နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
- By : Kaung Khant
- Category : Uncategorized

နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
မောင်ယဿ ( စက်တင်ဘာ ၈ )
ဆွီဒင်နိုင်ငံ ဟယ်ဆင်ဘော့ဂ် ဆေးရုံက ပညာရှင်တွေ စုပြီးလုပ်တဲ့ သုတေသနအရ ဗိတ်ပင် ( ဆေးပြောင်း ရှုးခြင်း ) လုပ်တဲ့ သူတွေမှာ သွေးခဲ တဲ့ ဖြစ်စဉ် ဖြစ်တတ်ပြီး ဆံချည်မျှင်သွေးလွှတ်ကြောတွေ ပျက်စီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒါအပြင် နလုံးခုန်နှုန်မြန်တာတွေ သွေးတိုးတာတွေ လည်းဖြစ်တယ်လို့ ဆိုပါတယ်။
နီကိုတင်း ပါတဲ့ အီးစီးကရက်ရှုခြင်း က သာမန် ရိုးရာစီးကရက်သောက်တာနဲ့ မထူးပါဘူး။ ဆိုးကျိုး သက်ရောက်မှုက အတူတူပါပဲ။ ဗိတ်ပင်ကို နှစ်ရှည်လများရှုရင် နလုံးရောဂါနဲ့ လေဖြတ်တာဖြစ်တာပါပဲလို့ ဆိုပါတယ်။
သုတေသီတွေ က “ ရိုးရိုး စီးကရက်ကို ဖြတ်ချင်လို့ပဲဖြစ်ဖြစ် ၊ ခေတ်ပေါ်ပစ္စည်းမို့လို့ စတိုင်ကျချင်လို့ပဲ ဖြစ်ဖြစ် ဗိတ်ပင်လုပ်တဲ့နေရာမှာ နီကိုတင်ကို ထည့်ပြီး ရှုရင် ဘာမှမထူးပါဘူး ။
ဆေးလိပ်သမားတွေကတော့ နီကိုတင်း ပါဝင်မှု နည်းရင်ပေါ့တယ်လို့ ပြောကြပါတယ်။ ဆေးလိပ်ရဲ့ အရသားအပြည့်ခံစားချင်လို့ နီကိုတင်းကိုပြန်လညထည့်ရော ရိုးရိုးဆေးလိပ်ဆိုးကျိုးအတိုင်း ခံစားရတာပါပဲ” လို့ ဆိုပါတယ်။
သူတို့က သူတို့ရဲ့ တွေ့ရှိမှုကို ဒီအပတ်ထဲမှာ ကျင်းပမယ့် ဥရောပတိုက်ဆိုင်ရာ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ပညာရှင်များ အစည်းအဝေးမှာ တင်ပြမှာပါ။
“ သွေးခဲ တဲ့ ပြဿနာက တော်တော်ဆိုးတဲ့ ပြဿနာပါ။ အဲ့ဒိသွေးခဲငယ်လေးတွေက သွေးကြော ငယ်လေးတွေထဲကို ရောက်သွားရင် သွေးကြောပိတ်တာကို ဖြစ်စေတော့တာပါပဲ။
ခန္တာကိုယ်ရဲ့ နေရာအနှံ့မှာ ဖြစ်တတ်တာမို့လို့ ဦးနှောက်ထဲမှာ သွေးခဲရင် မလိုအပ်တဲ့ ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်’ လို့ ဆိုပါတယ်၊
သူတို့ က ဆေးရုံ ကိုလာပြနေတဲ့ လူနာတွေကို ဆေးမှတ်တမ်းလုပ်ရင်း သုတေသနလုပ်ခဲ့တာပါ။ သူတို့ဆီက သွေးနမူနာတွေကို အကြိမ်ကြိမ်စစ်ဆေးခဲ့ပါတယ်။
ဗိတ်ပင်လုပ်တဲ့ အချိန်ကာလ အတိုအရှည်အတိုင်း မှတ်ချက်ယူထားရင်က တွေ့ရှိလာရတဲ့ ရလဒ်ပဲဖြစ်ပါတယ်။
REF: UPI,Photo:Credit UPI
Zawgyi
နီကိုတင္ပါတဲ့ ေဆးေျပာင္း ရႈျခင္း ( vaping ) ကေသြးခဲၿပီး ေသြးေၾကာေလးေတြ ပ်က္စီးတယ္လို႔ ဆို
ေမာင္ယႆ ( စက္တင္ဘာ ၈ )
ဆြီဒင္ႏိုင္ငံ ဟယ္ဆင္ေဘာ့ဂ္ ေဆး႐ုံက ပညာရွင္ေတြ စုၿပီးလုပ္တဲ့ သုေတသနအရ ဗိတ္ပင္ ( ေဆးေျပာင္း ရႈးျခင္း ) လုပ္တဲ့ သူေတြမွာ ေသြးခဲ တဲ့ ျဖစ္စဥ္ ျဖစ္တတ္ၿပီး ဆံခ်ည္မွ်င္ေသြးလႊတ္ေၾကာေတြ ပ်က္စီးတယ္လို႔ ဆိုလာပါတယ္။ အဲ့ဒါအျပင္ နလုံးခုန္ႏႈန္ျမန္တာေတြ ေသြးတိုးတာေတြ လည္းျဖစ္တယ္လို႔ ဆိုပါတယ္။
နီကိုတင္း ပါတဲ့ အီးစီးကရက္ရႈျခင္း က သာမန္ ႐ိုးရာစီးကရက္ေသာက္တာနဲ႔ မထူးပါဘူး။ ဆိုးက်ိဳး သက္ေရာက္မႈက အတူတူပါပဲ။ ဗိတ္ပင္ကို ႏွစ္ရွည္လမ်ားရႈရင္ နလုံးေရာဂါနဲ႔ ေလျဖတ္တာျဖစ္တာပါပဲလို႔ ဆိုပါတယ္။
သုေတသီေတြ က “ ႐ိုး႐ိုး စီးကရက္ကို ျဖတ္ခ်င္လို႔ပဲျဖစ္ျဖစ္ ၊ ေခတ္ေပၚပစၥည္းမို႔လို႔ စတိုင္က်ခ်င္လို႔ပဲ ျဖစ္ျဖစ္ ဗိတ္ပင္လုပ္တဲ့ေနရာမွာ နီကိုတင္ကို ထည့္ၿပီး ရႈရင္ ဘာမွမထူးပါဘူး ။
ေဆးလိပ္သမားေတြကေတာ့ နီကိုတင္း ပါဝင္မႈ နည္းရင္ေပါ့တယ္လို႔ ေျပာၾကပါတယ္။ ေဆးလိပ္ရဲ႕ အရသားအျပည့္ခံစားခ်င္လို႔ နီကိုတင္းကိုျပန္လညထည့္ေရာ ႐ိုး႐ိုးေဆးလိပ္ဆိုးက်ိဳးအတိုင္း ခံစားရတာပါပဲ” လို႔ ဆိုပါတယ္။
သူတို႔က သူတို႔ရဲ႕ ေတြ႕ရွိမႈကို ဒီအပတ္ထဲမွာ က်င္းပမယ့္ ဥေရာပတိုက္ဆိုင္ရာ အသက္ရႈ လမ္းေၾကာင္း ဆိုင္ရာ ပညာရွင္မ်ား အစည္းအေဝးမွာ တင္ျပမွာပါ။
“ ေသြးခဲ တဲ့ ျပႆနာက ေတာ္ေတာ္ဆိုးတဲ့ ျပႆနာပါ။ အဲ့ဒိေသြးခဲငယ္ေလးေတြက ေသြးေၾကာ ငယ္ေလးေတြထဲကို ေရာက္သြားရင္ ေသြးေၾကာပိတ္တာကို ျဖစ္ေစေတာ့တာပါပဲ။
ခႏၲာကိုယ္ရဲ႕ ေနရာအႏွံ႔မွာ ျဖစ္တတ္တာမို႔လို႔ ဦးေႏွာက္ထဲမွာ ေသြးခဲရင္ မလိုအပ္တဲ့ ဆိုးက်ိဳးေတြ အမ်ားႀကီးျဖစ္လာႏိုင္ပါတယ္’ လို႔ ဆိုပါတယ္၊
သူတို႔ က ေဆး႐ုံ ကိုလာျပေနတဲ့ လူနာေတြကို ေဆးမွတ္တမ္းလုပ္ရင္း သုေတသနလုပ္ခဲ့တာပါ။ သူတို႔ဆီက ေသြးနမူနာေတြကို အႀကိမ္ႀကိမ္စစ္ေဆးခဲ့ပါတယ္။
ဗိတ္ပင္လုပ္တဲ့ အခ်ိန္ကာလ အတိုအရွည္အတိုင္း မွတ္ခ်က္ယူထားရင္က ေတြ႕ရွိလာရတဲ့ ရလဒ္ပဲျဖစ္ပါတယ္။
REF: UPI
Photo: UPI
No Comments