နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
- By : Phoe Linn
- Category : International-news
- Tags: international news

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက စာတိုက်ပုံးကို ပြင်ခဲ့ပါသေးတယ်။ အဲ့ဒိတုန်းက အဲ့ဒိစာကို မတွေ့ခဲ့ပါဘူး လို့ ဆိုတယ်။ ဟောလိုဝမ် ပုံလေးပါတဲ့ ပို့စကတ်နောက်မှာ စာလေးတွေ ရေးထားတာကို တွေ့ ရပါတယ်။
ချစ်ရတဲ့ ဝမ်းကွဲတွေရေ ၊ အားလုံး နေထိုင်ကောင်းကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အားလုံး လည်း နေကောင်းကြပါတယ်။ ဒါပေမဲ့ အမေကတော့ ဒူးတော်တော် နာနေတယ်။ ဒီမှာတော့ တော်တော်အေး တယ်။ အခုကျနော့် သမိုင်းသင်ခန်းစာတွေကို ကျက်လို့ ပြီးသွားပြီ၊ သိပ်မကြာခင် အိပ်တော့မှာပါ။
အဖေကတော့ မုတ်ဆိပ်ရိတ် နေတယ်။ အမေက မင်းတို့ရဲ့ လိပ်စာကိုပြောလို့ မင်းတို့ ဆီ ပို့စကတ် လက်ဆောင်ပို့ဖို့ လုပ်နေတယ်။ မနက်ကျမှပဲ ပို့မှာပါ။ အဖွားနဲ့ အဖိုးတို့ ကျန်းမာမယ်လို့ မျှော်လင့်ပါတယ်။ စာပြန်ရေးဖို့ မမေ့ကြနဲ့နော် ၊ ရိုင်းကတော့ သူဘောင်းဘီဝတ်လို့ မပြီးသေးဘူး” လို့ ရေးပြီး ဖလော်ဆီဘားဂတ် လို့ လက်မှတ် ထိုးထားပါတယ်။ အဲ့ဒိပို့စကတ်မှာ ဂျော့ဝါရှင်တန် တစ်ပြားတန် တံဆိပ်ခေါင်း ကပ်ထားပါတယ်။
စာတိုက်ဝန်ဆောင်မှု လုပ်ငန်းက ပြောခွင့်ရသူကတော့ အဲ့လိုမျိုးက ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုပေမဲ့ တစ်ခါတစ်လေတော့လည်း ကြုံ ရပါတယ်။ ပို့တဲ့စာအချို့က ကျနော်တို့ရဲ့ စာပို့ လုပ်ငန်း ကွန်ယက်ကနေ အပြင်ထွက်သွားပြီး ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် လုပ်ငန်းထဲကို ရောက်သွားပါတယ်။
ပြီးမှ အဲ့ဒိ လုပ်ငန်းတွေထဲကနေ စာအချို့က ကျနော်တို့ ရဲ့ ကွန်ယက်ထဲကို ပြန်ရောက်လာလို့ အိမ်တွေကို ပို့လိုက်တာပါ လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ဒါတွေက ရှားပါတယ်။ မစ်ချီဂန်အမျိုးသမီးကတော့ အဲ့ဒိပို့စကတ် ကလေးကို ဖေ့စ်ဘုတ်ပေါ် တင်ပြီး ပိုင်ရှင်ကို လိုက်ရှာနေပါတယ်။
မောင်ယဿ, REF: CNN, Photo: Cnn
Zawgyi
ႏွစ္၁၀၀ ေလာက္ၾကာမွ စာတုိက္ကေန ေရာက္လာတဲ့ ပို႔စကတ္ တစ္ခု
၁၉၂၀ ေအာက္တိုဘာလ ၂၉ ရက္ေန႔က လူစီယားနားျပည္နယ္ကေန ပို႔လိုက္တဲ့ ပို႔စကတ္တစ္ေစာင္က ၂၀၂၀ စက္တင္ဘာလ ၁၂ရက္ေန႔ မွာ မစ္ခ်ီဂန္က အမ်ိဳးသမီး တစ္ေယာက္ရဲ႕ အိမ္ကိုေရာက္လာပါတယ္။ ဘာအေၾကာင့္ေၾကာင့္ ပို႔စကတ္ စာတစ္ေစာင္က ႏွစ္၁၀၀ ေလာက္ၾကာမွ စာလက္ခံသူ အိမ္လိပ္စာ ဆီကို ေရာက္လည္းေတာ့ မသိေပမဲ့ အိမ္ရွင္အမ်ိဳသမီး က စာတိုက္ပုံးကိုရွင္းေတာ့ ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။
စာက စာတိုက္ပုံးထဲကို နဂိုကတည္းက ေရာက္ေနတာေတာ့ မျဖစ္ႏိုင္ဘူးလို႔ လြန္ခဲ့တဲ့ ႏွစ္၂၀ ေက်ာ္က အိမ္ကိုဝယ္ၿပီး ေနထိုင္တဲ့ အမ်ိဳသမီး ကဆိုပါတယ္။ က်မတို႔ အိမ္ေျပာင္းလာတုန္းက စာတိုက္ပုံးကို ျပင္ခဲ့ပါေသးတယ္။ အဲ့ဒိတုန္းက အဲ့ဒိစာကို မေတြ႕ခဲ့ပါဘူး လို႔ ဆိုတယ္။ ေဟာလိုဝမ္ ပုံေလးပါတဲ့ ပို႔စကတ္ေနာက္မွာ စာေလးေတြ ေရးထားတာကို ေတြ႕ ရပါတယ္။
ခ်စ္ရတဲ့ ဝမ္းကြဲေတြေရ ၊ အားလုံး ေနထိုင္ေကာင္းၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔အားလုံး လည္း ေနေကာင္းၾကပါတယ္။ ဒါေပမဲ့ အေမကေတာ့ ဒူးေတာ္ေတာ္ နာေနတယ္။ ဒီမွာေတာ့ ေတာ္ေတာ္ေအး တယ္။ အခုက်ေနာ့္ သမိုင္းသင္ခန္းစာေတြကို က်က္လို႔ ၿပီးသြားၿပီ၊ သိပ္မၾကာခင္ အိပ္ေတာ့မွာပါ။
အေဖကေတာ့ မုတ္ဆိပ္ရိတ္ ေနတယ္။ အေမက မင္းတို႔ရဲ႕ လိပ္စာကိုေျပာလို႔ မင္းတို႔ ဆီ ပို႔စကတ္ လက္ေဆာင္ပို႔ဖို႔ လုပ္ေနတယ္။ မနက္က်မွပဲ ပို႔မွာပါ။ အဖြားနဲ႔ အဖိုးတို႔ က်န္းမာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စာျပန္ေရးဖို႔ မေမ့ၾကနဲ႔ေနာ္ ၊ ႐ိုင္းကေတာ့ သူေဘာင္းဘီဝတ္လို႔ မၿပီးေသးဘူး” လို႔ ေရးၿပီး ဖေလာ္ဆီဘားဂတ္ လို႔ လက္မွတ္ ထိုးထားပါတယ္။ အဲ့ဒိပို႔စကတ္မွာ ေဂ်ာ့ဝါရွင္တန္ တစ္ျပားတန္ တံဆိပ္ေခါင္း ကပ္ထားပါတယ္။
စာတိုက္ဝန္ေဆာင္မႈ လုပ္ငန္းက ေျပာခြင့္ရသူကေတာ့ အဲ့လိုမ်ိဳးက ျဖစ္ေတာင့္ျဖစ္ခဲလို႔ ဆိုေပမဲ့ တစ္ခါတစ္ေလေတာ့လည္း ႀကဳံ ရပါတယ္။ ပို႔တဲ့စာအခ်ိဳ႕က က်ေနာ္တို႔ရဲ႕ စာပို႔ လုပ္ငန္း ကြန္ယက္ကေန အျပင္ထြက္သြားၿပီး ေရွးေဟာင္း ပစၥည္း အေရာင္းအဝယ္ လုပ္ငန္းထဲကို ေရာက္သြားပါတယ္။
ၿပီးမွ အဲ့ဒိ လုပ္ငန္းေတြထဲကေန စာအခ်ိဳ႕က က်ေနာ္တို႔ ရဲ႕ ကြန္ယက္ထဲကို ျပန္ေရာက္လာလို႔ အိမ္ေတြကို ပို႔လိုက္တာပါ လို႔ ေျပာသြားပါတယ္။ ဒါေပမဲ့လည္း ဒါေတြက ရွားပါတယ္။ မစ္ခ်ီဂန္အမ်ိဳးသမီးကေတာ့ အဲ့ဒိပို႔စကတ္ ကေလးကို ေဖ့စ္ဘုတ္ေပၚ တင္ၿပီး ပိုင္ရွင္ကို လိုက္ရွာေနပါတယ္။
ေမာင္ယႆ, REF: CNN, Photo: Cnn
No Comments