နေမာအပါအဝင် PSG ကစားသမားတွေ ကိုဗစ်-၁၉ ပိုးကူးခံရ
- By : Phoe Linn
- Category : International-news
- Tags: international news, sports

နေမာအပါအဝင် PSG ကစားသမားတွေ ကိုဗစ်-၁၉ ပိုးကူးခံရ
ဥရောပမှာ ၃လကျော် လောခ့်ဒေါင်းချ ပြီးနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးပြန့်နှံ့ နေတဲ့ကြားကနေပဲ အားကစားပြိုင်ပွဲ တွေ အပါအဝင် စီးပွာေးရး လုပ်ငန်းတွေကိုပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ရလဒ်ကတော့ လော့ခ်ဒေါင်း ပြီးတဲ့အထိ ရောဂါပိုး ကူးစက်မှု မရှိ လှတဲ့ အားကစားလောက အထူးသဖြင့် ဘောလုံးလောက က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံနေရပါတယ်။
မနေ့ကတက်လာတဲ့ သတင်းအရ ပြင်သစ်နိုင်ငံက နာမည်ကြီး PSG အသင်းက ဘရာဇီး ကစားသမား နေမာ အပါအဝင် အခြား ကစားသမားတွေ ကိုဗစ်-၁၉ ကူးစက် ခံလိုက်ရပြီလို့ သိရပါတယ်။
ဒီနေ့မနက် ဆေးစစ်ချက်အရ နေမာက ကျန်းကျန်းမာမာ ရှိနေပေမဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ဆိုတာကို တွေ့ ရှိ ရပါတယ်။ ဒါကြောင့် သူကို ကျန်းမာရေးဌာနက လုပ်ထုံး လုပ်နည်း နဲ့အညီ ဆက်လက် လုပ်ဆောင် နေပါတယ်။ PSG အသင်းမှာ နေမာအပြင် အိန်ဂျယ်ဒီမာရီယာ နဲ့လီယန်ဒရို ပါရာဒီတို့လည်း ရောဂါပိုး ကူးစက် ခံထားရပါတယ်။
UEFAရဲ့ ဥပဒေအရ ဘောလုံး ကလပ်အသင်းတစ်ခုမှာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံထားရတဲ့သူ ၄ဦးရှိပါက အသင်းကို ပြိုင်ပွဲ တွေမှ ထုတ်ပယ်ကာ ခေတ္တအနားယူ နေရမယ်လို့ ဆိုထားတဲ့အတွက်ကြောင့် PSG အသင်းအနေနဲ့ နောက်ထပ် ကစားသမား တစ်ဦး ရောဂါကူးစက် ခံရပါက ပြိုင်ပွဲ အရပ်ရပ်ကို နားပေးရမှာ ဖြစ်ပါတယ်။
လက်ရှိက PSG အသင်းအနေနဲ့ ၂၀၂၀-၂၀၂၁ ရာသီအတွက် ပြင်ဆင်မှုတွေ လုပ်နေရတဲ့အချိန် ဖြစ်ပြီး လန့်စ် အသင်းနဲ့ ခြေစမ်း ကစားပွဲလည်း ရှိပါသေးတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးပြီး ဒုတိယနဲ့ ကျေနပ်လိုက်ရပေမဲ့ ရာသီအသစ်မှာ အောင်မြင်မှုတွေကို ရယူနိုင်အောင် ပြင်ဆင်မှု လုပ်နေရင်းနဲ့ အခုလို ရောဂါပိုး ကူးစက်ခံရတဲ့ ပြဿနာတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။
ကူးစက်ခံရတဲ့သူ ၃ ဦးစလုံးက PSG အသင်းရဲ့ အားထားရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ၃သိန်းနီးပါး ရှိနေပြီး သေဆုံးသူ ၃သောင်းကျော် ရှိနေပါတယ်။ ပြင်သစ်က တိုင်းပြည် စီးပွားရေး မပိတ်အောင် ရောဂါဖြစ်နေတဲ့ နေရာက လွဲပြီး ကျန်တဲ့ နေရာတွေကို ပြန်ဖွင့်ရင်းနဲ့ ကူးစက် ခံနေရတာပါ။
မောင်ယဿ, REF: world of buzz, Photo; halgoo
Zawgyi
ေနမာအပါအဝင္ PSG ကစားသမားေတြ ကိုဗစ္-၁၉ ပိုးကူးခံရ
ဥေရာပမွာ ၃လေက်ာ္ ေလာခ့္ေဒါင္းခ် ၿပီးေနာက္မွာေတာ့ ကိုဗစ္-၁၉ ေရာဂါပိုးျပန႔္ႏွံ႔ ေနတဲ့ၾကားကေနပဲ အားကစားၿပိဳင္ပြဲ ေတြ အပါအဝင္ စီးပြာေးရး လုပ္ငန္းေတြကိုျပန္ဖြင့္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ရလဒ္ကေတာ့ ေလာ့ခ္ေဒါင္း ၿပီးတဲ့အထိ ေရာဂါပိုး ကူးစက္မႈ မရွိ လွတဲ့ အားကစားေလာက အထူးသျဖင့္ ေဘာလုံးေလာက က ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ ခံေနရပါတယ္။
မေန႔ကတက္လာတဲ့ သတင္းအရ ျပင္သစ္ႏိုင္ငံက နာမည္ႀကီး PSG အသင္းက ဘရာဇီး ကစားသမား ေနမာ အပါအဝင္ အျခား ကစားသမားေတြ ကိုဗစ္-၁၉ ကူးစက္ ခံလိုက္ရၿပီလို႔ သိရပါတယ္။
ဒီေန႔မနက္ ေဆးစစ္ခ်က္အရ ေနမာက က်န္းက်န္းမာမာ ရွိေနေပမဲ့ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရၿပီး ဆိုတာကို ေတြ႕ ရွိ ရပါတယ္။ ဒါေၾကာင့္ သူကို က်န္းမာေရးဌာနက လုပ္ထုံး လုပ္နည္း နဲ႔အညီ ဆက္လက္ လုပ္ေဆာင္ ေနပါတယ္။ PSG အသင္းမွာ ေနမာအျပင္ အိန္ဂ်ယ္ဒီမာရီယာ နဲ႔လီယန္ဒ႐ို ပါရာဒီတို႔လည္း ေရာဂါပိုး ကူးစက္ ခံထားရပါတယ္။
UEFAရဲ႕ ဥပေဒအရ ေဘာလုံး ကလပ္အသင္းတစ္ခုမွာ ကိုဗစ္-၁၉ ေရာဂါကူး စက္ခံထားရတဲ့သူ ၄ဦးရွိပါက အသင္းကို ၿပိဳင္ပြဲ ေတြမွ ထုတ္ပယ္ကာ ေခတၱအနားယူ ေနရမယ္လို႔ ဆိုထားတဲ့အတြက္ေၾကာင့္ PSG အသင္းအေနနဲ႔ ေနာက္ထပ္ ကစားသမား တစ္ဦး ေရာဂါကူးစက္ ခံရပါက ၿပိဳင္ပြဲ အရပ္ရပ္ကို နားေပးရမွာ ျဖစ္ပါတယ္။
လက္ရွိက PSG အသင္းအေနနဲ႔ ၂၀၂၀-၂၀၂၁ ရာသီအတြက္ ျပင္ဆင္မႈေတြ လုပ္ေနရတဲ့အခ်ိန္ ျဖစ္ၿပီး လန႔္စ္ အသင္းနဲ႔ ေျခစမ္း ကစားပြဲလည္း ရွိပါေသးတယ္။ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးၿပီး ဒုတိယနဲ႔ ေက်နပ္လိုက္ရေပမဲ့ ရာသီအသစ္မွာ ေအာင္ျမင္မႈေတြကို ရယူႏိုင္ေအာင္ ျပင္ဆင္မႈ လုပ္ေနရင္းနဲ႔ အခုလို ေရာဂါပိုး ကူးစက္ခံရတဲ့ ျပႆနာေတြ ေပၚလာတာပဲ ျဖစ္ပါတယ္။
ကူးစက္ခံရတဲ့သူ ၃ ဦးစလုံးက PSG အသင္းရဲ႕ အားထားရတဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံ မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံ ၃သိန္းနီးပါး ရွိေနၿပီး ေသဆုံးသူ ၃ေသာင္းေက်ာ္ ရွိေနပါတယ္။ ျပင္သစ္က တိုင္းျပည္ စီးပြားေရး မပိတ္ေအာင္ ေရာဂါျဖစ္ေနတဲ့ ေနရာက လြဲၿပီး က်န္တဲ့ ေနရာေတြကို ျပန္ဖြင့္ရင္းနဲ႔ ကူးစက္ ခံေနရတာပါ။
ေမာင္ယႆ, REF: world of buzz, Photo; halgoo
No Comments