ပင်လယ်ရေကို သောက်လို့ရတဲ့ ရေချို ဖြစ်အောင် လုပ်တဲ့နည်း တွေ့ပြီ

ပင်လယ်ရေကို သောက်လို့ရတဲ့ ရေချို ဖြစ်အောင် လုပ်တဲ့နည်း တွေ့ပြီ
International-news

ပင်လယ်ရေကို သောက်လို့ရတဲ့ ရေချို ဖြစ်အောင် လုပ်တဲ့နည်း တွေ့ပြီ

သုတေသီတွေက ဆားငန်ရေနဲ့ ပင်လယ်ရေတွေကို သတ္တုအောဂဲနစ်ဘောင် MOFs ( metal- organic Frameworks) နဲ့ နေရောင်ခြည်ကို သုံးကာ သန့်ရှင်းပြီး သောက်သုံးလို့ရတဲ့ ရေချိုအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲပေးနိုင်ပြီ ဖြစ်ပါတယ်။

ရေငံကို ရေချိုအဖြစ် ပြောင်လဲပေးနိုင်တဲ့ ဖြစ်စဉ်က မိနစ် ၃၀လောက်သာကြာပြီး ရေထဲမှာရှိတဲ့ ဆား အိုင်းယွန်းတွေနဲ့ အခြား အညစ်အကြေး တွေကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။

တနင်္လာနေ့ထုတ် Nature Sustainablity ဂျာနယ်မှာ ဖော်ပြထားတဲ့ ရေချိုပြောင်းလဲနိုင်မှု နည်းပညာ အောင်မြင်မှု ကမ္ဘာပေါ်မှာ န့်ရှင်းသော ရေမရရှိတဲ့ လူသန်းပေါင်များစွာကို အထောက်အကူ ဖြစ်စေမှာပါလို့ ဆိုတယ်။

ပင်လယ်ရေကို သောက်လို့ရတဲ့ ရေချို ဖြစ်အောင် လုပ်တဲ့နည်း တွေ့ပြီ1

MOFတွေမှာ သတ္တုအိုင်းယွန်းတွေနဲ့ အနုစိတ် ဖွဲ့ စည်းထားတာ ဖြစ်ပြီးတော့ သိပြီးသမျှသော သတ္တုတွေ အားလုံးထက် မျက်နှာပြင် ပိုပြီး ကျယ်ပါတယ်။

MOF တစ်ကီလိုဂရမ် က တစ်ရက်မှာ ရေချို လီတာ ၁၄၀လောက်ကို ထုတ်ပေးနိုင်ပါတယ်။ ၎င်းတို့က ဆားငန်ရေနဲ့ ပင်လယ်ရေ တို့မှာရှိတဲ့ ဆားအိုင်းယွန်တွေ နဲ့ အခြားသောသတ္တု ပစ္စည်းတွေကို ကောင်းစွာ စစ်ပေးနိုင်ပါတယ်။

MOF ထဲကို ဆားငန်ရေတွေ ဖြတ်ခိုင်းတဲ့အခါ နေရောင်ခြည်ပေးရင် နေရောင်က ပုံဆောင်ခဲအဆင့်မျာရှိတဲ့ရာတွေကို အပေါက်တွေ ဖြစ်အောင် လုပ်ပေးလိုက်ပြီး သတ္တုပျော်ဝင်မှု နည်းတဲ့ ရေတွေဖြစ်အောင် လုပ်ပေးလိုက်တာပါ။

ပင်လယ်ရေကို သောက်လို့ရတဲ့ ရေချို ဖြစ်အောင် လုပ်တဲ့နည်း တွေ့ပြီ2

ရည်ရွယ်ချက်ကတော့ ရေချိုရရှိမှု မလုံလောက်မှု ဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ အခက်အခဲကို ဖြေရှင်းပေးချင်တာပါပဲလို့ သုတေသန ခေါင်းဆောင် ဟန်းတင်းဝေါင်းက ဆိုပါတယ်။ သန့်ရှင်းပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေချိုတွေ နည်းလာတဲ့ ဒီကနေ့ ရေသံသရာမှာ စိတ်ချရတဲ့ သောက်ရေတွေကို ရဖို့ ကျနော်တို့ ကြိုးစားခဲ့တာပါပဲ။

လက်ရှိသုံးနေတဲ့ ရေချိုချက်တဲ့ စနစ်တွေဖြစ်တဲ့ သာမယ်ပေါင်းခံခြင်းတွေ ပြောင်းပြန် အော့စမိုးစစ် နည်းတွေက စွမ်းအင်တွေကို သုံးနေရတယ် ။ ပြီးတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေ နိုင်တယ်။ အဲ့ဒိ အချက်တွေထက် အများကြီး အားသာချက် ရှိပါတယ်။ ကုန်ကျစရိတ်ကို အကောင်းဆုံးလျှော့ချပေးနိုင်တဲ့ နည်းပါပဲ လို့ သူက ဆိုပါတယ်။

မောင်ယဿ, REF: UPI, Photo; UPI











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …