နီမိုဖိုဘီးယားလို႔ေခၚတဲ့ ဖုန္းစြဲေရာဂါ ( သို႔ ) ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ
- By : Phoe Linn
- Category : International-news

နီမိုဖိုဘီးယားလို႔ေခၚတဲ့ ဖုန္းစြဲေရာဂါ ( သို႔ ) ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ
ေဖေဖာ္ဝါရီလ ၆ ရက္ ေန႔ကို စမတ္ဖုန္း အသုံး မျပဳေရး သီတင္းပတ္ အျဖစ္ ကမာၻ႔အထိမ္းအမွတ္ ေန႔ လုပ္ခဲ့တာက ၂၀၀၁ ခုႏွစ္ ကတည္း ကပါ ။ နီမိုဖိုဘီးယားလို႔ ေခၚတဲ့ စမတ္ဖုန္းမရွိမွာကို ေၾကာက္တဲ့ ေရာဂါက တစ္ကမာၻလုံးကို ျပန႔္ပြား ေနပါၿပီ ။ အဲ့ဒါေၾကာင့္ ျပင္သစ္ စာေရး ဆရာ ဖီလ္မာဆိုက ဒစ္ဂ်စ္တယ္ အဆိပ္သင့္မႈ ေျပေလ်ာ့ဖို႔ အတြက္ တစ္ကမာၻလုံး ဆိုင္ရာ မိုဘိုင္းဖုန္း အသုံးမျပဳေရးေန႔ အျဖစ္ သက္မွတ္ႏိုင္ေရး အတြက္ လႈံ႕ေဆာ္ေရးသား ျဖန႔္ေဝခဲ့ပါတယ္ ။
မိုဘိုင္းဖုန္း အသုံးမျပဳေရးအတြက္ လႈံ႕ေဆာ္ခဲ့ေပမဲ့ တကယ္ေတာ့ မိုဘိုင္းဖုန္းေတြက ဘဝမွာ မရွိမျဖစ္ အေရးပါေနတဲ့ အတြက္ လူေတြက ဆင္ေျခေတြ အမ်ိဳး မ်ိဳးေပးၿပီး တစ္ရက္မွ မနားပဲ ကိုင္ဆဲ သုံးဆဲပါ ။ ဒါအူဒါ ဆိုတဲ့သူက လိုင္ယြန္း ၿမိဳ႕မွာ ႏိုင္ငံေရး ခိုလႈံခြင့္ ေတာင္းေနသူတစ္ဦးပါ ။ သူအတြက္ကေတာ့ ေန႔စဥ္ လိုင္ယြန္းၿမိဳကထဲမွာ အလုပ္ရွာဖို႔ စာ႐ြက္စာတမ္း ကိစၥအတြက္ သြားလာဖို႔ က မိုဘိုင္းဖုန္းမွ မရွိရင္ သူ႔ရဲ႕ဘဝက ေသဆုံးသြားတာနဲ႔ မထူးပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒစ္ဂ်စ္တယ္ ကိရိယာ ေတြက သူတို႔လို စစ္ေဘးေရွာင္ေတြ အတြက္ အသက္ပါပဲ ။
မိုဘိုင္ဖုန္းကို မသုံးရမေနႏိုင္တဲ့ ေရာဂါ ျဖစ္လာၿပီဆိုရင္ ေရာဂါသည္ေတြက အလြယ္တကူ စိတ္အေႏွာက္အယွက္ ျဖစ္တတ္ျခင္း နလုံးခုန္ႏႈန္းနဲ႔ ေသြးတိုးႏႈန္း ျမင့္တက္လာျခင္း အသက္ရႈခ်ိန္တိုလာျခင္း မူးေဝတတ္ျခင္း ေျခတုန္လက္တုန္ျဖစ္ျခင္း အိပ္ေရးမဝသလို ျဖစ္ေနျခင္း စိတ္က်ေရာဂါျဖစ္ျခင္း မသက္မသာခံစားေနရျခင္း ေၾကာက္တတ္လာျခင္းနဲ႔ ထင္ေယာင္ထင္မွားျဖစ္လာျခင္းေတြကို ခံစားရ လာပါတယ္။ ၂၀၁၈ခုႏွစ္က ဗီယင္နာမွာ ျပဳလုပ္တဲ့ စစ္ေဘးဒုကၡသည္ စစ္တမ္းမွာ စစ္ေဘးေရွာင္ ၉၀ % က ဖုန္းစြဲေရာဂါျဖစ္ေန ပါတယ္ ။
သူတို႔ေတြ အဓိကသုံးေနတာက ေဖ့စ္ဘုတ္ whats App ဂူဂဲလ္ေျမပုံ နဲ႔ ဂူဂဲလ္ဘာသာျပန္ ေတြပါပဲ ။ မိုဘိုင္ဖုန္းစြဲေရာဂါက လူႀကီး လူလတ္ လူငယ္မေ႐ြးျဖစ္ေနတာပါ ။ မိုဘိုင္းဖုန္းက ဘဝကိုအေထာက္အကူ ျဖစ္ေစတာ အမွန္ျဖစ္ေပမဲ့ ဘဝအတြက္ ေျဖရွင္း ခ်က္တစ္ခု မဟုတ္ပါဘူး ။ နီမိုဖိုဘီးယားျဖစ္ေနၿပီဆိုရင္ လူ႔ အဖြဲ႕အစည္းကို အေႏွာက္အယွက္ျဖစ္ လာႏိုင္တဲ့အတြက္ ကုသဖို႔နည္း လမ္းက မိုဘိုင္းဖုန္းကို ရက္အကန႔္အသက္ ထားၿပီး မသုံးဖို႔ဘဲ ရွိပါေတာ့တယ္ ။
ေမာင္ယႆ REF:euronews photo;AFP
Unicode
နီမိုဖိုဘီးယားလို့ခေါ်တဲ့ ဖုန်းစွဲရောဂါ ( သို့ ) ဒစ်ဂျစ်တယ် အဆိပ်သင့်မှု
ဖေဖော်ဝါရီလ ၆ ရက် နေ့ကို စမတ်ဖုန်း အသုံး မပြုရေး သီတင်းပတ် အဖြစ် ကမ္ဘာ့အထိမ်းအမှတ် နေ့ လုပ်ခဲ့တာက ၂၀၀၁ ခုနှစ် ကတည်း ကပါ ။ နီမိုဖိုဘီးယားလို့ ခေါ်တဲ့ စမတ်ဖုန်းမရှိမှာကို ကြောက်တဲ့ ရောဂါက တစ်ကမ္ဘာလုံးကို ပြန့်ပွား နေပါပြီ ။ အဲ့ဒါကြောင့် ပြင်သစ် စာရေး ဆရာ ဖီလ်မာဆိုက ဒစ်ဂျစ်တယ် အဆိပ်သင့်မှု ပြေလျော့ဖို့ အတွက် တစ်ကမ္ဘာလုံး ဆိုင်ရာ မိုဘိုင်းဖုန်း အသုံးမပြုရေးနေ့ အဖြစ် သက်မှတ်နိုင်ရေး အတွက် လှုံ့ဆော်ရေးသား ဖြန့်ဝေခဲ့ပါတယ် ။
မိုဘိုင်းဖုန်း အသုံးမပြုရေးအတွက် လှုံ့ဆော်ခဲ့ပေမဲ့ တကယ်တော့ မိုဘိုင်းဖုန်းတွေက ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အတွက် လူတွေက ဆင်ခြေတွေ အမျိုး မျိုးပေးပြီး တစ်ရက်မှ မနားပဲ ကိုင်ဆဲ သုံးဆဲပါ ။ ဒါအူဒါ ဆိုတဲ့သူက လိုင်ယွန်း မြို့မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းနေသူတစ်ဦးပါ ။ သူအတွက်ကတော့ နေ့စဉ် လိုင်ယွန်းမြိုကထဲမှာ အလုပ်ရှာဖို့ စာရွက်စာတမ်း ကိစ္စအတွက် သွားလာဖို့ က မိုဘိုင်းဖုန်းမှ မရှိရင် သူ့ရဲ့ဘဝက သေဆုံးသွားတာနဲ့ မထူးပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒစ်ဂျစ်တယ် ကိရိယာ တွေက သူတို့လို စစ်ဘေးရှောင်တွေ အတွက် အသက်ပါပဲ ။
မိုဘိုင်ဖုန်းကို မသုံးရမနေနိုင်တဲ့ ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါသည်တွေက အလွယ်တကူ စိတ်အနှောက်အယှက် ဖြစ်တတ်ခြင်း နလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်း မြင့်တက်လာခြင်း အသက်ရှုချိန်တိုလာခြင်း မူးဝေတတ်ခြင်း ခြေတုန်လက်တုန်ဖြစ်ခြင်း အိပ်ရေးမဝသလို ဖြစ်နေခြင်း စိတ်ကျရောဂါဖြစ်ခြင်း မသက်မသာခံစားနေရခြင်း ကြောက်တတ်လာခြင်းနဲ့ ထင်ယောင်ထင်မှားဖြစ်လာခြင်းတွေကို ခံစားရ လာပါတယ်။ ၂၀၁၈ခုနှစ်က ဗီယင်နာမှာ ပြုလုပ်တဲ့ စစ်ဘေးဒုက္ခသည် စစ်တမ်းမှာ စစ်ဘေးရှောင် ၉၀ % က ဖုန်းစွဲရောဂါဖြစ်နေ ပါတယ် ။
သူတို့တွေ အဓိကသုံးနေတာက ဖေ့စ်ဘုတ် whats App ဂူဂဲလ်မြေပုံ နဲ့ ဂူဂဲလ်ဘာသာပြန် တွေပါပဲ ။ မိုဘိုင်ဖုန်းစွဲရောဂါက လူကြီး လူလတ် လူငယ်မရွေးဖြစ်နေတာပါ ။ မိုဘိုင်းဖုန်းက ဘဝကိုအထောက်အကူ ဖြစ်စေတာ အမှန်ဖြစ်ပေမဲ့ ဘဝအတွက် ဖြေရှင်း ချက်တစ်ခု မဟုတ်ပါဘူး ။ နီမိုဖိုဘီးယားဖြစ်နေပြီဆိုရင် လူ့ အဖွဲ့အစည်းကို အနှောက်အယှက်ဖြစ် လာနိုင်တဲ့အတွက် ကုသဖို့နည်း လမ်းက မိုဘိုင်းဖုန်းကို ရက်အကန့်အသက် ထားပြီး မသုံးဖို့ဘဲ ရှိပါတော့တယ် ။
မောင်ယဿ REF:euronews photo;AFP
No Comments