နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ

International-news

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ

တနင်္လာနေ့ မနက် ၁၁ နာရီလောက်မှာ အင်ဒိုနီးရှား နိုင်ငံ ဆူမတ်တြားကျွန်းပေါ်က ဆင်နာဘန်းမီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ပြာတွေနဲ့ မီးခိုးတွေက လေထဲကို မီတာ ၅၀၀၀ လောက်အထိကို တက်သွားပါတယ်။ မီးတောင် အနီးပတ်ဝန်းကျင်က မဝင်ရဆိုတဲ့ နေရာသက်မှတ်ချက် ရှိပေမဲ့ ဒေသခံတွေကတော့ ဝင်ထွက် သွားလာမှုတွေ ရှိပါတယ်။

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ1

လက်ရှိကတော့ အသေအပျောက်စာရင်း ထွက်မလာသေးပါဘူး။ ဖောက်စ်နယူးရဲ့ သတင်းထဲမှာတော့ စနေ၊ တနင်္ဂနွေနေ့ ကတည်းက အဲ့ဒိမီးတောင်က ပေါက်ကွဲ ဖို့အတွက် လှုပ်ရှားမှု ရှိနေခဲ့ပါတယ်လို့ ပါရှိပါတယ်။ ဒေသခံတွေက အချိန်မီ သိခဲ့တဲ့အတွက် ရှောင်ရှား နိုင်ငံခဲ့လို ထိခိုက်ဒဏ်ရာ မရလောက်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒေသဆိုင်ရာ အာဏါပိုင်တွေကတော့ မီးတောင်ပေါ်က ဆင်းလာမယ့် ချော်ခဲတွေကြောင့် တောမီးလောင်နိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နိုင်ရဖွယ် ရှိနေ တယ်လို့ ခန့်မှန်း ထားကြပါတယ်။ မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေ ရှောင်တိမ်းနိုင်ဖို့ အတွက်လည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်နေပါတယ်။

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ2

အင်ဒိုနီးရှား မီးတောင်နဲ့ ဘူမိအန္တရာယ် ကာကွယ်ရေး ဌာနက “ မီးတောင် အနီးအနားမှာ နေကြတဲ့သူတွေကို ချော်ရည်ကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေအတွက် အမြင့်ဆုံး သတိပေးမှုတွေ လုပ်ထားပါတယ်။ ဒေသခံ လူမှုအဖွဲ့တွေနဲ့ ဧည်သည်တွေကို အနည်းဆုံး မီးတောင်ကနေ ၅ ကီလိုမီတာ အကွာမှာ နေဖို့အတွက် သတိပေးထားပါတယ်”လို့ ဆိုတယ်။

အင်ဒိုနီးရှားနဲ့ အနီးဆုံး နိုင်ငံဖြစ်တဲ့ မလေးရှာမှာလည်း မီးတောင် ကနေ မှုတ်လွှတ်လိုက်တဲ့ ပြာမှုန့်တွေကြောင့် လေထု ညစ်ညမ်းမှု ဖြစ်ပေါ်လာ နိုင်ဖွယ်ရာရှိလို့ သက်ဆိုင်ရာ ပညာရှင်တွေက ခန့်မှန်တွက်ချက်မှုတွေ ပြုလုပ်နေပြီး ထိခိုက်ခံစားရမယ့် ဒေသတွေကိုလည်း တွက်ချက် ထားပါတယ်။

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ3

ပြာမှုန်တွေက မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး မလေးရှာနိုင်ငံရဲ့မြောက်ဖက်နဲ့ အရှေ့ဖက် ကမ်းခြေတွေဆီကို ရောက်လာ နိုင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ မီးတောင် ပေါက်ကွဲမှုနဲ့ တွဲဖက်လာတဲ့ ငလျင်လှုပ်ခြင်းနဲ့ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခြင်းကို ခြေရာခံလို့ မရသေးပါဘူး။

မီတာ ၁၅၀၀ ကနေ ၅၀၀၀ အတွင်း ပျံသန်းတဲ့ လေယာဉ်ပျံတွေကိုတော့ ခရီးစဉ်တွေ ဖျက်သိမ်းဖို့အတွက် ညွှန်ကြားချက်တွေ ပေးထားပါတယ်။ အဲဒိမီးတောင် နောက်ဆုံး ပေါက်ကွဲခဲ့တာ ၁၆၀၀ ခုနှစ်က ဖြစ်ပြီး နှစ် ၄၀၀ကျော် ငြိမ်သက် နေခဲ့ပါတယ်။

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ4

၂၀၁၀ လောက်ကမှ ပြန်ပြီး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၃ လောက်မှာ ပေါက်ကွဲ နိုင်တဲ့ လက္ခဏါတွေ ပြခဲ့ပေမဲ့ ၂၀၁၄ မှာ တစ်ခါ ၂၀၁၆ မှာတစ်ခါ ပေါက်ကွဲပြီး လူ ၂၃ဦး သေဆုံး ခဲ့ပါတယ်။ အဲဒိတုန်းက ပေါက်ကွဲမှုက ဒီတစ်ခါ ပေါက်ကွဲတာလောက် မကြီးပေမဲ့ ဆူနာမီ ဖြစ်ခဲ့လို့ လူ ၄၀၀ကျော် သေဆုံးခဲ့ပါတယ်။

မောင်ယဿ, REF: world of buzz, Photo: twitter

Zawgyi











No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …