂီတ ေဖ်ာ္ေျဖပြဲ တစ္ခုကိုျပန္ လည္ၿပီး ေျဖေဖ်ာ္ခဲ့ ပါတယ္ ။ အဆိုေတာ္ သီခ်င္းေရးဆရာ ေကစီဒိုႏိုဗန္က အဲ့ဒိပြဲကို ဦးေဆာင္ၿပီး က်င္းပ ခဲ့ပါတယ္ ။ အခမဲ့ပြဲျဖစ္ၿပီး ပရိသတ္ေတြ အတြက္ လေပါင္း မ်ားစြာၾကာၿပီးေနာက္ ပထမဆုံး ၾကည့္ရတဲ့ ကြင္းျပင္ ေဖ်ာ္ေျဖေရး ျဖစ္ပါတယ္ ။ ဒါေပမဲ့ ပြဲလာၾကည့္တဲ့ ပရိတ္သတ္ေတြ အားလုံး ကိုယ့္ကားထဲကေနကိုယ္ အားေပး ရပါတယ္ ။

ေကာ္႐ိုနာဗိုင္းရက္ ကပ္ေရာဂါ ကာလအတြင္း ျဖစ္လို႔ လာေရာက္ အားေပးတဲ့ ပရိသတ္ေတြ ဆိုရွယ္ ဒစၥတန႔္ ျဖစ္ေအာင္လို႔ ကြင္းထဲကို ကားနဲ႔ တိုက္႐ိုက္ ေမာင္းဝင္လာၿပီး အားေပး ၾကတာပါ ။ အဲ့ဒိလို ပြဲေတြကသာ အႏုပညာရွင္နဲ႔ ပရိသတ္ တိုက္႐ိုက္ ထိေတြ႕မႈရွိလို႔ ပရိသတ္က အရမ္းသေဘာက် ၾကတာပါ ။ ဒိုႏိုဗန္က လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ ကတည္းက ၾသဇီ အိုင္ေဒၚ ဆုရထားတဲ့သူပါ ။ သူ႔ရဲ႕ပြဲမွာ ကားအစီး ၄၀ ေက်ာ္ ဝင္ေရာက္ၿပီး အားေပး ခဲ့ပါတယ္ ။ ကားထဲကေန ပရိသတ္က သူ႔ရဲ႕သီခ်င္းေတြကို အားပါးတရ ေအာ္ဟစ္ သီဆို ခဲ့ၾကတယ္ ။

“က်ေနာ္ တိုက္႐ိုက္ ဂီတ ေဖ်ာ္ေျဖပြဲေတြကို လြမ္းေနတာ ၾကာပါၿပီ ။ အခု က်ေနာ္ ကားရပ္ကြင္းထဲကေန တိုက္႐ိုက္ ၾကည့္ႏိုင္ ခဲ့ပါတယ္ ။ ကားထဲကေန စင္ေပၚမွာ သီဆို ေနတာကို ေတြ႕ျမင္ေနရပါတယ္ ။ အရမ္းေကာင္း တာပဲ”လို႔ ပြဲလာၾကည့္တဲ့ ပရိသတ္တစ္ဦးက ဆိုပါတယ္ ။ ပြဲက်င္းပေနစဥ္မွာ မိုးတဖြဲဖြဲ ႐ြာလာလို႔ စင္ေပၚကေန FM လိုင္း တစ္လိုင္း ခ်ိတ္ေပးၿပီး ကားထဲက ေရဒီယိုကေန အသံၾကား ရေအာင္ စီစဥ္ ေပးႏိုင္ခဲ့ပါတယ္ ။ ပြဲမွာ ဆိုရွယ္ ဒစၥတန႔္ကို တိတိက်က် လိုက္နာ ႏိုင္ေအာင္လို႔ ဘယ္သူ႔ကိုမွ ကားထဲကေန ထြက္ခြင့္ မေပးခဲ့ပါဘူး ။

စင္ေပၚ ကေန ဒိုႏိုဗန္ ကလည္း ကားထဲက မထြက္ဖို႔ မွာခဲ့ပါတယ္ ။ သီခ်င္း တစ္ပုဒ္ ဆုံးတိုင္း လက္ခုတ္သံေတြ ၾသဘာသံ ေပးမဲ့ အစား ပရိသတ္က ကားဟြန္းေတြ တီးၿပီး သေဘာက်ေၾကာင္း အားေပးခဲ့ ၾကပါတယ္ ။ ကိုဗစ္-၁၉ ကာလ မကုန္မခ်င္း ကားကြင္း ေဖ်ာ္ေျဖေရး ေတြကို ဆက္လက္ လုပ္ဖို႔အတြက္ စီစဥ္ ထားပါတယ္ ။ လူေတြက ကားကို တိုက္႐ိုက္ ေမာင္းဝင္ၿပီး အႏုပညာရွင္ ေတြရဲ႕ေျဖေဖ်ာ္မႈ ေတြကို ၾကည့္ရတာကို သေဘာက် ေနၾက ပါတယ္ ။

ဘာပဲ ျဖစ္ျဖစ္ ဒီလို ပြဲေတြက ႐ုပ္ျမင္သံၾကားက ဖန္သားျပင္ေပၚက ေဖ်ာ္ေျဖပြဲ အတြက္ ပိုၿပီး အရသာ ရွိတယ္ ဆိုတာကို အႏုပညာရွင္ ေတြေရာ ပရိသတ္ကပါ သိၾကပါတယ္ ။ ဒါေၾကာင့္ ဒီလိုမ်ိဳး ေဖ်ာ္ေျဖပြဲ ေတြကို လုပ္ဖို႔ အတြက္ ကမာၻေပၚက အျခား အႏုပညာရွင္ေတြက စိတ္ဝင္စားေနၾကပါတယ္ ။

ေမာင္ယႆ

REF; asianone / Photo; reuter

Unicode

ပထမဆုံး ကားထဲကပဲ ကြည့်ရတဲ့ သြဇီ ဂီတ ဖျော်ဖြေပွဲ

မေလ ၂၁ ရက်နေ့က ဆစ်ဒနီ မြို့မှာ ကော်ရိုနာ ဗိုင်းရက်ကြောင့် ပိတ်ထားတဲ့ ဂီတ ဖျော်ဖြေပွဲ တစ်ခုကိုပြန် လည်ပြီး ဖြေဖျော်ခဲ့ ပါတယ် ။ အဆိုတော် သီချင်းရေးဆရာ ကေစီဒိုနိုဗန်က အဲ့ဒိပွဲကို ဦးဆောင်ပြီး ကျင်းပ ခဲ့ပါတယ် ။ အခမဲ့ပွဲဖြစ်ပြီး ပရိသတ်တွေ အတွက် လပေါင်း များစွာကြာပြီးနောက် ပထမဆုံး ကြည့်ရတဲ့ ကွင်းပြင် ဖျော်ဖြေရေး ဖြစ်ပါတယ် ။ ဒါပေမဲ့ ပွဲလာကြည့်တဲ့ ပရိတ်သတ်တွေ အားလုံး ကိုယ့်ကားထဲကနေကိုယ် အားပေး ရပါတယ် ။

ကော်ရိုနာဗိုင်းရက် ကပ်ရောဂါ ကာလအတွင်း ဖြစ်လို့ လာရောက် အားပေးတဲ့ ပရိသတ်တွေ ဆိုရှယ် ဒစ္စတန့် ဖြစ်အောင်လို့ ကွင်းထဲကို ကားနဲ့ တိုက်ရိုက် မောင်းဝင်လာပြီး အားပေး ကြတာပါ ။ အဲ့ဒိလို ပွဲတွေကသာ အနုပညာရှင်နဲ့ ပရိသတ် တိုက်ရိုက် ထိတွေ့မှုရှိလို့ ပရိသတ်က အရမ်းသဘောကျ ကြတာပါ ။ ဒိုနိုဗန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက သြဇီ အိုင်ဒေါ် ဆုရထားတဲ့သူပါ ။ သူ့ရဲ့ပွဲမှာ ကားအစီး ၄၀ ကျော် ဝင်ရောက်ပြီး အားပေး ခဲ့ပါတယ် ။ ကားထဲကနေ ပရိသတ်က သူ့ရဲ့သီချင်းတွေကို အားပါးတရ အော်ဟစ် သီဆို ခဲ့ကြတယ် ။

“ကျနော် တိုက်ရိုက် ဂီတ ဖျော်ဖြေပွဲတွေကို လွမ်းနေတာ ကြာပါပြီ ။ အခု ကျနော် ကားရပ်ကွင်းထဲကနေ တိုက်ရိုက် ကြည့်နိုင် ခဲ့ပါတယ် ။ ကားထဲကနေ စင်ပေါ်မှာ သီဆို နေတာကို တွေ့မြင်နေရပါတယ် ။ အရမ်းကောင်း တာပဲ”လို့ ပွဲလာကြည့်တဲ့ ပရိသတ်တစ်ဦးက ဆိုပါတယ် ။ ပွဲကျင်းပနေစဉ်မှာ မိုးတဖွဲဖွဲ ရွာလာလို့ စင်ပေါ်ကနေ FM လိုင်း တစ်လိုင်း ချိတ်ပေးပြီး ကားထဲက ရေဒီယိုကနေ အသံကြား ရအောင် စီစဉ် ပေးနိုင်ခဲ့ပါတယ် ။ ပွဲမှာ ဆိုရှယ် ဒစ္စတန့်ကို တိတိကျကျ လိုက်နာ နိုင်အောင်လို့ ဘယ်သူ့ကိုမှ ကားထဲကနေ ထွက်ခွင့် မပေးခဲ့ပါဘူး ။

စင်ပေါ် ကနေ ဒိုနိုဗန် ကလည်း ကားထဲက မထွက်ဖို့ မှာခဲ့ပါတယ် ။ သီချင်း တစ်ပုဒ် ဆုံးတိုင်း လက်ခုတ်သံတွေ သြဘာသံ ပေးမဲ့ အစား ပရိသတ်က ကားဟွန်းတွေ တီးပြီး သဘောကျကြောင်း အားပေးခဲ့ ကြပါတယ် ။ ကိုဗစ်-၁၉ ကာလ မကုန်မချင်း ကားကွင်း ဖျော်ဖြေရေး တွေကို ဆက်လက် လုပ်ဖို့အတွက် စီစဉ် ထားပါတယ် ။ လူတွေက ကားကို တိုက်ရိုက် မောင်းဝင်ပြီး အနုပညာရှင် တွေရဲ့ဖြေဖျော်မှု တွေကို ကြည့်ရတာကို သဘောကျ နေကြ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ဒီလို ပွဲတွေက ရုပ်မြင်သံကြားက ဖန်သားပြင်ပေါ်က ဖျော်ဖြေပွဲ အတွက် ပိုပြီး အရသာ ရှိတယ် ဆိုတာကို အနုပညာရှင် တွေရော ပရိသတ်ကပါ သိကြပါတယ် ။ ဒါကြောင့် ဒီလိုမျိုး ဖျော်ဖြေပွဲ တွေကို လုပ်ဖို့ အတွက် ကမ္ဘာပေါ်က အခြား အနုပညာရှင်တွေက စိတ်ဝင်စားနေကြပါတယ် ။

မောင်ယဿ

REF; asianone / Photo; reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …

သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္
International-news
သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္

သက္သက္လြတ္ စားဖို႔အတြက္ ကိုယ့္ဖာသာ ကိုယ္ေ႐ြးခ်ယ္လိုက္တာပါလို႔ ဆိုတဲ့ ရာကယ္ပရက္ဆင္းဂ္ ရာကယ္ပရက္ဆင္းဂ္ ဆိုတာက တလူဂူး နဲ႔ တမီးလ္ ႐ုပ္ရွင္ေလာက ကေန နာမည္ႀကီး လာၿပီး ေဘာလီးဝုဒ္ ကို ေျခခ်လာတဲ့ မင္းသမီးတစ္လက္ပါ ။ အမ်ိဳးအစားပုံစံကြဲျပားတဲ့ အိႏၵိယ႐ုပ္ရွင္ေလာကမွာ တစ္ခုကေန အျခား တစ္ခုကို ေျပာင္းဖို႔ဆိုတာက အေတာ္မလြယ္တဲ့ ကိစၥပါ ။ ဘာသာစကား ၊ အေလ့အထ နဲ႔ အမႈအက်င့္ ေတြ ကြဲျပားတဲ့ ႐ုပ္ရွင္ေလာကေတြမွာ ႏွံ႔ေအာင္က်င္လည္ႏိုင္ဖို႔ အတြက္ ဘက္ေပါင္းစုံ ကြၽမ္းက်င္မွ အဆင္ေျပ ႏိုင္မွာပါ ။ ႐ုပ္ရွင္ေလာက တစ္ခုနဲ႔ တစ္ခုအကူးမွာ က်ရႈံး သြားတဲ့ မင္းသမီးေတြ …