နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား
International-news

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား

အေထရီရယ် ဖိုင်ဘရယ်လေးရှင်းလို့ ခေါ်တဲ့ နှလုံးသံ စည်းချက် မူမမှန်မှု ကို နှေးကွေးတဲ့ လှုပ်ရှားမှု တွေနဲ့ လေ့ကျင့်ရတဲ့ ယောဂ ကျင့်စဉ်နဲ့ သက်သာအောင် လုပ်လို့ ရတယ်လို့ ကနဦး လေ့လာတွေ့ရှိချက် တစ်ခုက ဆိုပါတယ်။

အေထရီရယ်ဖိုင်ဘရယ်လေးရှင်း ဆိုတဲ့ နှလုံးခုန် မူမမှန်တဲ့ ဖြစ်စဉ်က နှလုံး လေးခန်းထဲက အပေါ် သွေးဝင်ခန်း ၂ခန်းမှာ လှုပ်ရှားမှုတွေ များနေတာပဲ ဖြစ်ပါတယ်။

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား1

အချို့ဆိုရင် တစ်မိနစ်ကို အကြိမ်ရေ ရာနဲ့ ချီပြီး ခုန်နေပါတယ်။ အိန္ဒိယ သုတေသီတွေက ၁၆ပတ်ကြာ ယောဂ လေ့ကျင့်ခန်းတွေကို အချိန်ပိုင်းနဲ့ အဲ့ဒိ ဝေဒနာရှင်တွေကို လေ့ကျင့်စေရာမှာ နှလုံးခုန် မူမမှန်တာ တစ်ဝက်လောက် လျှော့ကျသွားတယ်လို့ သိရပါတယ်။

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု နဲ့ ကိုယ်လက် လှုပ်ရှားမှုကို နှေးကွေးအောင် လုပ်ခိုင်းတဲ့ ကျင့်စဉ်တွေရဲ့ ထိရောက်မှုက နှလုံးကို သက်တမ်း တိုးစေပါတယ်။

သုတေသီတွေရဲ့ သုတေသန လုပ်ငန်းကို ဥရောပ နှလုံးဗေဒ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်တာပါ။ သူတို့က လေ့ကျင့်ခန်း ဝင်တဲ့ သူတွေကို အွန်လိုင်း ပေါ်ကနေ ဗီဒီယို ကွန်ဖရင့် လုပ်ပြီး စောင့်ကြည့် နေခဲ့ပါတယ်။

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား2

ပြီးနောက်မှာတော့ သူတို့က အဲ့ဒိ သုတေသန ရလဒ်ကို နှလုံးဗေဒဂျာနယ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ နှလုံးခုန် စည်းချက် မမှန်ခြင်းကြောင့် ဖြစ်တဲ့ ရင်တုန်တာ မူးဝေတာ နဲ့ အသက်ရှု မဝတာတွေက သိသိသာသာကို လျှော့ကျလာပါတယ်လို့ သူတို့ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား3

အဲ့ဒိ သုတေသနလုပ်ငန်းကို ၂၀၁၃ ခုနှစ်က စတင် လုပ်ခဲ့တာပါ။ အာရုံကြောစနစ် အထူးကောင်းမွန် လာတဲ့အပြင် လူက လန်းဆန်းမှု ကြည်လင်မှုတွေကို ခံစားလာရပါတယ်။ နှေးကွေးစွာ လုပ်ရတဲ့ ယောဂ ကျင့်စဉ်တွေကို ဒေါက်တာလက်ကီရက်ဒီက ဦးဆောင်ပြီး လုပ်ခဲ့တာပါ။

ယောဂပညာက သွေးတိုးမှုနဲ့ နလုံးခုန်မှုကို ထိန်းချုပ်နိုင်လို့ အခုဆိုရင် အဲ့ဒိ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှေ့တိုး သုတေသန ပြုဖို့အတွက် ဥရောပ နလုံးဗေဒ အဖွဲ့အစည်းတွေက ထောက်ခံမှု လုပ်နေပါပြီ။ ယောဂ ကျင့်စဉ်တွေက အသက်ရှု လေ့ကျင့်ခန်းနဲ့ စိတ်ကို ထိန်းချုပ်မှု ဖြစ်စဉ်တွေကို အဓိကထားပြီး ကျင့်တဲ့ ကျင့်စဉ်တွေ ဖြစ်ပါတယ်။

နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား4

မောင်ယဿ, REF: UPI, Photo: UpI

Zawgyi











No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …